မြန်မာနိုင်ငံတ၀ှမ်းမှာ ဖြစ်ခဲ့တဲ့ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေကို ရပ်တန့်နိုင်ဖို့အတွက် တနိုင်ငံလုံးမှာရှိတဲ့ ဗုဒ္ဓဘာသာသံဃာတော်တွေက ဒီကနေ့မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
ဒီကနေ့ ပြုလုပ်မဲ့ အစည်းအဝေးကို သံဃာတော် အပါး နှစ်ရာကို ဖိတ်ခေါ်ထားတာဖြစ်ပြီးတော့ ရန်ကုန်မြို့ပြင်ဖက်မှာရှိတဲ့ ဘုန်းကြီးကျောင်းတကျောင်းမှာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ကြမြှာ
သံဃာတော်တွေက လူတွေကို အကြမ်းဖက်မှုတွေ မလုပ်တော့အောင် ဘယ်လိုမျိုး တားဆီးနိုင်မဲ့ အကြောင်းနဲ့ အစိုးရကပြဿနာဖြေရှင်းတဲ့နေရာမှာ
အခုစည်းဝေးပွဲမှာ မွတ်စလင်တွေကို တိုက်ခိုက်တဲ့အထဲမှာ ပါဝင်သူလို့ ထင်မြင်ကြတဲ့ မန္တလေးမြို့က ဆရာတော် ဦးဝီရသူလည်းတက်ရောက်မှာဖြစ်တယ်
အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအရှေ့ဖက်ပိုင်း ရှမ်းပြည်နယ်က ဗုဒ္ဓဘာသာဝင် အမျိုးသမီးတဦးကို တိုက်ခိုက်ခဲ့တဲ့ မွတ်စလင်အမျိုးသားကို မနေ့က ထောင်ဒဏ် ၂၆နှစ် ချမှတ်လိုက်တယ်လို့လည်း သိရပါတယ်။
အခုလိုဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့လက ရှမ်းပြည်နယ် လားရှိုးမြို့မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
လားရှိုးမြို့ တရားရုံးက ဗုဒ္ဓဟူးနေ့မှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တဲ့
အကြမ်းဖက်မှုအတွင်းမှာပါဝင်တဲ့လူ
ပြီးခဲ့တဲ့ မတ်လတုန်းက မိထ္ထီလာ ပဋိပက္ခအတွင်းမှာ လူ၄၀ကျော်သေဆုံးခဲ့ပြီးတော့ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ မွတ်စလင်အမျိုးသား ၁၀ဦးကိုလည်း ထောင်ဒဏ် ၂၈နှစ်အထိ ပစ်ဒဏ်ချမှတ် ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဘာသာရေး လူမျိုးရေး ပဋိပက္ခကြောင့်လည်း လူပေါင်း ၂၀၀ လောက်သေဆုံးခဲ့ပြီး တစ်သိန်းလေးသောင်းကျော် အိုးအိမ်မဲ့ ဒုက္ခသည် စခန်းမှာ နေထိုင်ရပါတယ်။
အခုဆိုရင် မိုးရာသီရောက်လာပြီးဖြစ်တဲ့အတွက
No comments:
Post a Comment