Monday, July 22, 2013

အမေရိကန် ရေတပ် အတွက် စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေး ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်

Monday, July 22, 2013
အမေရိကန် ရေတပ်အတွက် လော့ခ်ဟိဒ်မာတင် ကုမ္ပဏီမှ ထုတ်လုပ်ပေးသော ဒုတိ ယ မြောက် Mobile User Objective System (MUOS) ဆက်သွယ်ရေး ဂြိုဟ်တု တစ်လုံးကို ဇူလိုင် ၁၉ ရက်က အောင်မြင် စွာ လွှတ်တင်နိုင် ခဲ့ပြီးနောက် အမိန့်ပေး ညွှန်ကြားမှုများကို ပြန်လည် တုံ့ပြန်နိုင်ပြီ ဖြစ်ကြောင်း ဇူလိုင် ၂ဝ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
Photo: အမေရိကန် ရေတပ် အတွက် စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေး ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်
Monday, July 22, 2013

အမေရိကန် ရေတပ်အတွက် လော့ခ်ဟိဒ်မာတင် ကုမ္ပဏီမှ  ထုတ်လုပ်ပေးသော ဒုတိ ယ မြောက် Mobile  User Objective System (MUOS) ဆက်သွယ်ရေး ဂြိုဟ်တု တစ်လုံးကို ဇူလိုင် ၁၉ ရက်က အောင်မြင် စွာ လွှတ်တင်နိုင် ခဲ့ပြီးနောက် အမိန့်ပေး ညွှန်ကြားမှုများကို ပြန်လည် တုံ့ပြန်နိုင်ပြီ ဖြစ်ကြောင်း ဇူလိုင် ၂ဝ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

အဆိုပါ ဂြိုဟ်တုကို United Launch Alliance Atlas V ဒုံးပျံတွင် တင်ဆောင်၍ ဒေသ စံတော်ချိန် နံနက် ၉ နာရီက ပစ်လွှတ်ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာမြေပြင် အထက် မိုင်ပေါင်း ၂၂ဝဝဝ ရှိ ဂြိုဟ်ပတ်လမ်း အတွင်းသို့ ရောက်ရှိရန် ၉ ရက်ကြာ ခရီးနှင်ရမည် ဖြစ်သည်။ 

ဂြိုဟ်ပတ်လမ်း အတွင်းသို့ ရောက်ရှိပါက ဆိုလာပြားများနှင့် အင်တီနာများကို ဖြန့်ကြက် သွားပြီးနောက် အမေရိကန် ရေတပ်နှင့် ဆက်သွယ်မှုများကို စမ်းသပ်ပြုလုပ် သွားမည် ဖြစ်ကြောင်း လော့ ခ်ဟိဒ်မာတင် ကုမ္ပဏီမှ ပြောကြားခဲ့သည်။

မြ၀တီ 

No comments:

Post a Comment

My Blog List