Tuesday, July 23, 2013
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၂၃၊၇၊၂၀၁၃)ရက်နေ့တွင် KIA ဆက်ဆံရေးရုံးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန်
ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ကျေးရွာ ရပ်မိရပ်ဖများအား
ဖိတ်ကြားထားရာ ယင်းရုံးဖွင့်ပွဲသို့ တက်ရောက်ရန် သင့်မသင့်နှင့် ပက်သက်၍
(၂၁၊၇၊၂၀၁၃) ရက်နေ့က မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်
ရှမ်းမျိုးနွယ်စုများဓမ္မာရုံတွင် ကချင်ပြည်နယ်၊ ရှမ်းမျိုးနွယ်စုများ
ရေးရာကော်မတီမှ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး သဘောထား ကြေငြာချက်
ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။အစည်းအဝေး ဆုံးဖြတ်ချက်အရ
(၂၃၊၇၊၂၀၁၃)ရက်နေ့တွင် ဖွင့်လှစ်မည့် KIA ဆက်ဆံရေးရုံး
ဖွင့်ပွဲသို့ရှမ်းတိုင်းရင်းသားများ တက်ရောက်ရန်မ လိုကြောင်းနှင့်
ရုံးဖွင့်ပွဲသို့ တက်ရောက်ပါက မလိုလားအပ်သော ဆိုးကျိုးများ
ဖြစ်လာနိုင်ဖွယ်ရာ ရှိတယ်လို့ ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးစန်းဝေက
ပြောပြပါတယ်။
ဆက်လက်ပြီး ဦးစန်းဝေက - ဒီဆက်ဆံရေးရုံးဖွင့်ပွဲသည်
KIO ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လူမျိုးများ၊
ကချင်လူမှုရေးအဖွဲ့အစည်းများဖြင့်သာ ဆွေးနွေးတိုင်ပင်၍ ဖွင့်လှစ်သော
ရုံးဖွဲ့ပွဲဖြစ်သည်။
ရှမ်းတိုင်းရင်းသားများ၏ လူမှုအဖွဲ့အစည်း
တစ်ခုမျှမပါဝင်သဖြင့် ရှမ်းအမျိုးသားရေးအတွက် အထောက်အကူပြု
အကျိုးစီးပွားမပြုနိုင်ပါဘူး။ KIOတို့၏ Technical advisory team
ရုံးဖွင့်ပွဲသည် KIO အဖွဲ့နှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့၏
ကြားတွင် ဆောင်ရွက်ပေးမည့် KIA တို့၏ ကြားခံအဖွဲ့အစည်းရုံး ဖြစ်သောကြောင့်
အဖိနှိပ်ခံ ဒေသရှမ်းလူမျိုးတို့၏ အကျိုးစီးပွားအတွက် မပါဘဲ လက်နက်ကိုင်
နှစ်ဖွဲ့တို့၏ အခြေအနေကို စောင့်ကြည့်ခြင်း ရုံးမျှသာဖြစ်ပါတယ်။
ကျွန်တော်တို့ ရှမ်းမြို့၊ ရှမ်းရွာများကို KIO အဖွဲ့၏ Technical advisory
team ရုံးဖွင့်ပွဲ ဖိတ်စာကို မြောက်မြားစွာ (ပေါများစွာ)
ကြော်ငြာဖြန့်ဝေသကဲ့သို့ ဖိတ်ကြားခြင်းသည် ဒေသခံ ရှမ်းတိုင်းရင်းသားများ
ပါဝင်သဘောတူကြကြောင်း အသွင်သဏ္ဍာန် ပုံဖေါ်လျက် နိုင်ငံတကာနှင့်
ကမ္ဘာသတင်းဌာနသို့ သိစေရန် ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟုလည်း ယူဆရပါတယ်။
KIO အဖွဲ့၏ Technical advisory team ရုံးဖွင့်ပွဲသည် KIO အဖွဲ့နှင့်
ကချင်လူမျိုးများအတွက်သာ အသုံးပြုမည့် အဆိုပါ ရုံးဖွင့်ပွဲသို့
ရှမ်းတိုင်းရင်းသားများ လိုလိုလားလား တက်ရောက်ကြဟူသော သတင်းကို မီဒီယာဖြင့်
ဖေါ်ပြအသုံးချသွားမည်ဟု သုံးသပ်တယ်။
အဲဒါကြောင့် ယခုအစည်းအဝေးသည်
ဒေသခံ ရှမ်းတိုင်းရင်းသား လယ်ယာလုပ်ငန်းခွင်လုပ်ကိုင်သော အချိန်ဖြစ်၍ KIO
တို့၏ ရုံးဖွင့်ပွဲသို့ တက်ရောက်ရန် မဖြစ်နိုင်ကြောင်းနှင့် တက်ရောက်သော
အချို့သော ပုဂ္ဂိုလ်များသည် မိမိတို့ စီးပွားရေး လုပ်ငန်းသဘောအရ KIO/KIA
တို့နှင့် စပ်ဆက်နေခြင်း၊ လူမှုရေးအရ ဆက်နွယ်နေခြင်းတို့ကြောင့်သာ
တက်ရောက်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါလိမ့်မယ်လို့ ပြောပြသွားပါသည်။
ရှမ်းမျိုးနွယ်စုရေးရာကော်မတီ၏ သဘောထား ထုတ်ပြန်ချက်
==================================
KIO အဖွဲ့၏ ရုံးဖွင့်ပွဲသို့ တက်ရောက်ခြင်းမပြုရန်။
၁။ KIO အဖွဲ့၏ ရုံးဖွင့်ပွဲအခမ်းအနားကို (၂၃၊၇၊၂၀၂၃) ရက်၊ နံနက်
(၁၀း၀၀)နာရီအချိန် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် အမှတ်(NR/114) တွင်
ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းနှင့် ယင်းအခမ်းအနားသို့
တက်ရောက်ချီးမြင့်ပေးရန် KIO ကိုယ်စားလှယ်အဖွဲ့က ရှမ်းစာပေနှင့်
ယဉ်ကျေးမှုအဖွဲ့များ၊ ကျေးရွာ ရပ်မိရပ်ဖများအား ဖိတ်ကြားစာ
ပေးပို့ခဲ့ခြင်းနှင့် ပက်သက်၍ ယင်းအခမ်းအနားသို့ ရှမ်းလူမျိုးစုများ အနေနဲ့
တက်ရောက်ရန် မသင့်ပါကြောင်း ရှမ်းမျိုးနွယ်စု ရေးရာကော်မတီ၏ သဘောထားကို
ထုတ်ပြန်လိုက်သည်။
၂။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး
လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့နှင့် KIO မှ ဦးဆောင်ဆွေးနွေးရေး
ကိုယ်စားလှယ်အဖွဲ့တို့သည် (၂၀၁၃)ခုနှစ်၊ မေလ(၂၈)ရက်မှ (၃၀) ရက်နေ့အထိ
မြစ်ကြီးနားမြို့ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမတွင် တွေ့ဆုံဆွေးနွေးပြီး
အချက်(၇)ချက်ပါ နှစ်ဦးနှစ်ဘက် သဘောတူညီချက် စာချုပ် ချုပ်ဆို
လက်မှတ်ရေးထိုးခဲ့ပါသည်။ ယင်းစာချုပ်ပါ အချက်များအရ ယနေ့ KIO/KIA အဖွဲ့သည်
ငြိမ်းချမ်းရေး ရယူပြီး၊ အပစ်အခတ်ရယူပြီး ဥပဒေဘောင်အတွင်းရှိ
အဖွဲ့အစည်းမဟုတ်သေးကြောင်း သုံးသပ်ရပါသည်။
၃။
ယင်းရုံးဖွင့်ပွဲအတွက် ဒေသခံ ရှမ်းအမျိုးသားများကို အသိအမှတ်ပြု အလေးထားမည်
ဆိုပါက ကြိုတင်ဖိတ်ကြား ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်းနှင့်
ယင်းရုံးဖွင့်ပွဲကို ရှမ်းများတက်ရောက်၇န် ဖိတ်ကြားခြင်းသည် ကချင်နှင့်
ရှမ်းတို့ တစုတစည်းတည်းသာ ရှိကြောင်း သတင်းမီဒီယာမှ တဆင့် ကမ္ဘာနှင့်
မြန်မာကို နိုင်ငံရေးခုတုံးလုပ် အသုံးချ သတင်းထုတ်လွင့်ပြီး နိုင်ငံရေး
အမြတ်ထုတ်ရန်သာ ဖြစ်ကြောင်း သုံးသပ်ရပါသည်။
၎။ ယင်းရုံးဖွင့်ပွဲ
ဆောင်ရွက်မှုသည် ကချင်လူမျိုးရေးအတွက်သာ ဖြစ်ပြီး ရှမ်းလူမျိုးများ၏
အကျိုးစီးပွားအတွက် မဖြစ်နိုင်ပါ။ ရှမ်းလူမျိုးများအနေနဲ့
ကချင်လူမျိုးများ၏ အသုံးချခံ အဖြည့်ခံဘ၀ မဖြစ်စေသင့်ပါ။
၅။ KIO
အဖွဲ့၏ ရုံးဖွင့်ပွဲသည် KIO နှင့် ကချင်လူမျိုးများအတွက်သာ
အသုံးပြုမည်ဖြစ်၍ ယင်းရုံးဖွင့်ပွဲအခမ်းအနားသို့ ရှမ်းတိုင်းရင်းသားများ
လိုလိုလားလား တက်ရောက်ရန် မလိုအပ်ပါကြောင်း ၊ တက်ရောက်ပါက ရှမ်းများ
လိုလားစွာ တက်ရောက်အားပေးသည် ဟူသော သတင်းကို မီဒီယာဖြင့်
ဖေါ်ပြအသုံးပြုသွားမည်ဟု သုံးသပ်ရပါသည်။
၆။ ယခုအချိန်သည်
ဒေသခံရှမ်းများ၏ လယ်ယာလုပ်ငန်းခွင်အချိန်ဖြစ်၍ လယ်ယာလုပ်ငန်းခွင် အပျက်ခံ၍
တက်ရောက်ရန် မသင့်ပါ။ တက်ရောက်လာကြသော အချို့သော ပုဂ္ဂိုလ်များသည် မိမိတို့၏
စီးပွားရေး လုပ်ငန်းအရလည်းကောင်း၊ လူမှုရေးဆက်နွယ်မှုကြောင့်လည်းကောင်း
တက်ရောက်ခြင်းသာ ဖြစ်သည်ဟု ယူဆသုံးသပ်ပါသည်။
၇။ ရှမ်းမြို့
ရှမ်းရွာများသို့ ရုံးဖွင့်ပွဲတက်ရောက်ရန် ဖိတ်ကြားစာ မြောက်များစွာကို
ကြော်ငြာဖြန့်ဝေသကဲ့သို့ ဖြန့်ဝေပေးပို့ ဖိတ်ကြားခြင်းသည် ဒေသခံရှမ်းများက
KIA/KIO အဖွဲ့တို့၏ လုပ်ဆောင်မှုကို လက်ခံသဘောတူညီကြောင်း အသွင်ဆောင်လျက်
နိုင်ငံတကာနှင့် ကမ္ဘာသတင်းဌာနများသို့ သိစေရန် ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု
သုံးသပ်ပါသည်။
၈။ သို့ဖြစ်၍ ယင်းKIO အဖွဲ့ အထောက်အကူပြု
ရုံးဖွင့်ပွဲသို့ အကျိုးစီးပွား ရှုထောင့်အရလည်းကောင်း၊
ဥပဒေရှုထောင့်အရလည်းကောင်း တက်ရောက်ရန် မသင့်ကြောင်း သဘောထား
ထုတ်ပြန်လိုက်သည်။
ရက်စွဲ - ၂၀၁၃ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်
ရှမ်းမျိုးနွယ်စု ရေးရာကော်မတီ
မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment