ပြီးခဲ့သည့် မတ်လ ၇ ရက် ၆ နာရီခွဲအချိန်တွင် ပြည်မြို့နယ်၊ ဖက်တန်းလမ်းရှိ၊ ဆံတော်ရပ် ကွက်ရှိ၊ ရပ်/
အဆိုပါ ပါတီရုံးရှေ့တွင် ဦး ကျော်ဆန်း၊ ဦးမြင့်သိန်း၊ ဦးခင်ဦး၊ ဦးတိုး ကြီး ၊ ဒေါ်ဖြူဖြူစန်းတို့မှ ဦးဆောင်၍ ““အမျိုးသားဒီမို က ရေစီ အဖွဲ့ချုပ်ဥက္က ဋ္ဌ ဒေါ်အောင် ဆန်းစုကြည်အား လှိုက်လှဲစွာ ထောက်ခံပါသည်။ ဗဟိုညီလာခံ ကြီးအား လှိုက်လှဲစွာထောက်ခံ အပ်ပါသည်”” ““ပြည်မြို့နယ် ညီ လာခံကိုယ် စားလှယ်(၃)ဦးအား မမှန်မကန်သည့်အတွက် (လုံးဝ) (လုံးဝ)ပြင်းထန်စွာ ကန့်ကွက်ပါ သည်””၊ ““မမှန်မကန်သော ပြည်မြို့နယ်မှ ကိုယ်စားလှယ် (၃) ဦးအား မထောက်ခံပါ””၊ ““ဒေါက် တာခင်မောင်ဝင်းပါ(၃)ဦးအား ပြည်မြို့နယ် မှ လုံးဝ လက်မခံ နိုင်ပါ””ဟူသော စာတမ်းပါ ဗီနိုင်း ပိုစတာများ၊ ဗီနိုင်းစတွင် ခွပ် ဒေါင်းအစစ်တွေရဲ့ ဆန္ဒဟူသော ခေါင်းစဉ်ဖြင့် ““အမျိုးသား ဒီ/ ချုပ် အဖွဲ့ရဲ့ နိုင်ငံလုံးဆိုင်ရာ ညီ လာခံကြီးကို ယုံကြည်မျှော်လင့် ချက်အပြည့်နဲ့ ကြိုဆိုပါ၏။ ပြည် သူတွေက ပိုပြီးတော့ ချစ်ခင်လေး စားယုံကြည်အားထား ရသော အမျိုးသားဒီ/
အဆိုပါ ဆန္ဒဖော်ထုတ်မှု အား ဦးဆောင်သူ ဦးကျော်ဆန်း၊ ဦးမြင့်သိန်းတို့အ ဖွဲ့အား သက် ဆိုင်ရာတာဝန်ရှိသူများမှ ခွင့်ပြု ချက်မရှိဘဲ ဆန္ဒဖော် ထုတ်ခြင်း ကြောင့် ပြည်အမှတ်(၂)ရဲစခန်း မှူး ရဲအုပ်လှထွန်းမှ တရားလို ပြု လုပ် ၍ ဦးဆောင်သူ ဦးကျော် ဆန်း၊ ဦးမြင့်သိန်း၊ ဦးခင်ဦး၊ ဦး တိုး ကြီး၊ဒေါ်ဖြူဖြူ စန်း တို့အား (ပ) ၂၀၇၊ ၂၀၁၃ဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့်အရေးယူ ထားကြောင်း သိ ရသည်။
Myanmar Express
No comments:
Post a Comment