မြန်မာအစိုးရနှင့်
တိုင်းရင်းသားအဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှတဆင့်
နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲများ အစပျိုးနိုင်ရန်အတွက်
စက်တင်ဘာ(၁၆)ရက်နေ့က ချင်းမိုင်တွင်ပြုလုပ်သည့်
တိုင်းရင်းသားလူမျိုးများညီလာခံတွင် ဆုံးဖြတ်ခဲ့ ကြောင်းသိရှိရသည်။
အဆိုပါညီလာခံသို့ တက်ရောက်မှုနှင့်ပတ်သက်၍ ပြည်တွင်းတိုင်းရင်းသားပါတီများအကြား သဘောထားကွဲမှုများ ဖြစ်ပေါ်လျှက် ရှိ ကြောင်း သိရှိရသည်။
“သူတို့က
၂၀၀၈ဖွဲ့စည်းပုံကို လက်မခံတဲ့သူတွေကိုဖိတ်တာက တစ်ကြောင်း
နောက်သွားလို့ရှိရင်လည်း ရပ်တည်မှုအရ အပြစ်ရှိ နိုင်တယ်လို့ ထင်လို့ပါ ဒီနေ့
(စက်တင်ဘာ(၁၇)ရက်နေ့ ညနေတော့ အဲ့ဒီ ညီလာခံဆုံးဖြတ်ချက်တွေ ပို့ပေးမယ်လို့
ပြောတယ်၊” ဟု မွန်အမျိုးသားဒီမိုကရေစီပါတီက နိုင်ငွေသိမ်းက ပြောသည်။အဆိုပါညီလာခံနှင့်ပတ်သက်၍
ပြည်တွင်းတွင် WGECအဖွဲ့အား တရားဝင်အဖွဲ့အစည်းအဖြစ်ရပ်တည်နိုင်ရေး
ဦးစွာကြိုးပမ်းသင့် ကြောင်း၊ ပြည်တွင်းပြည်ပနိုင်ငံရေးပါတီနှင့်
အဖွဲ့အစည်းများအကြား ထိုကဲ့သို့ အမြင်နှင့် နိုင်ငံရေးချည်းကပ်ပုံ
နည်းပညာမတူဖြစ် နေသည်များအား ညှိုနှိုင်းဆောင်ရွက်နိုင်ပါက မိမိတို့အနေဖြင့်
လက်ခံမည်ဖြစ်ကြောင်း နိုင်ငွေသိမ်းက ဆိုသည်။
မြန်မာနိုင်ငံတော်
အစိုးရဘက်က နိုင်ငံတော်ပြန်တမ်းနှင့်ထုတ်ပြန်သည့် အချက်(၈)ချက်ပါ
ငြိမ်းချမ်းရေး မြေပုံရေးဆွဲ ထားသလို ချင်းမိုင်တိုင်းရင်းသား
လူမျိုးများညီလာခံမှနေ၍ အဆင့်(၃)ဆင့်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်
တိုင်းရင်းသား တို့၏ ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ်(၆)ရပ်ပါ
လမ်းပြမြေပုံအား ရေးဆွဲခဲ့သည်။
အဆိုပါညီလာခံကို
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပြည်တွင်း/ပြည်ပက
နိုင်ငံရေးပါတီခေါင်းဆောင်များ လူမှုရေးအဖွဲ့
အစည်းများဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ (၁၆)ရက်နေ့တွင်
ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသားလူမျိုးများညီလာခံတွင်
ရေးဆွဲခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သုံးဆင့်မှာ
တိုင်းရင်းသားဒေသများတွင် အစိုးရတပ်များ ၏ ထိုးစစ်ဆင်မှုအား
ချက်ခြင်းရပ်တန့်ပေးရန်နှင့် နှစ်ဖက်တပ်များ လိုက်နာရမည့်ကျင့်ဝတ်
Military Code of Conduct အား ပြဌာန်းဆောင်ရွက်ရန်၊ အပစ်ရပ်ကာလမှာပင်
ပြည်သူများ၏ လုံခြုံရေးနှင့် လူ့အခွင့်အရေးအား အာမခံချက် ပေး ရန်နှင့်
လွတ်တော်ပြင်ပနိုင်ငံရေးအနေဖြင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ဖြေရှင်းရန်
အာမခံရေးစသည့် အချက်များ ပါဝင်သည်။
အဆိုပါ
တိုင်းရင်းသားလမ်းပြမြေပုံနှင့်ပတ်သက်၍ တိုင်းရင်းသားလူမျိုးများ
ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC အဖွဲ့ဝင် ဦးခွန်ဥက္ကာ က
ယခုကဲ့သို့ရှင်းလင်းပြောကြားခဲ့သည်။
“သမ္မတကြီးဦးသိန်းစိန်ရဲ့
(၈)ချက်အတိုင်း ကျွန်တော်တို့က လိုက်နာလုပ်ဆောင်လို့ မဖြစ်ဘူး၊
ညှိနှိုင်းဖို့ လိုတယ်၊ ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က
လမ်းပြမြေပုံပဲ ခေါ်ခေါ်ပေါ့ ကျွန်တော်တို့မှာလည်း အချက်(၆)ချက်၊ သမ္မတကြီးရဲ့
(၈)ချက်ကိုလည်း ကျွန်တော်တို့ ဆွေးနွေးမယ်၊ ကျွန်တော်တို့ (၆)ချက်ကိုလည်း
ဆွေးနွေးပါ၊ အပြန်အလှန် ညှိတာနဲ့ ပေါ်လ တီကယ်ဒိုင်ယာလော့လို့ခေါ်တဲ့
နိုင်ငံရေးဆွေးနွေးပွဲရဲ့ အစပျိုးတဲ့ ခြေလှမ်း ဖြစ်သွားမယ်” WGEC အဖွဲ့ဝင်
ဦးခွန်ဥက္ကာက ပြော သည်။
ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား
နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ပါဝင်စောင့်ကြည့်နိုင်ရေး မြေယာ
အပါအ၀င် သဘာဝရင်းမြစ်များကို အသုံးပြု၍ လုပ်ဆောင်နေသည့်
စီမံကိန်းများနှင့်ပတ်သက်၍ ပဏာမဆွေးနွေး ညှိုနှိုင်းရေးစသည့် အချက်များ
ပါဝင်ကြောင်းကိုလည်း သိရှိရသည်။
မြန်မာနိုင်ငံတွင် တည်ဆောက်နေသည့်
စီမံကိန်းများအရေးနှင့်ပတ်သက်၍ ပြည်သူအများစုလက်ခံနိုင်သည့် စီမံကိန်းများ
သာလျင် အောင်မြင်သည့် စီမံကိန်းဟု သတ်မှတ်နိုင်ကြောင်း
(၈၈)မျိုးဆက်ကျောင်သားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြည်တွင်းမီဒီယာ
သမားများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
တိုင်းရင်းသားလူမျိုးများ၏
ငြိမ်းချမ်းရေးဆိုင်ရာနိုင်ငံရေးလုပ်ငန်းစဉ်(၆)ချက်မှာ
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများ၊
အမျိုးသမီးနှင့် လူငယ်ထုအပါအဝင် Civil Societies လူမှုရေးအဖွဲ့အစည်းများ
တွေ့ဆုံ ဆွေးနွေးပွဲကျင်းပကာ“နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်”
(Framework for Political Dialogue) တွင်ပါဝင် မည့် အချက်အလက်များကို
သဘောတူချမှတ်ရန်ပါ ပထမအချက်အနေဖြင့်ပါဝင်သည်။
ပြည်ထောင်စုအစိုးရကိုယ်စားလှယ်များနှင့်
လက်နက်ကိုင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၏ စုစည်းထားသော ကိုယ်
စား လှယ်များအကြား တွေ့ဆုံဆွေးနွေး၍အဆိုပါ
နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်ကို သဘောတူညီချက်ထားရန်၊ဆွေးနွေးပွဲကို
နှစ်ဘက်လက်ခံနိုင်သော နေရာတွင် ပြုလုပ်ရန်။ သဘောတူညီချက်များကို
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း ဘက် မလိုက်သောနိုင်ငံတကာ
လေ့လာစောင့်ကြည့်ရေး အဖွဲ့ထားရှိရန်နှင့်သဘောတူညီချက်များကို
ပွင့်လင်းမြင်သာအောင် အများ ပြည်သူ သိရှိနိုင်ရေး ပူးတွဲထုတ်ပြန်ရန်
စသည့်အချက်များ ပါဝင်သည်။
အဆိုပါ မူဘောင်သဘောတူညီချက်ရရှိပြီးမှ
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် (သို့)
လူမျိုးစုအလိုက်တိုင်းရင်းသား ညီလာခံများ ကျင်းပကာ
ရှင်းလင်းညှိနှိုင်းသဘောထားရယူသွားရန်။ ထိုမှတဆင့် တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် တိုင်းရင်း သားများ၏လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်
းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊
အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများ အပါအဝင် Civil Societies
အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များနှင့် အသိပညာရှင်၊ အတတ် ပညာ
ရှင်များပါဝင်သောတိုင်းရင်းသားလူမျိုးစုံညီလာခံတစ်ခု ခေါ်ယူကျင်းပသွားရန်။
တိုင်းရင်းသားအင်အားစုများ၏
ကိုယ်စားလှယ်များ၊ ဒီမိုကရေစီနည်းအရ လှုပ်ရှားနေကြသော
နိုင်ငံရေးအင်အားစုများ၏ ကိုယ်စား လှယ်များ၊
အစိုးရကိုယ်စားလှယ်များအချိုးညီစွာ ပါဝင်သည့် အင်အားစုသုံးစုစလုံး
လက်ခံနိုင်သောပုံစံဖြင့်ပင်လုံစိတ်ဓါတ်ကို အခြေ ခံသော
ပြည်ထောင်စုညီလာခံကြီးတစ်ရပ် ကျင်းပသွားပြီး ထိုညီလာခံကြီးမှ
ချမှတ်သောသဘောတူညီချက်များကို“တိုင်းရင်းသား လူမျိုးများဆိုင်ရာ
ပြည်ထောင်စုသဘောတူညီချက်”(Union Accord)အဖြစ် သဘောတူလက်မှတ်ရေးထိုးရန်နှင့်
နောက်ဆုံး အချက်မှာ အဆိုပါ ပြည်ထောင်စု သဘောတူညီချက်ကို အချိန်အတိအကျ
သတ်မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် စသည့်အချက်များ ပါဝင်သည်။
အဆိုပါ
(၆)ချက်ပါ တိုင်းရင်းသားငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အစိုးရက
ခေါ်ယူကျင်းပမည့် ပင်လုံကဲ့သို့သော ညီလာခံ စတင်ချိန်မှ သဘောတူညီမှုရရှိသည့်
အချိန်အထိ (၃)နှစ်ခန့် အချိန်ယူ ဆောင်ရွက်မှသာ ပြေလည်နိုင်မည်
ဖြစ်ကြောင်းကို လည်း ဦးခွန်ဥက္ကာထံက သိရသည်။
“ပင်လုံကဲ့သို့ ညီလာခံ
ဘယ်အချိန်က စစ ချက်ချင်း ပြီးမှာမဟုတ်ဘူး နိုင်ငံတကာ
အတွေ့အကြုံအရဆိုရင်တော့ ဆွေးနွေး ညှိနှိုင်းသွားတာ ညီလာခံကိုယ်နှိုက်က
သုံးနှစ်လောက် ကြာနိုင်တယ်လို့ ကျွန်တော်ထင်တယ် အဲ့ဒီလောက်မှ ကျေလည် အဖြေ
တစ်ခုခုလေး ရပြီးတော့ အတူတူ နေနိုင်မည့်နည်းလမ်း အဲ့ဒီမှာပေါ်မယ်လို့
ကျွန်တော်တို့ ထင်တယ်၊ ဒါကြောင့် အခု ကျွန်တော် တို့က စပြီးတော့
ကြိုးစားမှာ” ဟု ဦးခွန်ဥက္ကာက ဆက်ပြောသည်။
တိုင်းရင်းသားညီလာခံတွင်
ဒေါ်မြရာဇာလင်း ၏ Gender Equality စာတမ်း၊
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၏ အမျိုး သားတန်းတူမှုစာတမ်း ဒေါက်တာ
ရွှေခါး၏ လူနည်းစုအခွင့်အရေး Minority Rights စာတမ်း၊ ဗိုလ်မှူးကြီး
ခွန်ဥက္ကာ က စစ်တပ်ရေးရာစာတမ်းများကို နောင်ညီလာခံတွင် အတည်ပြုနိုင်ရန်
တင်ပြခဲ့ကြောင်းကိုလည်း သိရှိရသည်။
ညီလာခံတွင် ချမှတ်ခဲ့သည့်
လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့်
တိုင်းရင်းသားပူးပေါင်းဆောင် ရွက် ရေးအဖွဲ့က (Working Group for Ethnic
Co-Cordination) က ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment