ထိုင်း-မြန်မာနယ်စပ်
မဲဆောက်မြို့အခြေစိုက် မယ်တော်ဆေးခန်း-MTC သည် မြန်မာအစိုးရ
ငြိမ်းချမ်းရေးကိုယ် စားနှင့် တွေ့ဆုံခဲ့ကြပြီးနောက် ၎င်းတို့ဆေးခန်းကို
မြန်မာပြည်တွင်းသို့ ပြန်လည်နေရာချရေး၊ မချရေး သတင်း
အမျိုးမျိုးထွက်ပေါ်လာသည့်အပေါ် ယမန်နေ့က ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။
မယ်တော်ဆေးခန်းမှ ပြောခွင့်ရ ဆရာမ နော်အဲ့သ၀ါးက “ဒီကိစ္စကြေညာချက်
မထုတ်တော့
သူတို့(မြန်မာအစိုး ရ)လာပြီးတဲ့နောက်မှာ ကျမတို့
လူမှုအသိုင်းအ၀ိုင်းနဲ့ ၀န်ထမ်းတွေကြားမှာ ဇဝေဇ၀ါဖြစ်တယ်လေ။ မြန်မာနိုင်ငံ
ပြန်တော့မလိုလို၊ ဒီမှာ နေမလိုလိုဖြစ်လို့ တိကျအောင် ရှင်းလင်းချက်
ထုတ်လိုက်တာ”ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဇွန်လနှင့် သြဂုတ်လက
မီးရထား(ယခုသမ္မတရုံး)၀န်ကြီးဦးအောင်မင်းဦးစီးသည့် အစိုးရငြိမ်းချမ်းရေး
ကိုယ်စားလှယ်အဖွဲ့သည် မယ်တော်ဆေးခန်းထူထောင်သူ ဒေါက်တာစင်သီယာမောင်နှင့်
အလွတ်သဘော နှစ်ကြိမ်တွေ့ဆုံခဲ့ရာတွင် မယ်တော်ဆေးခန်းကို မြန်မာနိုင်ငံသို့
ပြန်အခြေချရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံမှုတွင် မြန်မာနိုင်ငံဘက်ခြမ်း မြ၀တီဆေးရုံနှင့်
ထိုင်းနိုင်ငံဘက်ရှိ မဲဆောက်ဆေးရုံ၊ မယ်တော်ဆေးခန်း တို့
လူနာလွဲပြောင်းရေးကိစ္စ၊ နယ်စပ်ရှိ ကလေးမွေးစာရင်းကိစ္စနှင့် ကျန်းမာရေး၊
ပညာရေး၊ လူမှုဖွံ့ ဖြိုးရေး လုပ်ငန်းလုပ်ကိုင်သူများကို အသိအမှတ်ပြုရန်
လိုအပ်ရေးကိစ္စတို့တွင် ပူးပေါင်းဆောင်ရွက်ကြရန်လည်း အစိုးရ က
ဆွေးနွေးခဲ့သည်။
ဒေါက်တာစင်သီယာမောင်က “မြန်မာအစိုးရရဲ့ ကျန်းမာရေးစနစ်ဟာ
ပြည်သူအားလုံးအတွက် အခြေခံကျန်း မာရေးစောင့်ရှောက်မှု အပြည့်အစုံ
မလုပ်ပေးနိုင်သမျှတော့ ကျမတို့ ပြန်လို့မရသေးပါဘူး။ လက်ရှိ ကျမတို့
ဝန်ထမ်းတွေဟာ နယ်စပ်တလျှောက်မှာရှိတဲ့ ပြည်သူတွေကို အများကြီးကူညီပေးဖို့
လိုပါသေးတယ်။ အထူး သဖြင့် တိုင်းရင်းသားဒေသ တွေမှာပါ။”ဟု မယ်တော်ဆေးခန်း၏
ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
၎င်းတို့နှင့် ထပ်မံတွေ့ဆုံမှုများရှိပါက အလွတ်သဘောဖြင့် မဟုတ်ဘဲ
တရားဝင်တွေ့ဆုံရေးအတွက် အစီအစဉ် စနစ်တကျရေးဆွဲကာ အပြန်အလှန်ဆက်သွယ်၍
ဆွေးနွေးမည့် ခေါင်းစဉ်၊ ပါဝင်ဆွေးနွေးမည့် ပုဂ္ဂိုလ်သတ်မှတ် ပြီး
တွေ့ဆုံရမည့် အချိန်နေရာ သတ်မှတ်ခြင်း၊ သတင်းမီဒီယာများအား
မယ်တော်ဆေးခန်းတွင် ဖိတ်ခေါ်ပေး ခြင်းနှင့် သတင်းအချက်အလက် ဝေမျှခြင်း
စသည့်တို့ ဆောင်ရွက်ရန် လိုအပ်သည်ဟု မယ်တော်ဆေးခန်းက အစိုးရအား
တိုက်တွန်းသည်။
ဆက်လက်၍ ဆရာမ အဲ့သ၀ါးက “အရင်တွေ့ထားတာ နောက်ဆက်တွဲ ဘာမှ မရှိဘူး။
တွေ့ဆိုဖို့ဆိုရင် စနစ်တကျဖြစ်ဖို့ လိုတယ်လေ။ ဥပမာ-လာဆွေးနွေးတဲ့သူ ဟာ
ဆိုင်ရာဆွေးနွေးမယ့် ပုဂ္ဂိုလ်ဖြစ်ဖို့ လိုတယ်။ ကျန်မားရေးဆိုရင်
ကျန်းမာရေး၊ ဆရာဝန်ဆိုရင် ဆရာဝန်ပေါ့”ဟု ဖြည့်စွက်ပြောသည်။
မီးရထားဝန်ကြီး(ယခု သမ္မတရုံးဝန်ကြီး)ဦးအောင်မင်းဦးဆောင်သည့်
အစိုးရငြိမ်းချမ်းကိုစားလှယ်အဖွဲ့သည် မယ်တော်ဆေးခန်းထူထောင်ခဲ့သူ
ဒေါက်တာစင်သီယာမောင်နှင့် မဲဆောက်မြို့တွင် ပြီးခဲ့သည့် ဇွန်လ၂၆ရက် နေ့၌
တကြိမ်၊ သြဂုတ်လ ၅ရက်နေ့တွင် ဦးအောင်မင်း၏ဇနီး ဒေါက်တာဝေေ၀သန့်နှင့်တကြိမ်
တွေ့ဆုံခဲ့သည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment