ရန်ကုန်မြို့မှ လေးနာရီကြာ ခရီးစဉ်ဖြစ်သည့် မွန်ပြည်နယ်သို့
ပြေးဆွဲလျက်ရှိ သည့် ''ရာဇာမင်း'' ခရီးသည်တင်ကားကို မျက်နှာဖုံးစွပ်
သေနတ်ကိုင် ဓားပြတိုက်ခဲ့သည့် ဖြစ်စဉ်ကြောင့် ခရီးသွားပြည်သူများ စိုးရိမ်
ထိတ်လန့်လျက်ရှိကြောင်း သိရသည်။
ဇွန် ၈ ရက် ည ၉ နာရီခန့်တွင် ကျိုက္ခမီမြို့မှ ရန်ကုန်မြို့သို့
ထွက်ခွာလာသော အဆိုပါ ခရီးသည်တင် မှန်လုံယာဉ်သည် သထုံမြို့နယ်၊
တောင်စွန်းကျေးရွာအနီး ဘုရားကုန်းကွေ့ အရောက်၌ ယာဉ်ပေါ်တွင်
စီးနင်းလိုက်ပါသည့် ခရီးသည်များ အနက်မှ ခရီးသည် ငါးဦးမှ သေနတ်တိုများဖြင့်
ပစ်ဖောက်ခြောက်လှန့်ကာ ဒရိုင်ဘာအား သေနတ်ဖြင့်ထောက်ပြီး ယာဘက် မိုင်တိုင်
၁၅၄/၄၊ ၁၅၄/၅ အောင်းဆိုင်ရွာ အ၀င်လမ်း နှစ်ဖာလုံးခန့်သို့
မောင်နှင်းသွားခိုင်းပြီး ယာဉ်အား ရပ်တန့်ရန် စေခိုင်းခဲ့ကြောင်း
မှုခင်းမှတ်တမ်းများအရ သိရသည်။
အဆိုပါ သေနတ်ကိုင် ဓားပြတိုက်သူ ငါးဦးမှာ ယာဉ်နောက်လိုက်အား
ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ယာဉ်မောင်း ပါးစောင်ကို သေနတ်ဖြင့်
ထပ်မံပစ်ခတ်ကာ အဆိုပါ ယာဉ်မောင်းမှာ ပါးစောင်ဒဏ်ရာဖြင့် မေ ၉ ရက်
နံနက်ပိုင်းတွင်ပင် သေဆုံးသွားခဲ့သည်။
ရန်ကုန်-မော်လမြိုင် ခရီးသည်တင်ကား စိုးမိုးအောင်ယာဉ်လိုင်း၏
ဂိတ်မှူးဖြစ်သူ ကိုအာကာက ''ဒီလိုမျိုးဖြစ်စဉ်တွေ ဖြစ်တဲ့အတွက်
ကျွန်တော်တို့ ယာဉ်လိုင်းတွေရော တစ်ခြားယာဉ်လိုင်းတွေပါ စိုးရိမ်မှုတွေပါ
ကြုံတွေ့နေရပါတယ်။ ဒီအတွက် ယာဉ်လိုင်းတွေဟာ အခုဆို လုံခြုံရေးကို
ကိုယ့်ဘာသာကိုယ် ပြုလုပ်နေရပါတယ်။ မိုးရာသီ ဖြစ်တာနဲ့အညီ အခုလို
ဖြစ်စဉ်ဖြစ်သွားတဲ့ အတွက် ခရီးသွားဦးရေက လျော့ကျသွားပါတယ်'' ဟု ပြောသည်။
အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ စခန်းတာဝန်ခံ အရာရှိ
ဦးဥာဏ်ထွန်းအောင်က ''ဖြစ်သွားတဲ့လမ်းပိုင်းက အေးချမ်းမှုမရှိလို့
ဖြစ်ရတာပါ။ ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ အနေနဲ့က
ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားပါမယ်။ ဒါပေမယ့် ဒီကိစ္စကို မွန်ပြည်နယ်
အစိုးရက ပိုမိုအလေးထား ဆောင်ရွက်စေချင်တယ်'' ဟု ပြောသည်။
''ကျွန်တော်တို့ သူတို့ခြောက်ဦးကို ၁၁၈ ခြေမြန်တပ်ရင်းနဲ့ ၁၀၂
ခြေမြန်တပ်ရင်း နှစ်ခုပေါင်းပြီး ထွက်ပေါက်တွေကို ပိတ်ဆို့ကာ
လိုက်လံရှာဖွေနေပါတယ်။ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ကားမှာ လက်နက်ကိုင်တွေရဲ့
သက်သေခံ မှတ်တမ်းတွေဖြစ်တဲ့ လူနာမည်၊ မှတ်ပုံတင်နံပါတ်တွေကို
မှတ်တမ်းတင်ထားတာ မရှိဘူး။ အဲဒါကြောင့် ကျွန်တော်တို့
စုံစမ်းရှာဖွေတဲ့အခါမှာ အခတ်အခဲများစွာ ဖြစ်နေရပါတယ်'' ဟု သထုံမြို့နယ်
ရဲတပ်ဖွဲ့မှူး ဖြစ်သူက ဇွန် ၁၀ ရက် ညနေ သုံးနာရီတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး
ဝင်းစိန်က ''ကျွန်တော်တို့ ထင်မြင်ချက် အရတော့ အခုဖြစ်သွားတဲ့ နယ်မြေမှာ
စီးပွားရေး လုပ်ငန်းတစ်ချို့ဟာ ဆက်ကြေး ပေးနေရတာတွေရှိတယ်၊
ဆက်ကြေးမပေးတဲ့အတွက် အခုလို ဖြစ်သွားတယ်လို့ ယူဆရတယ်'' ဟု ပြောသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment