မူလစာမျက်နှာ
သတင်း
ဆောင်းပါး
အိတ်ဖွင့်ပေးစာ
NLD
၈၈ မျိုးဆက်
ကာတွန်း
နိုင်ငံတကာရေးရာ
စီးပွားရေးသတင်း
နည်းပညာ
အထူးသတင်း
အနုပညာ
ဓာတ်ပုံ
အထွေထွေ
Wednesday, September 19, 2012
ကလေးမြို့နယ်အတွင်းတွင် ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုး ၁၀ ဦးကို လိုက်ပါပို့ဆောင်သူနှင့်အတူ ဖမ်းဆီးရမိ
ဖမ်းဆီးရမိသော ဘင်္ဂါလီ ၁၀ ဦးကို ကလေးမြို့သို့ ခေါ်ဆောင်လာစဉ် ဓာတ်ပုံ အောင်သူထွန်း
ကလေးမြို့တွင် ခိုးဝင်လာသော ဘင်္ဂါလီ ၁၀ ဦးကို ပေါက်တော ကျေးရွာရေနံမှော်၌ လိုက်ပါပို့ဆောင်သူနှင့်အတူ ဖမ်းဆီးရရှိမိပြီး ကလေးမြို့ ရဲစခန်းမှဥပဒေအတိုင်း တရားစွဲဆိုနိုင်ရန် ဆက်လက်ဆောင်ရွက်နေသည်ဟု သတင်းရရှိပါသည်။
''သူတို့ကို တွေ့တာက ကလေးမြို့နဲ့ နည်းနည်းဝေးတဲ့ ပေါက်တောကျေးရွာ ရေနံမှော်မှာပါ။ ဒေသခံတွေကတွေ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ မီးသတ်တွေက သွားရောက်ဖမ်းဆီးပြီး မြို့နယ်ရဲစခန်းနဲ့ လ၀ကတွေကို အကြောင်းကြားခဲ့တာပါ။ အခု ကလေးမြို့ ရဲစခန်းကို ခေါ်ဆောင်သွားကြပြီး တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်အောင် လုပ်နေတယ်လို့ သိရပါတယ်''ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။
အဆိုပါဘင်္ဂါလီလူမျိုးများသည် အိန္ဒိယနိုင်ငံ မိုးရေးမြို့မှတစ်ဆင့် ၀င်ရောက်လာခြင်းဖြစ်သည်ဟု သိရှိရပါ သည်။ ဘင်္ဂလီလူမျိုးများသည် နယ်စပ်မှတစ်ဆင့် စစ်ကိုင်းတိုင်းအတွင်းသို့ ၀င်ရောက်လာခြင်းမှာ ယခုမှာ ပထမဆုံးအကြိမ် မဟုတ်ဘဲ ယခင်ကလည်း ဖမ်းဆီးရရှိမှုများလည်းရှိခဲ့သည်ဟု သိရှိရပါသည်။ အဆိုပါ ဖမ်းဆီးရရှိမိသူများကို မှတ်ပုံတင်အက်ဥပဒေ ၆(၂) အရ ထောင်ဒဏ် နှစ်နှစ်စီချပြီး ကျန်ရှိနေသော လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃(၁)၊ ၁၃ (၅) နှင့် အခြားစွဲ ချက်များအတွက်လည်း ပြစ်ဒဏ်ကျခံရမည်ဟု ကလေးမြို့ရဲစခန်းမှ ပြောကြားချက်အရ သိရှိရသည်။
ဖမ်းဆီးရရှိသော တရားခံများသည် အသက် ၂၀ ၀န်းကျင်အရွယ်များဖြစ်ကြကာ အချို့မှာ မြန်မာစကားအနည်းငယ် တတ်ကျွမ်းကြပြီး အချို့မှာ ဘင်္ဂါလီစကားသာ တတ်ကျွမ်းသည်ဟု သိရှိရပါသည်။
''ကလေးမြို့မှာတော့ သမ္မတကြီးထောက်ခံပွဲအပြီး နောက်နေ့မှာမိတာဆိုတော့ ဒီကိစ္စကို စိတ်ဝင်စားနေကြတယ်။ ဟိုနားဒီနားမှာလည်း ဘင်္ဂါလီတွေ ခိုးဝင်နေတာရှိတယ်ဆိုတဲ့ ကောလဟာလတွေကလည်း ပျံ့နှံ့နေပါတယ်။ အရင်က ဖမ်းဆီးမိတာတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကြားရတော့ အရင်ကတည်းက ၀င်ရောက်နေတယ်ဆိုတာ သေချာတာပေါ့။ ဒေသခံတွေရဲ့ ပူးပေါင်းမှုနဲ့ဆိုရင် ခိုးဝင်လာသူတွေရဲ့ ရန်က ကာကွယ်ရမှာပါ။ လိုက်ပါပို့ ဆောင်ပေးသူက မြန်မာလူမျိုးပါ''ဟု ဒေသခံတစ်ဦးက သူ၏အမြင်ကို ပြောပြခဲ့ပါသည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
My Blog List
VOA News: သတင်း
ဗွီအိုအေ မြန်မာနံနက်ခင်း
-
အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၂၃၃၀ ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီကနေ ၇ နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီ ရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံ...
1 day ago
DVB
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ်
-
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...
2 years ago
သစ်ထူးလွင်
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...
3 years ago
ဒေါက်တာလွဏ်းဆွေ
နောက်ဆုံးရ မြန်မာသတင်းများ
-
နောက်ဆုံးရ မြန်မာသတင်းများအား ပုံပေါ် ကလစ်၍ ဖတ်ရှုပါ။
5 years ago
ဒေါင်းမာန်ဟုန်
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန်
-
[image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...
7 years ago
Narinjara News Burmese Online 24 X 7
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို
-
နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...
7 years ago
ဒီမိုဝေယံ
-
အမေ့သမီးတွေနဲ့ အတူ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နဲ့ အတူရှိနေကြမယ် photo credit Eleven Media Group
7 years ago
မြန်မာ့သားကောင်း
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင်
-
၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...
10 years ago
The Irrawaddy's Blog
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ
-
ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...
10 years ago
ဆုံနေကြ
-
*A Father's Tear (အဖေ့မျက်ရည်) * လူတစ်ယောက်မိခင်များနေ့မှာနှင်းဆီပန်းလေးတွေကိုဖဲကြိုးလှလှလေးတွနဲ့ စည်းပြီးဈေးအ၀မှာသွာ...
13 years ago
မြန်မာပြည်သား
-
ဒေါက်တာမျိုးချစ်
-
No comments:
Post a Comment