Tuesday, June 11, 2013
မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် အထောက်အကူ ပြုစေမည့်
နိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံအား ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက်
ဒေသဆိုင်ရာ ပညာရေး ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် ရလဒ်များမှ ယင်းပညာရေး
ညီလာခံတွင် ကဏ္ဍ(၁၃)ခုဖြင့် ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံကို ရန်ကုန်၊ မျက်မမြင်ကျောင်း
(ခ၀ဲခြံ)၊ မရမ်းကုန်းမြို့နယ်တွင် ၂၀၁၃ ခုနှစ်၊ ဇွန် ၈ ရက်မှ ၉ ရက်အထိ
နှစ်ရက်ကြာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ၎င်းညီလာခံတွင် ကလေးသူငယ်များ
ရှေးဦးသင် ပညာရေး၊ မသင်မနေရ အခြေခံပညာရေး (မူလတန်းမှ အလယ်တန်း)၊ အခြေခံ
အထက်တန်း ပညာရေး၊ အဆင့်မြင့် ပညာရေး၊ ကျောင်းပြင်ပ ပညာရေး၊ ပုဂ္ဂလိက
ကျောင်းနှင့် ပုဂ္ဂလိက တက္ကသိုလ်များ၊ ဘုန်းတော်ကြီးသင်ကျောင်း ပညာရေး၊
ဘာသာရေး အသင်းအဖွဲ့များမှ ဖွင့်လှစ်ထားသည့် ကျောင်းများ၊ အစိုးရ မဟုတ်သော
အဖွဲ့အစည်းများမှ ဖွင့်လှစ်သည့် အခမဲ့ပညာဒါန ကျောင်းများ၊ ဆရာ၊ ဆရာမများ၏
အခန်းကဏ္ဍ၊ ပညာရေး အထူးလိုအပ်ချက်၊ တိုင်းရင်းသား ဘာသာစကား သင်ကြားရေး၊
စစ်ပြေးဒုက္ခသည်နှင့် ရွှေ့ပြောင်း အလုပ်သမားများ၏ ပညာရေးဟူသည့် ကဏ္ဍ(၁၃)ရပ်အား
ဆွေးနွေးခဲ့သည်။
''မြန်မာနိုင်ငံရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှု
လုပ်ငန်းစဉ်တွေမှာ အထောက်အကူ ပြုစေဖို့အတွက် ဒီညီလာခံကို ကျင်းပရတာပါ။
ညီလာခံမှာ ပညာရေး အဆင့်မြင့်မားဖို့အတွက် အဓိက လိုအပ်ချက်တွေကို ကဏ္ဍ ၁၃
ရပ်ခွဲပြီး ဆွေးနွေးပါတယ်။ ဒီဆွေးနွေးပွဲ ရလဒ်တွေကို ပြည်သူ့လွှတ်တော်
အမျိုးသား ပညာရေး မြှင့်တင်မှုကော်မတီသို့ တင်သွင်းသွားမှာ ဖြစ်ပါတယ်'' ဟု
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်မှ အဖွဲ့ဝင်
ဒေါ်ဟောင်စိုင်းက ဆိုသည်။
နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ
မကျင်းပမီ ဒေသဆိုင်ရာ ပညာရေး ဆွေးနွေးပွဲများအား ပဲခူး၊ မန္တလေး၊ မုံရွေး၊
ပခုက္ကူ၊ ထားဝယ်၊ မြစ်ကြီးနား၊ တာချီလိတ်၊ တောင်ကုတ်၊ လားရှိုး၊ ဘားအံ၊
မော်လမြိုင်၊ မြိတ်၊ တောင်ငူ၊ ပေါင်းတည်၊ တောင်ကြီး၊ ဟင်္သာတ၊ ကျောက်ဖြူ၊
သံတွဲ၊ စစ်တွေ၊ ကော့သောင်း၊ လွိုင်ကော်၊ မုံရွာနှင့် ကလေး စသည်တို့တွင်
ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းညီလာခံသို့ ပညာရေး အဖွဲ့အစည်းများ၊
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ခရစ်ယာန် ဓမ္မတက္ကသိုလ်များ၊
မူဆလင်ဘာသာဝင်ကျောင်း ဆရာများ၊ ကျောင်းသားသမဂ္ဂများ၊ ပညာဒါနကျောင်းများ၊
ပုဂ္ဂလိကကျောင်းများ၊ လူငယ်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ပညာရေး
ပြုပြင်ပြောင်းလဲရေး အတွက် စိတ်ဝင်စားသော တစ်သီးပုဂ္ဂလများနှင့်
လွှတ်တော်ကိုယ်စားလှယ်များ အသီးသီး တက်ရောက် ဆွေးနွေးခဲ့ကြသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment