Wednesday, July 31, 2013
ဥရောပသမဂ္ဂအဖွဲ့ နိုင်ငံခြားရေးရာတာဝန်ခံ Catherine Ashton နဲ့
ရာထူးကနေဖယ်ရှားခံရပြီး စစ်တပ်အထိန်းသိမ်းခံထားရတဲ့ အီဂျစ်သမ္မတ Mohammad
Morsi တို့ လျှို့ဝှက်တဲ့နေရာတခုမှာ နှစ်နာရီကြာတွေ့ဆုံ ဆွေးနွေး ခဲ့ကြတယ်လို့သိရပါတယ်။
အခုတွေ့ဆုံမှုဟာ ရာထူးကနေဖယ်ရှားခံရတဲ့ အီဂျစ်သမ္မတ Mohammad Morsi အတွက်
နိုင်ငံခြားသားနဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံတဲ့ တွေ့ဆုံမှုဖြစ်ပါတယ်။
Mohammad Morsi ဟာ သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေကနေတဆင့်
သတင်းအချက်အလက်တွေ ရယူနိုင်ခွင့်ရှိပြီးတော့ ရှေ့ဆက် ဘယ်လိုသွားရမလဲဆိုတဲ့
ကြောင်းအရာတွေကိုပဲ ပြောခဲ့တယ်လို့ Catherine Ashton ကဆိုပါတယ်။
ဒါပေမယ့် Catherine Ashton က Mohammad Morsi ဘာတွေပြောလဲဆိုတာကို
သူ့ကိုယ်စား ပြန်မပြောချင်တဲ့အကြောင်း၊ အကြောင်းအရင်းကတော့ သူမက
သူ့ကိုယ်စားပြောလို့ အမားတွေပါခဲ့ရင် Mohammed Morsi အနေနဲ့
ပြန်လည်ပြင်ဆင်ခွင့် မရတဲ့ အခြေအနေမှာ ရှိနေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့
ဆိုပါတယ်။ ပြီးတော့ နှစ်ဖက်စလုံးမှာ တွေ့ဆုံစကားပြောဖို့ အတွက်
တိုက်တွန်းတဲ့အနေနဲ့ Catherine Ashton က အီဂျစ် ဒုသမ္မတ Mohammad El-Baradai
နဲ့လည်းတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ Muslim
Brotherhood အဖွဲ့နဲ့ Mohammad Morsi ကိုထောက်ခံတဲ့သူတွေနဲ့
လည်းတွေ့ဆုံခဲ့တယ်လို့ သိရတဲ့အကြောင်း အေဘီစီ သတင်းထောက် Philip Williams က
Cairo မြို့က နေသတင်းပေးပို့ထားတာဖြစ်ပါတယ်။
ABC Radio Australia
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment