ပုဂ္ဂလိက မီဒီယာများကို အလုံးစုံ မယုံကြည်သောကြောင့်
အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ရှိသင့်သည်ဟု ယဉ်ကျေးမှုနှင့်
ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီအဖွဲ့ဝင်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်းက ပြောကြားသည်။
ဇွန် ၉ ရက်က ရန်ကုန်မြို့၌
အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ
သူရဦးအေးမြင့်နှင့် အဖွဲ့ဝင်များ၊ ဥပဒေကြမ်း ကော်မတီမှ အတွင်းရေးမှူး
ဦးစောလှထွန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)
ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် အဖွဲ့ဝင်များ တွေ့ဆုံပြီး ပြန်ကြားရေး
ဝန်ကြီးဌာနက ရေးဆွဲထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း
လုပ်ငန်းဥပဒေမူကြမ်း၊ အများပြည်သူ ၀န်ဆောင်မှုမီဒီယာ ဥပဒေကြမ်းများနှင့်
ပတ်သက်ပြီး ဆွေးနွေးစဉ် ဦးရဲထွန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
''အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ရှိသင့်သလား မရှိသင့်ဘူးလားက ပြဿနာပါ။
စီးပွားရေး သမားကတော့ စီးပွားရေးအမြင်နဲ့ ပြောမှာပေါ့။ ကျွန်တော်တို့
အခြေမကျခင်မှာ ကျွန်တော်တို့ကို လာပြိုင်တယ် ဆိုတာမျိုးပေါ့။ သို့သော်
ပြည်သူလူထုဘက်က အကျိုးရှိမှုဘက်က ကြည့်တဲ့အခါ ဒါကိုရှိသင့်တယ်လို့ မြင်တယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ပုဂ္ဂလိကက ကိုင်ထားတဲ့ မီဒီယာတွေကို အလုံးစုံ
မယုံကြည်ဘူး။ အရင် ကျွန်တော်တို့ခေတ်က သတင်းစာတွေလို
ပါတီတစ်ခုကောင်းကြောင်း ပါတီတစ်ခုရဲ့ ပုဂ္ဂိုလ်ရေး မကောင်းကြောင်း တစ်ဖက်သတ်
ရေးလွန်းလို့ ကျွန်တော်က မျှတတဲ့ပြိုင်ဆိုင်မှု၊ မျှတတဲ့ သတင်းအချက်အလက်ကို
ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်က ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီကလည်း
မဟုတ်ပါဘူး။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီကပါ'' ဟု ဦးရဲထွန်းက
ပြောကြားသည်။
ဦးရဲထွန်း၏ ပုဂ္ဂလိက မီဒီယာများကို အလုံးစုံ
မယုံကြည်သောကြောင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ရှိသင့်သည်ဟု
ပြောဆိုမှုအပေါ် စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များက ကန့်ကွက်ခဲ့ကြသည်။
ဦးရဲထွန်း၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ
ယာယီမှ ဒေါက်တာမျိုးသန့်တင်က ''အများပြည်သူ ၀န်ဆောင်မှု မီဒီယာရှိတာကို
ကျွန်တော်တို့ အနေနဲ့ မကန့်ကွက်ဘူး။ ဒါပေမဲ့ အခုတင်လိုက်တဲ့ အများပြည်သူ
ဝန်ဆောင်မှု မီဒီယာဥပဒေထဲမှာက မျှတတဲ့ ပြိုင်ဆိုင်မှု၊ မျှတတဲ့
သတင်းအချက်အလက်တွေ တစ်ခုမှ မပါဘူး'' ဟု ပြောကြားသည်။
''အများပြည်သူ
ဝန်ဆောင်မှု မီဒီယာအဖြစ်နဲ့ သွားမယ်ဆိုရင် ဥပဒေကို ရေးပြီးကာမှ ဥပဒေကို
အများပြည်သူကို ဆွေးနွေးခိုင်းတာထက် အဲဒီလို ပြောင်းသင့် မပြောင်းသင့်ကို
သဘောတူမတူ အရင်ဆုံး ဆွေးနွေးပွဲ လုပ်သင့်တယ်လို့ ထင်ပါတယ်။ အများပြည်သူက
သဘောတူတယ်ဆိုမှ ဘယ်ပုံဘယ်နည်းနဲ့ အကောင်အထည် ဖော်မယ်ဆိုတာမျိုး
လုပ်မယ်ဆိုရင် သဘာဝကျပါတယ်'' ဟု ဦးဖေမြင့်က ပြောကြားသည်။
''ဦးရဲထွန်းရဲ့ ပြောကြားချက်ကို ကန့်ကွက်ပါတယ်။ ဒီမိုကရေစီလို့
အမည်ခံထားတဲ့ ပါတီတွေက ဒီမိုကရေစီကို ဆန့်ကျင်ပြီး Freedom of Press ကို
ထိခိုက်စေတဲ့ လုပ်ဆောင်မှု ပြောဆိုမှုတွေရှိရင် ကန့်ကွက် ဝေဖန်ရမှာပဲ။
အဲဒီလိုပဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက Freedom of
Press ကို ကာကွယ်တယ်ဆိုရင် ကြိုဆိုရမှာပဲ။ ကျွန်တော်တို့ကတော့
ဘယ်ပါတီဆိုတာထက် Principle အတိုင်း ရပ်တည်မှာပါ။ PSM နဲ့ ပတ်သက်ရင်
ပြည်သူ့ဘဏ္ဍာနဲ့ စီးပွားရေး ၀င်လုပ်မှာကို လက်မခံပါဘူး။
မီဒီယာလွတ်လပ်ခွင့်ကို သွယ်ဝိုက်ထိန်းချုပ်ဖို့ လုပ်တာကို လက်မခံပါဘူး။
တကယ်လို့ အများပြည်သူအတွက် အမှန်တကယ် လုပ်ဆောင်မယ်ဆိုရင် ၇၀ ရာခိုင်နှုန်း
မဟုတ်ပါဘူး။ ပြည်သူ့ဘဏ္ဍာကို ၁၀၀ ရာခိုင်နှုန်း အပြည့်ယူပါ။ ပြီးရင် အခကြေးငွေ
မယူဘဲ ပြည်သူကို ဖြန့်ဝေပါ'' ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)
အဖွဲ့ဝင် ဒေါက်တာသိန်းမြင့်က ပြောကြားသည်။
မြန်မာနိုင်ငံ
စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူးဖြစ်သူ ဦးကျော်မင်းဆွေကလည်း
''Public Service Media ကို ဂျာနယ်လစ် Association တစ်ခုခုကနေ
ရှယ်ယာခေါ်ပြီး စထောင်လိုက်တာမျိုး Independent ဖြစ်တဲ့သူက
စထောင်လိုက်တာမျိုးက Public Service Media ဖြစ်တယ်။ အစိုးရဆီကို
ဘက်ဂျက်တောင်းတာမျိုး လွှတ်တော်ကို ဘက်ဂျက်တောင်းတာမျိုးက မျှတတယ်။
ပြန်ကြားရေးက ဒါလုပ်တာဟာ Fair မဖြစ်ဘူး။ ပြန်ကြားရေးက လုပ်ခြင်းကြောင့်
ပြန်ကြားရေးနဲ့ ကျွန်တော်တို့ဟာ တောက်လျှောက် ဆက်ဆံခဲ့ခြင်းကြောင့်
ပြန်ကြားရေးကလုပ်တာ ဘယ်တော့မှ မရိုးသားဘူး'' ဟု ပြောကြားသည်။
ထို့ပြင် လက်ရှိနိုင်ငံပိုင် သတင်းစာများသည် အကျိုးအမြတ်များစွာ
ရရှိနေသည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က
ပြောကြားထားသော်လည်း ယင်းနိုင်ငံပိုင် သတင်းစာများအား အများပြည်သူ
ဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းလဲလုပ်ဆောင်ရာတွင် ပြည်သူ့ဘဏ္ဍာငွေများ
အသုံးပြုမည် ဆိုသည့်အပေါ် မီဒီယာသမားများက ဝေဖန်ခဲ့ကြသည်။
''ဒုဝန်ကြီး ဦးရဲထွဋ်က ဒီကနေ့ထုတ်နေတဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းသည်
အဆပေါင်းများစွာ ဘီလျံနဲ့ မြတ်တယ်ဆိုပြီး ပြောထားပါတယ်။ သူကိုယ်တိုင်
ပြောထားတာပါ။ သက်သေရှိပါတယ်။ ကြော်ငြာနဲ့တင် ဒီသတင်းစာတွေကို လည်ပတ်နေလို့
ရတယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့ ၇၀ ရာခိုင်နှုန်း တောင်းသလဲ'' ဟု
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး
(ဖိုးသောကြာ)က ပြောကြားသည်။
''ကျွန်တော်တို့ သတင်းစာကို
စီးပွားဖြစ် လုပ်နေတာ မဟုတ်ပါဘူး။ စီးပွားရှာတဲ့ လုပ်ငန်းတွေ
အများကြီးထဲမှာ သတင်းစာ မပါပါဘူး။ တိုင်းပြည်ကို ကာကွယ်တဲ့နေရာမှာ
တပ်မတော်ဟာ အင်အားတောင့်တင်းဖို့ လိုပါတယ်။ ကျည်ဆန်တွေ လက်နက်တွေနဲ့မှ
တိုင်းပြည်ကို ကာကွယ်လို့ရတာ မဟုတ်ပါဘူး။ သတင်းစာတွေဆိုတာ အုတ်တစ်ချပ်
သဲတစ်ပွင့်ပါ။ သတင်းစာဆရာတွေထဲမှာ ချမ်းသာတဲ့ သတင်းစာဆရာ ရှိကောင်းရှိမယ်။
အင်မတန် နည်းပါတယ်။ ဘာကြောင့် ဖြစ်ဖြစ် အကျိုးအမြတ်ထက် တိုင်းပြည်အတွက်
လုပ်နေကြတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ အနေနဲ့ အစိုးရအဖွဲ့ကို
တင်ပြပေးပါလို့ မေတ္တာရပ်ခံပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ဇွန်
၈ ရက်က ရန်ကုန်မြို့၌ပင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်
ဦးဆောင်ပြီး အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပေဒကြမ်းအား ပြန်ကြားရေး
ဝန်ကြီးဌာနမှ ရေးဆွဲထားပြီး လာမည့်လွှတ်တော်တွင် တင်သွင်းသွားရန်နှင့်
ပတ်သက်ပြီး ရှင်းလင်းပြောကြားမှု အခမ်းအနားအပြီး ယခုကဲ့သို့ တွေ့ဆုံမှု
ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အများပြည်သူ ၀န်ဆောင်မှု
မီဒီယာနှင့် ပတ်သက်သည့် အခမ်းအနားတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ
(ယာယီ)က ယင်းဥပဒေကြမ်းသည် ဥပဒေပုံစံ မဟုတ်ဘဲ မိမိလိုအပ်ချက်များကို
စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဥပဒေများကိုလည်း ထိခိုက်သည်ဟူသည့်
အချက်အပါအ၀င် အချက်ကိုးချက်ဖြင့် ထောက်ပြကန့်ကွက်ခဲ့ပြီး
လွှတ်တော်ကော်မတီနှစ်ရပ်နှင့် တွေ့ဆုံစဉ်ကလည်း ယင်းအချက်ကိုးချက်ကို
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က တင်ပြခဲ့သည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment