Tuesday, July 23, 2013
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နှင့် ကန်ကြီးဒေါင့်မြို့နယ်အကြား
ငဝန်မြစ်အနီးတွင် စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်မည် ဖြစ်ကြောင်း
တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ပြောကြားသည်။
ဒေသဖွံ့ဖြိုးရေးအတွက် စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန်
မြေယာများကို ဒေသခံ တောင်သူများနှင့် ဈေးညှိနှိုင်း ဝယ်ယူမည်ဖြစ်ပြီး
အဆိုပါ စီမံကိန်းအတွက် အသုံးပြုမည့် မြေဧက အကျယ်အဝန်းကိုမူ အတိအကျ
မသိရှိသေးကြောင်း ၎င်းက ပြောဆိုသည်။ အဆိုပါစက်မှုဇုန်နှင့်
ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် Ayeyarwaddy Development Co.,Ltd က
ချောင်းစောက်၊ ရှမ်းရွာ၊ ရှမ်းငူကျေးရွာ အတွင်းရှိ မြေဧက ၆၀၀၀ ကျော်ကို
တစ်ဧကလျှင် ကျပ်သိန်း နှစ်ဆယ်ဖြင့် ဝယ်ယူလိုသော်လည်း တောင်သူများက လက်မခံဘဲ
သက်ဆိုင်ရာ အစိုးရအဖွဲ့ထံသို့ ဇူလိုင်လ ၂၁ ရက်နေ့က ကန့်ကွက်စာ
လက်မှတ်ရေးထိုး တင်ပြထားကြောင်း ရှမ်းငူကျေးရွာ အုပ်ချုပ်ရေးမှူး
ဦးမျိုးမင်းက ပြောဆိုသည်။ “သိန်း ၂၀ မပြောနဲ့ သိန်း ၅၀
ဆိုရင်တောင် သဘောမတူဘူး” ဟု Ayeyarwaddy Development Co.,Ltd က
ဝယ်ယူလိုသည့် မြေဧရိယာအတွင်း ပါဝင်နေသည့် လယ် ၁၀ ဧက ပိုင်ဆိုင်သူ
ဦးမြင့်ကြည်က ၎င်း၏သဘောထားကို ပြောဆိုသည်။
အဆိုပါလယ်မြေများမှာ
ယခင်စီမံကိန်း အစီအစဉ် မရှိစဉ်က တစ်ဧကလျှင် ကျပ်ခြောက်သိန်း၊ ခုနစ်သိန်း
ဝန်းကျင်သာရှိပြီး ရေနက်စီမံကိန်းကြောင့်သာ ယခုကဲ့သို့ ဈေးခေါ်လာခြင်း
ဖြစ်ကြောင်း ပုသိမ်မြို့ခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။
လွန်ခဲ့သည့်နှစ် ၂၀ ခန့်က ပုသိမ်မြို့ ကျောက်ငူရပ်ရှိ ပိုလန်ဆိပ်ကမ်း တွင်
နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောများ ဝင်ထွက်၍ ကုန်စည်စီးဆင်းမှုများ ရှိသော်လည်း
ပုသိမ်မြစ်ကြောင်း (ငဝန်မြစ်) တိမ်ကောလာမှုကြောင့် နောက်ပိုင်း တွင် အဆိုပါ
ဆိပ်ကမ်းကို အသုံးပြုခြင်း မရှိတော့သည့်အတွက် ပုသိမ်မြစ်ဝအနီးတွင်
ရေနက်ဆိပ်ကမ်း ပြန်လည် အကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း ဒေသခံများက
ပြောကြားသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment