မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မတ်လ ၉ ရက်နေ့က လူဦးရေ ရာနှင့်ချီ အစာအဆိပ်သင့်မှု ဖြစ်စဉ်တွင် အမျိုးသမီးတစ်ဦး
သေဆုံးခဲ့သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် အဆိုပါ အမျိုးသမီးသည် အလှူရက် မတိုင်မီကတည်း က သေဆုံးခဲ့ သူ ဖြစ် သည်ဟု အလှူပွဲကို ဦးဆောင်စီစဉ်ခဲ့သူ သံဃာတော်များက မတ်လ ၁၀ ရက်နေ့က ရှင်းလင်း မိန့်ကြားပါသည်။
“အစာအဆိပ်သင့်တာ ဟုတ်မဟုတ် ဓာတ်ခွဲခန်းကိုပို့ပြီး စစ်ဆေး ထားတယ်။ သေဆုံးတဲ့ အမျိုးသမီးက အလှူရက် မတိုင်ခင် ကတည်း ကပါ။ အလှူနဲ့ မဆိုင်ဘူး။ ဒီရွာပတ်ဝန်းကျင်မှာ ၀မ်းပျက်ဝမ်းလျှော ဖြစ်နေတာ အလှူမတိုင်ခင် ကတည်း က၊ အခုအချိန်က ရာသီဥတု အကူးအပြောင်း လည်းဖြစ်၊ အလှူပေးတဲ့နေ့က နေပူထဲ အလှူလှည့်ပြီး အပြန်မှာ အအေးတိုက်လိုက် သေးတယ်။ အလှူအိမ်က ထမင်းနဲ့ဟင်းကိုကျောင်းတိုက် မှာရှိတဲ့ သံဃာ အပါး ၃၅၀ ကျော်ကို အရုဏ်ဆွမ်း၊ နေ့ဆွမ်းကပ်တာ ဘာမှမဖြစ်ပါဘူး” ဟု အဆိုပါ အလှူကို စီစဉ်ဆောင် ရွက်သူ သံဃာတစ်ပါးက ပုဏ္ဏားကုန်း ကျေးရွာရှိ အလှူအိမ်တွင် ရှင်းလင်းပြောကြားပါသည်။
“ဒီဖြစ်စဉ်ကြောင့် ဆေးထိုးရတဲ့ သူတော့ မရှိပါဘူး။ သူတို့ဖြစ်တဲ့ အခြေအနေက အစာအဆိပ်သင့်တဲ့အခါ ကြုံတွေ့ရတဲ့ လက္ခဏာတွေပါ။ အစားအသောက်က မသန့်ရှင်းတာလား၊ ကိုင်တွယ်သူတွေက မသန့်ရှင်း တာလား ဆိုတာကိုတော့ ဓာတ်ခွဲပြီး အဖြေထွက်မှ အတိအကျ ပြောနိုင်ပါမှာ” ဟု ပုသိမ်ကြီးမြို့ နယ် ဆရာ ၀န်မှ ပြောကြားထားသည်။
Eleven Media Group

No comments:
Post a Comment