Friday, July 26, 2013
ဇူလိုင် ၂၄ ရက်က ပြင်ဆင်ချုပ်ဆိုခဲ့သည့် လက်ပံတောင်းတောင် စာချုပ်သစ်အရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီဆောင်ရွက်ရန်မှာ မြန်မာ-၀မ်ပေါင် ကုမ္ပဏီ၏ တာဝန်ဖြစ်သည်ဟု သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။
ဇူလိုင် ၂၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းရာတွင် အဆိုပါ ကော်မတီ၏ ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအမံများ ချမှတ်ပြီး စနစ်တကျ ဆောင်ရွက်စေရေးအတွက် အသစ်ပြန်လည် ချုပ်ဆိုသော စာချုပ်တွင် မြန်မာ-၀မ်ပေါင် ကုမ္ပဏီ၏ တာဝန်အဖြစ် သတ်မှတ်ဖော်ပြခဲ့ကြောင်း သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။
သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှု ဆန်းစစ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် စီမံအုပ်ချုပ်မှု စီမံချက်တို့ကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ ရေးဆွဲ အကောင်အထည် ဖော်နိုင်ရေးအတွက် သြစတြေးလျနိုင်ငံ အခြေစိုက် Knight Pie'sold (K.P) Consulting ကုမ္ပဏီနှင့် မြန်မာ-၀မ်ပေါင် ကုမ္ပဏီလီမိတက်တို့ စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိပြီး အပြီးသတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း တင်ပြနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းလည်း သမ္မတရုံးဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။
လက်ရှိတွင် Knight Pie'sold Pty. Ltd., မှ ပြုစု တင်ပြလာသော အစီရင်ခံစာအပေါ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဝင်များက စိစစ်သုံးသပ်လျက် ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေမည့် နည်းလမ်းများအတွက် လိုအပ်သည့် အချက်များကို အကြံပြု ဆောင်ရွက်နေကြောင်းလည်း ၎င်းက ပြောကြားသည်။
မြန်မာဝမ်ပေါင်နှင့် အမှတ် (၁) သတ္တုတွင်း လုပ်ငန်းကြား ယခင်ချုပ်ဆိုထားသော စာချုပ်ဟောင်းအရ Wanbao Mining Ltd., နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့မှ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ် Production Share Contract ပေါ်တွင် ၉၆ ရာခိုင်နှုန်းအထိ ရရှိပြီး အမှတ်(၁) သတ္တုတွင်း လုပ်ငန်းမှ လေးရာခိုင်နှုန်းသာ ရရှိခြင်းဖြစ်ကာ မြန်မာအစိုးရဘက်မှ ရရှိသည့် လေးရာခိုင်နှုန်း ဆိုသည်မှာလည်း ဓာတ်သတ္တုခွန် အဖြစ်သာ ရရှိသည့် အကျိုးအမြတ် ဖြစ်ခဲ့ကြောင်း သိရသည်။
ယခု ပြင်ဆင်ချုပ်ဆိုသည့် စာချုပ်အရမူ အကျိုးအမြတ်အပေါ် နိုင်ငံတော်အနေနှင့် (အခွန်ငွေများ အပါအ၀င်) ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အနေနှင့် ၁၉ ရာခိုင်နှုန်း၊ ၀မ်ပေါင်ကုမ္ပဏီ အနေနှင့် ရာခိုင်နှုန်း ၃၀ ခွဲဝေထားရှိပြီး သတ္တုတွင်း ၀န်ကြီးဌာနမှ နိုင်ငံတော်အတွက် လက်မှတ်ရေးထိုးမှု ဆုကြေးငွေ အမေရိကန်ဒေါ်လာ ငါးသန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ထံမှ ရရှိမည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment