Thursday, June 13, 2013
၂၀၁၂ ခု ဧပြီလ ၅ ရက်နေ့က ရခိုင်ပြည် လွှတ်မြောက်ရေးပါတီ (ALP) နှင့်
ရခိုင်ပြည်နယ် အစိုးရအကြား ငြိမ်းချမ်းရေး တည် ဆောက်ရန်အတွက် ပဏာမ
သဘောတူညီချက် (၅)ခုမှာ ယခုအချိန်ထိ အကောင်အထည် မဖေါ်နိုင်သေးဘဲ ဖြစ်နေသည် ဟု ALP ပါတီ အထွေ ထွေအတွင်းရေးမှူး ခိုင်သုခက နိရဉ္စရာသို့ ပြောသည်။
“ ကျွန်တော်တို့ ရခိုင်ပြည်အစိုးရနဲ့ ပဏာမ အပစ်အခတ်ရပ်စဲရေး
လက်မှတ်ထိုးထားတဲ့ အချက် ၅ ချက် ရှိပါတယ်။ အဲဒီ အချက် ၅ ချက်ထဲက
တချို့အချက်တွေကို အကောင်အထည်ဖေါ်တဲ့ နေရာမှာ အခက်အခဲတွေ ရှိနေတဲ့ အတွက်
အကောင်အထည် မဖေါ်နိုင်သေးဘဲ ဖြစ်နေပါသေးတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ဆက်ဆံရေးရုံး တစ်ခုကို
ဖွင့်လှစ်နိုင်ခဲ့သော်လည်း ချင်းပြည်နယ် ပလက်ဝတွင် ယခု အချိန်
ဆက်ဆံရေးရုံးရေးရုံးကို မဖွင့်လှစ်နိုင်သေးကြောင်း သူက ပြောသည်။“
ပလက်ဝမှာ ဆက်ဆံရေး ရုံးဖွင့်လှစ်မှာကို ချင်းအမျိုးသားတပ်ဦး CNF က
သမတရုံးကို ကန့်ကွက်ထားတဲ့ အတွက်ကြောင့် အစိုးရက ဆိုင်းငံ့ထားပါတယ်။
ဒါကြောင့် ပလက်ဝ ဆက်ဆံရေးရုံး အခုအချိန်ထိ မဖွင့်နိုင်သေးဘူး” ဟု ဆိုသည်။
ရခိုင်ပြည်နယ် အစိုးရနှင့် ပဏာမ သဘောတူညီချက် ၅ ချက်ထဲတွင် ရခိုင်ပြည်
လွှတ်မြောက်ရေး တပ်မတော်နှင့် မြန်မာ တပ်မ တော်ကြား ပစ်ခတ်မှုကို
ရပ်တန့်ရန်၊ နှစ်ဦးနှစ်ဘက် ဆက်သွယ်ရေးအတွက် ဆက်ဆံရေးရုံးများ
ဖွင့်လှစ်ရန်၊ ပစ်ခတ်မှု ရပ် ဆိုင်းသောကာလအတွင်း နှစ်ဘက်သဘောတူညီထားသော
နယ်မြေများအပ နယ်မြေကျော်လွန်ပြီး လက်နက်ကိုင် ဆောင် သွားလာမှုကို
နှစ်ဦးနှစ်ဘက် ကြိုတင် ညှိနိုင်းပြီးမှ ဆောင်ရွက်ရန်၊ အပစ်အခတ် ရပ်စဲ
ထားစဉ် အတွင်း ရခိုင်ပြည်လွတ် မြောက်ရေးပါတီ အဖွဲ့ဝင်များကို
မြန်မာတနိုင်ငံလုံး လွတ်လပ်စွာ သွားလာခွင့် ပြုရန်နှင့် ရခိုင်ဒေသ အတွင်း
တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးစသည့်လုပ်ငန်းများကို
ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက် ညှိနှိုင်း ဆွေးနွေးကြရန် တို့ ပါဝင်သည်။
“ လွတ်လပ်စွာသွားလာခွင့်ကတော့ အတိုင်းအတာတခုထိ သွားလာခွင့်ရှိပါတယ်။
တချို့ကိစ္စတွေမှာကျတော့ အစိုးရက နားလည်မှု လွဲမှားနေတာတွေရှိပါတယ်” ဟု
ခိုင်သုခက ဆက်ဆိုသည်။
ကျောက်တော် ဆက်ဆံရေးရုံးကို
နိုင်ငံတော်အစိုးရနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တိုးချဲ့ဆောင်ရွက်ရန်၊
ရခိုင်ပြည် တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရန်၊
ရခိုင်တမျိုးသားလုံး အကျိုးရှိမည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်
စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၂ ခု စက်တင်္ဘာ လ ၃ ရက်နေ့ က ဖွင့်လှစ်ခဲ့သည်။
ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို
ဆောင်ရွက်နိုင်ရန်အတွက် အစိုးရ၏ ပူးပေါင်း ဆောင်ရွက်မှု အားနည်းသဖြင့်
တစုံတရာ လုပ်ဆောင်နိုင်ခြင်းမရှိဟု ခိုင်သုခက ပြောသည်။
“
သဘောတူညီချက် ၅ ချက်ထဲမှာ ပါတဲ့ ဒေသတွင်း ဖွံ့ဖြိုးရေးကိစ္စနဲ့
ပတ်သက်ပြီးတော့ ပြည်နယ်အစိုးရနဲ့ ကျွန်တော်တို့ ALP အကြား
ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စကို တင်ပြတဲ့အခါမှာ ပြည်နယ်အတွင်းမှာ
တည်ငြိမ်မှုမရှိတာကို အကြောင်း ပြပြီးတော့ အခုထက်ထိ တစုံတရာ
အကောင်အထည်ဖေါ်နိုင်တာ မရှိသေးဘူး။ အဲဒါတွေဟာ အစိုးရဘက်က ပူးပေါင်း
ဆောင်ရွက်မှု အားနည်းတဲ့အတွက်ကြောင့် နှောင့်နှေးနေတာ ဖြစ်ပါတယ်။”
ပြည်နယ်အစိုးရနှင့် ပဏာမသဘောတူချက်များ အကောင်အထည် မဖေါ်နိုင်သော်လည်း
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP အနေဖြင့် ပြည်ထောင်စုအဆင့် ဆွေးနွေးရန်
အဆင်သင့်ဖြစ်နေပြီဟု ဆိုသည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ
လက်အောက်ခံ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ALA ကို ၁၉၇၃ ခုနှစ် တွင်
စတင်တည်ထောင်ခဲ့ပြီး ယခုအခါ မြန်မာ-ဘင်္ဂလာဒေ့ခ်ျနယ်စပ်၊
မြန်မာ-အိန္ဒိယနယ်စပ်နှင့် မြန်မာ-ထိုင်း နယ်စပ်များ တွင်
အခြေစိုက်လျှက်ရှိသည်။
နိရဉ္စရာ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment