Saturday, Augest 03, 2013
ယခုလာမည့် သြဂုတ် (၄) ရက်နေ့  ညနေ (၆း၀၀)နာရီ အချိန်တွင် နေပြည်တော် အသင်း နှင့် ရန်ကုန်ယူနိုက်တက်
အသင်းတို့ သည် မြန်မာနေရှင်နယ်လိဂ် ၏ ပွဲစဉ်(၂၂) ဗိုလ်လုပွဲ စဉ် အား
နေပြည်တော် ၀ဏ္ဏသိဒ္ဓိကွင်း တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း Myanmar News
International မှ သတင်းရရှိသည်။
ထိုပွဲစဉ် အား ပြုလုပ်ကျင်းပမည့် နေပြည်တော် ၀ဏ္ဏသိဒ္ဓိကွင်း သည် 2013အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ အတွက် ပြုလုပ်ထာသောကွင်း
ဖြစ်ပြီး မြန်မာနေရှယ်လိဂ် ပွဲစဉ်များအားကျင့်ပလေ့ မရှိသောကွင်းဖြစ်သည်။
ယခုအခါ တွင် မြန်မာနေရှင်နယ်လိဂ် ၏ အောင်မြင်ဆုံးအသင်းဖြစ်သော ရန်ကုန်ယူနိုက်တက်အသင်း နှင့် နေပြည်တော်အသင်း တို့ ၏ ပွဲ စဉ်အား
ထိုကွင်းတွင်ယှဉ်ပြိုင်ကစားမည်ဖြစ်သောကြောင့် မြန်မာနေရှင်နယ်လိဂ်
ပွဲစဉ်တစ်လျှောက် သမိုင်းပွဲတစ်ပွဲဖြစ်လာကြောင်းသိရရှိသည်။ မြန်မာ့ဘောလုံးအားကစားအား ၂၀၀၉ခုနှစ်တွင် ပရော်ဖက်ရှင်နယ်အဖြစ်
စတင်ပြောင်းလဲ ခဲ့ပြီး ၂၀၀၉ ခုနှစ် နှင့် ၂၀၁၀ခုနှစ် တို့ တွင် ရတနာပုံအသင်း
မှ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံအဖြစ် ၂နှစ်ဆက်တိုက်ရရှိခဲ့သည်။
၂၀၁၁ခုနှစ် ၊ ၂၀၁၂ ခုနှစ် နှင့် ယခု ၂၀၁၃ ခုနှစ် တွင် ရန်ကုန်ယူနိုက်
တက်အသင်းမှ မြန်မာနေရှင်နယ်လိဂ် ၏ ၃နှစ်ဆက်တိုက်ချန်ပီ ယံဖြစ် ခဲ့ပြီး
မြန်မာနေရှင်နယ်လိဂ်ပွဲ တစ်လျှောက်အအောင်မြင်ဆုံး
အသင်းတစ်သင်းအဖြစ်
စံချိန်တင်နိုင်ခဲ့သည်။ နေပြည်တော်အသင်း နှင့် ယှဉ်ပြိုင်ကစားမည့် ပွဲ စဉ်
အပြီးတွင် ၂၀၁၃ ခုနှစ် မြန်မာနေရှင်နယ်လိဂ်
ချန်ပီယံ အသင်းဖြစ်သော ရန်ကုန်ယူနိုက်အသင်းအား ချန်ပီယံဆုဖလားအား
ပေးအပ်မည်ဖြစ်ကြောင်းသိရှိရသည်။
ထိုပွဲသို့  လိုက်ပါအားပေးမည့်ရန်ကုန်ယူနိုက်တက်အသင်း ပရိတ်သတ် များအား
ဇူလိုင်လ (၃၁) ရက်နေ့ တွင် ရန်ကုန်မြို့ လှိုင်မြို့ နယ်ရှိ
ရန်ကုန်ယူနိုက်အသင်း ပိုင်Yangon United Sports Complex သို့ 
လာရောက်စာရင်းပေးသွင်းရန်ရန်ကုန်ယူနိုက်အသင်းမှ သတင်း ထုတ်ပြန်ခဲ့သည်။
ထိုပွဲသို့ ရန်ကုန်ယူနိုက်တက်အသင်း ပရိတ်သတ် အယောက် (၅၀၀) ကိုသာလက်ခံခဲ့ပြီး စာရင်းစဖွင့်ပြီးချိန် မိနစ် (၃၀) အတွင်း အယောက်(၅၀၀)
ပြည့်သွားခဲ့သည်။ ထိုပွဲသို့ သွားရောက်ကြည့်ရန် သြဂုတ်လ (၄) ရက်နေ့ 
နံနတ် (၉း၀၀)နာရီတွင် Yangon United Sports Complex မှ စတင်ထွက် ခွာ
မည်ဖြစ်ပြီး နေပြည်တော် သို့ အရောက်လျှင် ဥပါသန္တိ စေတီတော် အား
ဝင်ရောက်ဖူးမျှော်မည်ဖြစ်ပြီး ထိုမှ တစ်ဆင့်ဘောလုံးပွဲယှဉ်ပြိုင်ကစား မည့်
ဝဏ္ဏသိဒ္ဓိကွင်း သို့  သွားရောက် ၍ နေပြည်တော်အသင်း နှင့် ရန်ကုန်ယူနိုက်
အသင်းတို့  ၏ ပွဲ စဉ်အားသွားရောက်အားပေးပြီး ဆုပေးပွဲအပြီးတွင် ရန် ကုန်
သို့  ပြန်လည်ထွက်ခွဲလာမည်ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်အင်း ၏
သတင်းထုတ်ပြန်ချက်များအရသတင်းရရှိသည်။
ထိုပွဲစဉ် ၏
ထူးခြားချက်မှာ အခြား မြန်မာနေရှယ်နယ်လိဂ် ပွဲစဉ် များ
ယှဉ်ပြိုင်ကစားခဲ့စဉ် က မန္တလေး ၊ တောင်ကြီး ၊ မုံရွာ တို့  တွင် ယှဉ်ပြိုင်
ကစားမည့် ပွဲစဉ် များသို့ လိုက်ပါအားပေးမည့် ပရိတ်သတ်များ အား
လိုက်ပါအားပေးမည် ဆိုပါက အခကြေးငွေးများကောက်ခံခဲ့ပြီး ယခုပွဲစဉ် သို့ 
လိုက်ပါကြည့်ရှုအားပေးကြမည့် ရန်ကုန်ယူနိုက်အသင်းပရိတ်သတ်များအား
အခကြေးငွေ မယူပဲ အခမဲ့ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
ထိုပွဲ အား Channel7 TV Channel မှ ညနေ (၆း၀၀) မှ စတင်ပြီးတိုက်
ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း Myanmar News International မှ
သတင်းရရှိသည်။
ဓာတ်ပုံ-YUFC
Myanmar News International
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment