Thursday, June 13, 2013
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်းဒေသမှ ဗုဒ္ဓဘာသာဝင်
ရခိုင်မျိုးနွယ်စုများသည် အမြဲတန်း အခြေချနေထိုင်ရန် အတွက် မြန်မာနိုင်ငံ
ရခိုင်ပြည်နယ်သို့ ဆက်လက်ပြောင်းရွေ့နေကြသည်ဟု သိရသည်။
လွန်ခဲသည့်အင်္ဂါနေ့ကလည်း လူပေါင်း ၃၀ ခန့် ရခိုင်ပြည်နယ်မောင်တောဘက်သို့
ပြောင်းရွေ့သွားကြောင်း ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တက်ကနက်မြို့နယ်
မြစ်နားရွာရွာသား မျက်မြင် တစ်ဦးက ပြောသည်။
“ ဒီလွန်ခဲ့တဲ့
အင်္ဂါနေ့ မနက် ၉ နာရီကျော်မှာ တစ်ဖွဲ့ မောင်တောဘက်ကို နတ်မြစ်ကို လှေနဲ့
ဖြတ်ကျော် ကူးသွားတယ်။ အဲဒီနေ့ဘဲ ညနေ ၃ နာရီကျော်မှာတဖွဲ့ ဆက်ကူးသွားကြတယ်။
သူတို့အားလုံး ကျွန်တော်တို့ရွာက လှေနဲ့ ကူးသွားကြတယ်” ဟု ဆိုသည်။
သူတို့မှာ စစ်တကောင်းတောင်တန်းဒေသ ဘင်ဒရာဘင်ခရိုင်
တန်းဆိပ်မြို့နယ်အတွင်းမှ ကျေးရွာသား များ ဖြစ်ပြီး မိသားစု ၁၀ စုခ
န့်ရှိကြောင်း ရခိုင်ပြည်နယ်ဘက်သို့ ပြောင်းရွေ့သူများကို
ကူညီလိုက်ပို့ပေးသူ တန်းဆိပ်ဒေသခံ တစ်ဦးက ပြောသည်။
“ အားလုံး
မိသား ၁၀ စုခန့်ရှိပါတယ်။ ကျောင်းစုရွာက ပါတယ်။ တန်းဆိပ်ကပါတယ်။ ပြီးတော့
ဇီနာပါရာက လူ တွေလည်းပါတယ်။ သူတို့က ဒီဘက်မှာ
လုပ်ကိုင်စားသောက်ဖို့အခက်အခဲရှိတယ်။ အရင် သူတို့လုပ် ကိုင် စားသောက်နေတဲ့
နေရာတွေကလည်း အကြောင်းအမျိုးမျိုးကြောင်း ဆုံးရှုံးသွားကြတယ်။ ရခိုင် ပြည်
နယ်ကို ပြောင်းရွေ့သွားရင်း မိသားစုစားဝတ်နေရေးအတွက် စားသောက်ရေး
အဆင်ပြေမယ်ဆိုတဲ့ မျှော်လင့် ချက် တွေနဲ့ ပြောင်းသွားကြတာဖြစ်ပါတယ်။”
ယခုပြောင်းရွေ့သွားသူများမှာ မောင်တောမြို့နယ် ငခူရကျေးရွာတွင်
ယာယီတည်းခိုပြီး ယင်းက တစ်ဆင့် မောင်တောမြို့ ဗဟိုကျောင်းသို့ ဆက်လက်
ပြောင်းရွှေ့သွားခဲ့ကြသည်ဟု သိရသည်။ သူတို့အား ဒေသခံများနှင့် ရခိုင်လူမှု
အဖွဲ့အစည်းများမှ အကူအညီများ ထောက်ပံ့ပေး နေသည်ဟု ဆိုသည်။
၂၀၁၃
ခုနှစ်ဆန်းပိုင်းမှ စပြီး ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်း ဒေသရှိ
ရခိုင်မျိုးနွယ်စုများမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့
ပြောင်းရွေ့နေထိုင်လာကြခြင်းဖြစ်သည်။
ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ
ပြောင်းရွေ့သွားသူများမှာ မောင်တောမြို့နယ်နှင့်
ကျောက်တော်မြို့နယ်များတွင် ခိုလှုံ လျှက်ရှိကြပြီး လူဦးရေ အားဖြင့်
တစ်ထောင်ကျော်သွားပြီဟု သိရသည်။
narinjara
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment