Monday, July 29, 2013
မြန်မာနိုင်ငံ၏ လူနေအထူထပ်ဆုံး မြို့တစ်မြို့ဖြစ်သည့် ဟင်္သာတမြို့တွင်
လမ်းပေါ်၌ စည်းကမ်းမဲ့ ရပ်နားမှုများကြောင့် လမ်းပိတ်ဆို့မှု ဖြစ်စေ သည့်
မော်တော်ယာဉ်များကို ရွေ့လျားစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စိစစ်အရေးယူမည်
ဖြစ်ကြောင်း မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ ယာယီတာဝန်ခံ ရဲတပ်ကြပ်ကြီး
မျိုးမြင့်အောင်က ပြောကြားသည်။
မြို့တွင်းလမ်းများ
ပိတ်ဆို့ပျက်စီးမှုနှင့် ပတ်သက်၍ တိုင်ကြားသည့်အတွက် အပတ်စဉ်
ဗုဒ္ဓဟူးနေ့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စိစစ်ရန်အ တွက်
ရွေ့လျားစစ်ဆေးရေး အဖွဲ့ကို ဇူလိုင်လ ၂၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး
လမ်းပိတ်ဆို့မှု အဓိက ဖြစ်စေသည့် ကုန်တင် မော်တော်ယာဉ်များနှင့်
အခြားမော်တော်ယာဉ်များကို ဒဏ်ငွေရိုက်၍ အရေးယူမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
လမ်းမများပေါ်တွင် သုံးဘီးဆိုင်ကယ်များ၊ ကုမ္ပဏီမော်တော်ယာဉ်များနှင့်
ကုန်တင်ကုန်ချ မော်တော်ယာဉ်များ စည်းကမ်းမဲ့ ရပ်နားထားပြီး ကုန်တင်ကုန် ချ
ပြုလုပ်နေခြင်းကြောင့် လမ်းပိတ်ဆို့ခြင်းဖြစ်ပြီး လမ်းများလည်း
ပျက်စီးကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
မြို့ပေါ်ရှိ
ကားဂိတ်ပေါင်း ၂၀ ကျော်၌ ခရီးသည်တင် မှန်လုံယာဉ်နှင့် သုံးဘီးဆိုင်ကယ်
အစီးရေ ၂၀၀ ကျော်ရှိပြီး ကုန်တင်မော်တော်ယာဉ်ကြီး သီးသန့်အစီးရေ ၂၀၀
ကျော်ရှိရာ လမ်းပိတ်ဆို့မှု မရှိစေရန်အတွက် မော်တော် ယာဉ်လိုင်းများကို
စနစ်တကျ ရပ်နားပြေးဆွဲရန် သတိပေးထားကြောင်း ဟင်္သာတမြို့နယ် မော်တော်ယာဉ်
လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး
ဦးသင်းကြိုင်က ပြောဆိုသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment