Tuesday, July 23, 2013

မြောက်ဦးနှင့် ရန်ကုန်မြို့တော် အတွင်းရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းရေးအတွက် ယူနက်စကိုနှင့်ဆွေးနွေး

Tuesday, July 23, 2013
ပျူမြို့ဟောင်း သုံးခုအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် မြှင့်တင်ရေး၊ မြောက်ဦးနှင့် ရန်ကုန်မြို့တော် အတွင်းရှိ ရှေးဟောင်း အမွေအနှစ်နှင့် အဆောက်အအုံများ ထိန်းသိမ်းရေးအတွက် နိုင်ငံတော်သမ္မတနှင့် ယူနက်စကို (UNESCO-United Nations Eudcational, Scientific and Cultural Organization) မှ ညွှန်ကြားရေးမှူးချုပ် Mrs.Irina Bokova တို့ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ ၏ ပြင်သစ်ခရီးစဉ်အတွင်း ယူနက်စကိုမှ ညွှန်ကြားရေးမှူးချုပ် Mrs.Irina Bokova နှင့် ဇူလိုင် ၁၇ ရက် တွင် တွေ့ဆုံစဉ် ဆွေးနွေး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Photo: မြောက်ဦးနှင့် ရန်ကုန်မြို့တော် အတွင်းရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းရေးအတွက် ယူနက်စကိုနှင့်ဆွေးနွေး
Tuesday, July 23, 2013

ပျူမြို့ဟောင်း သုံးခုအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် မြှင့်တင်ရေး၊
မြောက်ဦးနှင့် ရန်ကုန်မြို့တော် အတွင်းရှိ ရှေးဟောင်း အမွေအနှစ်နှင့် အဆောက်အအုံများ ထိန်းသိမ်းရေးအတွက် နိုင်ငံတော်သမ္မတနှင့် ယူနက်စကို (UNESCO-United Nations Eudcational, Scientific and Cultural Organization) မှ ညွှန်ကြားရေးမှူးချုပ် Mrs.Irina Bokova တို့ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ ပြင်သစ်ခရီးစဉ် အတွင်း ယူနက်စကိုမှ ညွှန်ကြားရေး
မှူးချုပ် Mrs.Irina Bokova နှင့် ဇူလိုင် ၁၇ ရက်တွင် တွေ့ဆုံစဉ် ဆွေးနွေး
ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးရာတွင် ပျူမြို့ဟောင်း သုံးခုအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်
မြှင့်တင်နိုင်ရေး၊ မြောက်ဦးမြို့ အပါအ၀င် ရခိုင်ပြည်နယ် အတွင်းရှိ
ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းနိုင်ရေး၊ ရန်ကုန်မြို့တော်အတွင်းရှိ
ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအပြင် တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ကာကွယ်ထိန်း
သိမ်းနိုင်ရေး တို့ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ပျူမြို့ဟောင်း သုံးခုမှာ ဟန်လင်း၊ သရေခေတ္တရာနှင့် ဗိဿနိုးတို့ဖြစ်ပြီး ဟန်လင်းမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့အနီး ဟန်လင်းကျေးရွာအနီး တည်ရှိကြောင်း၊ သရေခေတ္တရာမှာ ပြည်မြို့၊ မှော်ဇာ
အရပ်တွင် တည်ရှိကာ ဗိဿနိုးမှာ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့အနီး တည်ရှိသည်။ ပျူမြို့ဟောင်းများမှာ ပုဂံခေတ် မတိုင်ခင် ရှေးနှစ်ပေါင်းများစွာ ကတည်းက တည်ရှိသည့် မြို့ဟောင်းများ ဖြစ်သောကြောင့် အဆိုပါ မြို့ဟောင်းသုံးခုကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာ လကုန်တွင် ယင်းအတွက် အဆိုပြုလွှာ တင်သွင်းခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တော် အတွင်းရှိ ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံများမှာ
လည်း နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သော စိတ်ဝင်စားစရာ အဆောက်အအုံများ ဖြစ်နေပြီး ယင်းအဆောက်အအုံများမှ တစ်ဆင့် နိုင်ငံခြားဝင်ငွေများစွာ ရရှိနိုင်သည့် အနေအထား ရှိနေကြောင်း၊ ထို့အတွက် ယင်းအဆောက်အအုံများကို ထိန်းသိမ်းမှု လုပ်ငန်းမှာ များစွာ
အရေးပါလာကြောင်း ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ပညာရှင်များက
ထောက်ပြကြသည်။

ရန်ကုန်မြို့တော်အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အမိန့်ကြော်ငြာစာနှင့်တကွ သတ်မှတ်သော ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံ စုစုပေါင်း ၁၈၉ လုံးရှိပြီး အခြားပုဂ္ဂလိက အဆောက်အအုံ များစွာလည်း ရှိနေသေးကြောင်းနှင့် ယင်းအဆောက်အအုံများအား ထိန်းသိမ်းကာ ပြန်လည် အသုံးချခြင်းဖြင့် နိုင်ငံတကာ အလယ်တွင် ဆွဲဆောင်မှုရှိသော မြို့တော်ဖြစ်လာစေရန် အကောင်အထည်ဖော် မည်ဖြစ်ကြောင်း လာမည့် ၂၀၄၀ ပြည့်နှစ်အား မျှော်မှန်းရေးဆွဲသည့် ''မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း'' တွင် မျှော်မှန်းထား
သည်။

ထို့ပြင် ရှေးဟောင်းအဆောက်အအုံ စေတီဘုရားပေါင်း ၃၀၀၀ ကျော် ကြွင်း
ကျန်နေသေးသည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသကိုလည်း ရှေးဟောင်း အမွေအနှစ်စာရင်း တင်သွင်းရေးလည်း ဆက်လက် ပြုလုပ်လျက် ရှိသည်ဟု သိရသည်။

Eleven Media Group
ဆွေးနွေးရာတွင် ပျူမြို့ဟောင်း သုံးခုအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် မြှင့်တင်နိုင်ရေး၊ မြောက်ဦးမြို့ အပါအ၀င် ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းနိုင်ရေး၊ ရန်ကုန်မြို့တော် အတွင်းရှိ ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအပြင် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ကာကွယ်ထိန်းသိမ်းနိုင်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟု သိရ သည်။
ပျူမြို့ဟောင်းသုံးခုမှာ ဟန်လင်း၊ သရေခေတ္တရာနှင့် ဗိဿနိုးတို့ဖြစ်ပြီး ဟန်လင်းမှာ စစ်ကိုင်း တိုင်းဒေ သကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့အနီး ဟန်လင်းကျေးရွာအနီး တည်ရှိကြောင်း၊ သရေခေတ္တရာ မှာ ပြည်မြို့၊ မှော်ဇာ အရပ်တွင် တည်ရှိကာ ဗိဿနိုးမှာ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့အနီး တည်ရှိ သည်။ ပျူမြို့ဟောင်းများမှာ ပုဂံခေတ် မတိုင်ခင် ရှေးနှစ်ပေါင်းများစွာ ကတည်းက တည်ရှိသည့် မြို့ဟောင်း များ ဖြစ်သောကြောင့် အဆိုပါ မြို့ဟောင်းသုံးခုကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာ လကုန်တွင် ယင်းအတွက် အဆိုပြုလွှာ တင်သွင်းခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တော် အတွင်းရှိ ရှေးဟောင်း သမိုင်းဝင် အဆောက်အအုံများမှာလည်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်သော စိတ်ဝင်စားစရာ အဆောက်အအုံများဖြစ်နေပြီး ယင်းအဆောက် အအုံများမှ တစ်ဆင့် နိုင်ငံခြားဝင်ငွေများစွာ ရရှိနိုင်သည့် အနေအထားရှိနေကြောင်း၊ ထို့အတွက် ယင်းအဆောက်အအုံများကို ထိန်းသိမ်းမှု လုပ်ငန်းမှာများစွာ အရေးပါလာကြောင်း ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ပညာရှင်များက ထောက်ပြကြသည်။
ရန်ကုန်မြို့တော်အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အမိန့်ကြော်ငြာစာနှင့်တကွ သတ်မှတ်သော ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံ စုစုပေါင်း ၁၈၉ လုံးရှိပြီး အခြားပုဂ္ဂလိက အဆောက်အအုံ များစွာလည်း ရှိနေသေးကြောင်းနှင့် ယင်းအဆောက်အအုံများအား ထိန်းသိမ်းကာ ပြန် လည် အသုံးချခြင်းဖြင့် နိုင်ငံတကာ အလယ်တွင် ဆွဲဆောင်မှုရှိသော မြို့တော်ဖြစ်လာစေရန် အကောင် အထည်ဖော် မည်ဖြစ်ကြောင်း လာမည့် ၂၀၄၀ ပြည့်နှစ်အား မျှော်မှန်းရေးဆွဲသည့် ''မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း'' တွင် မျှော်မှန်းထားသည်။
ထို့ပြင် ရှေးဟောင်းအဆောက်အအုံ စေတီဘုရားပေါင်း ၃၀၀၀ ကျော် ကြွင်း ကျန်နေသေးသည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသကိုလည်း ရှေးဟောင်း အမွေအနှစ်စာရင်း တင်သွင်းရေးလည်း ဆက်လက် ပြုလုပ်လျက် ရှိသည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List