အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုညီလာခံကိုမတ်လ၁၁
ရက်နေ့မှာကျင်းပပြီးစီးသွားခဲ့ပါတယ်။ညီလာခံ အပြီးမှာလူဟောင်းတွေ ထုတ်ပယ်ခံရသလို လူသစ်တွေလဲနေရာ ရသွားပါတယ်။ ညီလာခံအပြီးမှာတော့စိတ်မကောင်း
စရာဖြစ်ရပ်တွေဖြစ်ကျန်ခဲ့သလို နေရာမရမှု၊ အလေးပေးမှုမရှိခဲ့တာလဲကြုံတွေ့ခဲ့ရပါတယ်။ ကျွန်မကတော့
ပါတီကို စတင် တည်ထောင်လာကထဲကဖက်တွယ်လာသူတစ်ယောက်ပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၅)နှစ်ကထဲက
ပါတီဝင်အဖြစ် လှုပ်ရှားခဲ့သူ တစ်ယောက်ပါ။ ယုံကြည်ချက်၊ခံယူချက်ပြည့်ပြည့်၀၀နဲ့နေလာခဲ့ပေမယ့်
ပါတီတွင်းမှာပြန်လည်ရွေးချယ် တဲ့အခါကျတော့ ကျွန်မတို့နေရာမရခဲ့ပါဘူး။
ကျွန်မနည်းတူ ပါတီဝင်အဟောင်းအချို့လဲ ထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။ဒေါ်အောင်ဆန်းစုကြည်အနေနဲ့
ပါးစပ်ကသာအများဆန္ဒ၊အများဆန္ဒပြောနေပေမယ့် တကယ်တန်းတော့ NLD တစ်ခုလုံးဟာ ဒေါ်အောင်ဆန်းစုကြည်
တစ်သွေးတစ်သံတစ်မိန့်အောက်မှာပဲလှုပ်ရှားရုန်းကန်နေရတာပါ။ပြောရယင်NLDဟာအာဏာရှင်ဒေါ်အောင်ဆန်းစု
ကြည် ရဲ့ တချက်လွတ်ဆုံးဖြတ်ချက်အတိုင်းလိုက်နာလုပ်ဆောင်နေရတာပါ။ ညီလာခံအပြီးမှာတော့NLDကို
အတိမ်း အစောင်း မရှိအောင်ခုခံကာကွယ်လာတဲ့ဦးတင်ဦးနဲ့ ဘယ်သူတွေဘယ်လိုပြောပြောဒေါ်အောင်ဆန်းစုကြည်လုပ်တာမှ
အမှန်ကန် ဆုံးလို့ယူဆထားတဲ့ ဦးဝင်းတင်တို့နှစ်ဦးချောင်(ဂျောင်)ထိုးခံလိုက်ရတာပါပဲ။
ဦးသန့်ဇင်၊ဦးခင်မောင်ဝင်း၊ဦးခင်မောင်ရှိန်နဲ့ဒေါ်မိမိကြီးတို့ကိုထုတ်ပယ်ခဲ့တာနဲ့ပတ်သက်လို့
ဦးဝင်းတင်က ဒီလိုမျိုး ထုတ်ပယ်လိုက်တာဟာအဖွဲ့ချုပ်ကိုပြိုကွဲစေတဲ့အကြောင်းထောက်ပြပြောဆိုခဲ့ပါတယ်။ ထုတ်ပယ်ခံရတဲ့ သူ
တွေဘက် ကဦးတင်ဦး ကရပ်တည်ပေးခဲ့ပါတယ်။ ဒါကိုဒေါ်အောင်ဆန်းစုကြည်ကဘ၀င်မကျပါဘူး။ ဒါကြောင့်လဲအခုခါ
မှာတော့ ဦးတင်ဦး ကို မလွှဲသာမရှောင်သာ နာယကနေရာမှာပေးထားလိုက်ပါတယ်။
ဦးဝင်းတင်ကျတော့လဲ တစ်မျိုးဖြစ်နေပါတယ်။ အရမ်းကြီးကိုတယူသန်နိုင်လွန်းလှပါတယ်။ မှန်တာကိုဒုတ်ထိုး
အိုးပေါက်ပြောတတ်ပါတယ်။ ဘဘဦးဝင်းတင်က သူမှန်တယ်ထင်ရင်အလျော့မပေးပါဘူး။ အထူးသဖြင့်၂၀၀၈ခုနှစ်
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆိုတာသူ့ခေါင်းထဲမှာစွဲမြဲနေပါတယ်။ အခုကျတော့NLD ဥက္ကဋ္ဌကြီးအနေနဲ့
စစ်တပ် ရဲ့ ထောက်ခံမှုလိုချင်တဲ့အတွက် ၂၀၀၈ဖွဲ့စည်းပုံပြင်မယ်ဆိုတဲ့စကားမပြောတော့ပါဘူး။
အဲလိုဖြစ်တဲ့ အခါကျ တော့ ဦးဝင်းတင်နဲ့ သိပ်အစည်းမကပ်တော့ပါဘူး။ဦးဝင်းတင်ကတော့ စစ်အစိုးရတစ်လျှောက်လုံးခံလာရတဲ့သူဆို
တော့ စစ် အစိုးရလုပ်တာမှန်သမျှပြောင်းလဲပစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိပါတယ် ။နောက်ဆုံးမှာတော့ဦးဝင်းတင်လဲ
နာယကကြီး ဆိုပြီးNLDမှာ မြောင်းထဲရောက်သွားပါတယ်။
ကျွန်မအနေနဲ့ကတော့ဘဘဦးတင်ဦးနဲ့ဦးဝင်းတင်နှစ်ယောက်စလုံးကို
နေရာပေးစေချင်ပါတယ်။ ဗဟိုကော် မတီထဲမှာ ပါစေချင်ပါတယ်။ NLDအနေနဲ့ တရားဝင်ပါတီဖြစ်လာတဲ့အခါမှာ စီးပွားရေး၊ ကြီးပွားရေး အမြင်ရှိတဲ့ သူတွေ တော်တော် များများဝင်ရောက်နေရာယူလာကြပါတယ်။ အရင်စစ်အစိုးရတစ်လျှောက်လုံးမှာ
NLD ကို လှည့်ကြည့်ဖော်မရခဲ့ပေမယ့်အခုအခါမှာတော့အပြေးအလွှားအမေစုမှအမေစုဖြစ်လာသူတွေများနေပါတယ်။
ပြောရယင် သာကူး တွေများနေပါတယ်။ဒါကြောင့်လဲကျွန်မတို့လိုနှစ်ပေါင်းများစွာအနစ်နာခံလာသူတွေ
ဘေးကိုရောက်သွားတာပါပဲ။ သာကူးအဖွဲ့တွေအနေနဲ့ဌာနချုပ်ရဲ့ အရှိန်အ၀ါ၊ဒေါ်အောင်ဆန်းစုကြည့်အရှိန်အ၀ါကိုသုံးပြီးတော့
ကိုယ့်ကိုကိုယ် တကယ့် ဆရာကြီးတွေလို သဘာကြီးတွေလို အုပ်စုဖွဲ့ထားပါတယ်။
ဒါတွေကြောင့်လဲ ကယားပြည်နယ်မှာပါတီဝင်တစ်သောင်းကျော်နှုတ်ထွက်ခဲ့တာတွေ၊
ဧရာဝတီတိုင်းမှာ ပါတီဝင်တွေပါတီအပေါ်ဆန္ဒပြမှုတွေဖြစ်ခဲ့တာပါ။ ဒီပုံအတိုင်းဆိုရင်နောင်လဲ
ဆက်ဖြစ်ဦးမယ်လို့ကျွန်မ ထင်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်အနားမှာ လက်ရှိဝန်းရံနေတဲ့သူတွေအနေနဲ့
ကိုယ်နေရာရဖို့အတွက်သာအဓိကထားနေပြီး ပါတီအတွက်ကောင်းတဲ့အကြံဥာဏ်ပေးနိုင်တဲ့သူတွေမဟုတ်ကြပါဘူး။
ပါတီတွင်းမှာနေရာရနေသူတွေဟာကြမ်းပိုး လိပ်ဖြစ်အောင်၊လိပ်ကိုကြမ်းပိုးဖြစ်အောင်ပြောနိုင်သူတွေသာများပါတယ်။ဦးဝင်းတင်တို့လို
ဒုတ်ထိုးအိုးပေါက်ပြောတဲ့ သူမျိုးတွေလိုအပ်ပါတယ်။
ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီစနစ်ကိုသွားနေတာဆိုတော့
လူတိုင်းကလွတ်လွတ်လပ်လပ်နဲ့ ပါတီဝင် လို့ရ သလို အများသဘောတူတဲ့ အကြောင်းပြချက်နဲ့လဲရှိပြီးသားပါတီဝင်တွေကို
ဖယ်ထုတ်နိုင်ပါတယ်။NLD ပါတီရဲ့ အနာဂတ် အခြေအနေရင်မအေးစရာပါပဲ။ NLD ပါတီဟာဒေါ်အောင်ဆန်းစုကြည်လို
ပေါ်ပင်(နာမည်ကြီး)နိုင်ငံရေး သမားတစ်ယောက် မရှိတော့တဲ့အချိန်ကျရင်တော့အလဲလဲအကွဲကွဲနဲ့
နိုင်ငံရေးဘက်မှာ ရင့်ကျက်တည်ငြိမ်မှု ရှိတဲ့ ခေါင်းဆောင်ကောင်းတွေ ပါတီမှာမကျန်ရစ်တော့ဘဲ
သာကူးလိုလို ဘာလိုလိုနဲ့ ကိုယ့်ကိုကိုယ် စိတ်ကြီးဝင်နေတဲ့ တစ်ယူသန်၊ တစ်စောက်ကန်း၊ မျက်ကန်းနိုင်ငံရေးသမားတွေပဲ
အုပ်ချုပ်ကိုင်တွယ်တော့မယ်ဆိုရင် NLD ပါတီရဲ့ ရှေ့ရေးဟာ ရင်လေးစရာဖြစ် လာနေပြီ ဆိုတဲ့အကြောင်း
တင်ပြလိုက်ရပါတယ်။
စောနွယ်လေး
No comments:
Post a Comment