Friday, Augest 02, 2013
သြစတြေးလျနိုင်ငံတွင် နောက်ဆုံး တပ်ဆင်ထားသည့် ဆူပါ ကွန်ပျူတာသစ် သည်
မိုးလေဝသနှင့် ရာသီဥတု သိပ္ပံပညာရှင်များအတွက် လေ့လာမှုကို များစွာ
အထောက်အကူပြုနိုင်ပြီး မိုးလေဝသနှင့် ပတ်သက်သည့် ဒေတာ များကိုလည်း ပံ့ပိုးပေးနိုင်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ကင်ဘာရာရှိ၊ သြစတြေးလျ အမျိုးသား တက္ကသိုလ်တွင် တပ်ဆင်ထားသည့် ယင်း
ကွန်ပျူတာကြီးကို ရိုင်ဂျင်းဟု အမည်ပေးထားပြီး ဂျပန် အမည်ဖြစ်ကာ မိုးကြိုး၊
လျှပ်စီး၊ မုန်တိုင်းနတ်ဘုရား ကိုယ်စားပြု အမည်လည်း ဖြစ်သည်။
မိုးလေဝသနှင့် ရာသီဥတုကို လေ့လာ ခန့်မှန်းနေကြရသည့် ပညာရှင် များသည်
မြန်နှုန်းမြင့် ကွန်ပျူတာများကို လိုအပ်ကြောင်း၊ ယခုအခါ ပညာရှင်များ
အနေဖြင့် လိုသမျှ ဒေတာများကို ရရှိနိုင်ရုံမက လုံခြုံ စိတ်ချရမှု ရှိကြောင်း
မိုးလေဝသပညာရှင် ရော့ဘ်ဗာတက်ဆီက ပြောကြားသည်။
ယခု တပ်ဆင်
ပြီးစီးခဲ့သည့် ရိုင်ဂျင်း ကွန်ပျူတာကြီးသည် ယခင် သြစတြေးလျနိုင်ငံတွင်
တပ်ဆင်ထား ပြီးခဲ့သော ကွန်ပျူတာများထက် ပိုပြီး မြန်ဆန်ကြောင်းလည်း ANU
ဒါရိုက်တာ လင်းဆေးဘေ့တန်က ပြော ကြားသည်။
မိုးလေဝသနှင့် ရာသီဥတုကို
ကြိုတင် ခန့်မှန်းရန်အတွက် သန်းပေါင်းများ စွာသော Code လိုင်းများ
လိုအပ်ပြီး၊ ထည့်သွင်းထားသည့် အချက်အလက် များကိုလည်း ချက်ချင်း တွက်ချက်
တုံ့ပြန်မှုပေးနိုင်မှသာ ထိရောက်မှု ရှိမည် ဖြစ်သည်။ ထိုသို့
လုပ်ဆောင်နိုင်ရေးအတွက် အိမ်သုံး သာမန် ကွန်ပျူတာများနှင့် လုပ်ဆောင်ရန်
မလွယ်ကူကြောင်း ရာသီဥတု သိပ္ပံဌာနက အင်ဒီပစ်မင်းက ဆိုသည်။
ယင်းဆူပါ
ကွန်ပျူတာကြီးသည် ကမ္ဘာ့ ၂၇ လုံးမြောက် ဆူပါ ကွန်ပျူတာ ကြီး ဖြစ်ပြီး၊
အလေးချိန် တန် ၇၀ လေးကာ Processing Core ပေါင်း ၅၇,၀၀၀ ထည့်သွင်းထားသည်။
Laptop ကွန်ပျူတာအလုံး ၁၅,၀၀၀ က လုပ်ဆောင်ပေးနိုင်သည့် စွမ်းရည်နှင့်
ညီမျှသည်။ Memory အားဖြင့် 160 Terabytes ရှိကာ ယင်းသည် Laptop ပေါင်း
၃၀,၀၀၀ တွင် ထည့်သွင်း ထားသည့် Memory နှင့် ညီမျှသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment