ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းတာဝန်ပေးလိုက်သော လယ်ယာမြေနှင့်
အခြားမြေများ သိမ်း ဆည်းမှု စုံစမ်း ရေး ကော်မရှင်အဖွဲ့သည် ယနေ့
ပုဏ္ဏားကျွန်း မြို့နယ်မှ စတင်ပြီး လယ်မြေများ သိမ်းဆည်ခံနေရမူများကို
စစ်ဆေးနေ ပြီဖြစ်သည်ဟု အဖွဲ့ဝင် တစ်ဦးဖြစ်သူ မြေပုံမြို့နယ် ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက နိရဉ္စရာသို့ ပြောသည်။
“
ပြည်နယ် အစိုးရနဲ့ ဌာနဆိုင်ရာတွေနဲ့ ညှိပြီးတော့ ဒီနေ့
ပုဏ္ဏားကျွန်းကိုရောက်နေပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဆိပ် ကျေးရွာက
လယ်သမားတွေနဲ့ ယခင် ကျေးရွာ ဥက္ကဌဟောင်း ဦးမောင်လုံးချေနဲ့အပါအ၀င် ရွာသား
တွေကို ခေါ်ပြီးတော့ အခု ကျွန်တော်တို့ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှာ
စစ်ဆေးနေပါတယ်။ မနက်ဖန် အောင် ဆိပ် ကျေးရွာထိ သွားပြီးတော့ မြေပြင်
အနေအထားကို သွားပြီး လေ့လာမှာ ဖြစ်ပါတယ်။ အဲဒီ အချက်အလက် တွေ ရပြီးမှ
ပြည်ထောင်စု လွှတ်တော်ကို တင်ပေးမှာ ဖြစ်ပါတယ်။”
၎င်းကော်မရှင်အဖွဲ့အနေဖြင့်
ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဆေးပြီးလျှင် တခြား မြို့နယ်များသို့လည်း
တစ်မြို့နယ်ပြီး တမြို့နယ် သွားရောက် စစ်ဆေးမည်ဟု ဦးဖေသန်းက ပြောသည်။
“
ကျွန်တော်တို့ ကော်မရှင် အဖွဲ့ဟာ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဆေးပြီးရင်
ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ သံတွဲနဲ့
တောင်ကုတ်မြို့နယ်တွေမှာ လယ်သမားတွေဆီက သိမ်းယူထားတဲ့ လယ်မြေ ပြဿနာ ၁၃
မှုကိုလည်း သွားရောက် စုံစမ်းမှာဖြစ်ပါတယ်” ဟု ဆိုသည်။
မြန်မာတစ်နိုင်ငံလုံးရှိ
လယ်ယာမြေ ပြဿနာများကို စုံစမ်းစစ်ဆေးရန်အတွက် ပြည်ထောင်စု လွှတ်တော်မှ
ကော်မရှင် အဖွဲ့ခွဲ ၉ ခု ဖွဲ့စည်းကာ တာဝန်ပေးထားသည်ဟု သိရသည်။
ရခိုင်ပြည်နယ်နှင့်
ချင်းပြည်နယ်မှ လယ်ယာမြေ ပြဿနာများကို စုံစမ်းစစ်ဆေးရန်
ကော်မရှင်အဖွဲ့ခွဲတွင် အမျိုး သား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှ
လွှတ်တော် ကိုယ်စားလှယ် (၈) ဦးဖြင့် ဖွဲ့စည်းထားသည်။
ရခိုင်ပြည်နယ်တွင်
လယ်သာမြေ သိမ်းဆည်းမှုပြဿနာ တရားဝင် လွှတ်တော်သို့ တင်ပြထားသော အမှု ၁၃ မှု
အပါအ၀င် သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် နိုင်ငံတော်သမ္မတထံ တိုက်ရိုက်
တိုင်ကြားထားသည့် အမှုများကို လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန်
အစီအစဉ် ရှိသည်ဟုလည်း သိရသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment