Thursday, July 25, 2013
မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံ
အနေဖြင့်လည်း ဖြေရှင်းပေးစေလိုဟု တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊
ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ General Fan Changlong နှင့် တွေ့ဆုံစဉ်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်
General Fan Changlong တို့သည် ဇူလိုင် ၂၃ ရက် နံနက်က နေပြည်တော်တွင်
တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်ထုတ် အစိုးရ သတင်းစာများတွင်
ဖော်ပြထားသည်။ မြန်မာ-တရုတ် နယ်စပ်တွင် အဖွဲ့အစည်း အချို့သည်
မူးယစ်ဆေးဝါး လုပ်ကိုင်သည့် အထောက်အထားများ တွေ့ရှိနေရကြောင်း၊
တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေး
တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်နေပြီး မူးယစ်ဆေးဝါး ပြဿနာသည် တရုတ်နိုင်ငံ
အတွက်လည်း ကြီးမားသည့် ခြိမ်းခြောက်မှုဖြစ်၍ နှစ်နိုင်ငံ
ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
ပြောကြားသည်။
ထို့ပြင် မဲခေါင်မြစ်ကြောင်း လုံခြုံရေးနှင့်လည်း
ဆက်စပ်နေသောကြောင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အရင်းအမြစ်များအား
နှစ်နိုင်ငံပူးပေါင်း၍ ဖြတ်တောက်သွားရန် လိုအပ်သည်ဟုလည်း တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
"မြန်မာ-တရုတ်
နှစ်နိုင်ငံအကြား နယ်စပ်ဒေသများတွင် မည်သည့်တရားမ၀င် လက်နက်ကိုင်အဖွဲ့မှ
မရှိအောင် ဆောင်ရွက်ရန်မှာ နှစ်နိုင်ငံ ပူးပေါင်းပြီး အဓိက လုပ်ဆောင်ရမည့်
တာဝန်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ပြဿနာကို မြန်မာအစိုးရနှင့်
တပ်မတော်အနေဖြင့် ဆောင်ရွက်ခြင်းသာမက တရုတ်နိုင်ငံ အနေဖြင့် နယ်စပ်ဒေသ
တည်ငြိမ်အေးချမ်းရေးအတွက် တည်ဆဲဥပဒေများနှင့်အညီ ကိုင်တွယ်ဖြေရှင်း
ပေးစေလိုကြောင်း" ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌကလည်း
နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပူးပေါင်း၍ နယ်စပ်ဒေသ တည်ငြိမ်ရေး၊
လုံခြုံရေးနှင့် မူးယစ်ဆေးဝါး တားဆီးရေး ကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်
သွားမည်ဟု ပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၀၈
ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးများ၏
တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကိုက်ညီသော ဥပဒေများ၊ အခွင့်အရေးများ
ပြဋ္ဌာန်းပေးပြီးဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းရာတွင်
အသက်ငွေကြေး၊ အချိန်များ ပေးဆပ်ရသဖြင့် မြန်မာနိုင်ငံ အနေဖြင့်
ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းကာ ဖွံ့ဖြိုးတိုးတက်အောင်
ငြိမ်းချမ်းရေးရမှ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်
ပတ်သက်၍ စေ့စပ်ညှိနှိုင်း ဆွေးနွေးအဖြေရှာနိုင်ရေး ဆောင်ရွက်သွားမည်ဟု
ပြောကြားသည်။
မြန်မာ့တပ်မတော် အနေဖြင့် အခြားနိုင်ငံ အသီးသီး၏
တပ်မတော်များနှင့် ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်လျက်
ရှိသည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တရုတ်ပြည်သူ့
လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ်
ပြောကြားသည်။
တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊
ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌသည် ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းတွင်
သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး အစိုးသစ်လက်ထက်တွင် အရှေ့-အနောက်
မခွဲခြားဘဲ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံနေမှု၊
နိုင်ငံတော်သမ္မတနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတတို့ တွေ့ဆုံပြီး
နှစ်နိုင်ငံဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နောက်တစ်ဆင့်
တိုးမြှင့်ရန် ဆွေးနွေးခဲ့မှုအပေါ် ဆက်လက်အကောင်အထည် ဖော်သွားရန်
ဆွေးနွေးခဲ့သည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment