Wednesday, September 19, 2012

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

*အာကာသစခန်း၌ ၁၂၃ ရက်ကြာနေထိုင်ခဲ့သူ အာကာသယာဉ်မှူးသုံးဦး ဆိုယုဇ်ဒုံးပျံထိပ်ဖူးဖြင့်  ကမ္ဘာမြေသို့ အောင်မြင်စွာပြန်လည်ဆင်းသက်**(နာဆာ စက်တင်ဘာ ၁၇)

 နိုင်ငံတကာအာကာသစခန်း၌ ၁၂၃ ရက်ကြာ နေထိုင်ခဲ့သော အာကာသယာဉ်မှူးသုံးဦးသည် ရုရှားဆိုယုဇ်ဒုံးပျံထိပ်ဖူးနှင့်အတူ ကမ္ဘာမြေသို့ ပြန်လည်ဆင်းသက်လာခဲ့ကြောင်း စက်တင်ဘာ ၁၇ ရက်က အင်တာနက်သတင်းတွင် ဖော်ပြထားသည်။ ရုရှားအာကာသယာဉ်မှူးနှစ် ဦးဖြစ်သည့် ဂျင်နာဒိုင်ပက်ဒယ်ကာနှင့်  ဆာဂျီရေဗင်တို့သည် ၄င်းတို့၏ လုပ်ဖော်ကိုင် ဖက် အမေရိကန်အာကာသယာဉ်မှူး ဂျိုးအကာဘာနှင့်အတူ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကာဇက်စတန်နိုင်ငံ အတွင်းသို့ အောင်မြင်စွာ ဆင်းသက်လာခဲ့သည်။ မေလက သွားရောက်ခဲ့သော အခြားသောအာကာသ ယာဉ်မှူးသုံးဦးသည် နိုင်ငံတကာအာကာသစခန်း၌ ရှိနေဆဲ ဖြစ်သည်။ လာမည့်လတွင် အခြားအာကာသယာဉ်မှူး သုံးဦး သည် နိုင်ငံတကာအာကာသစခန်းသို့ ကာဇက်စတန်နိုင်ငံမှ လွှတ်တင်မည့် အာကာသယာဉ်နှင့်အတူ လိုက်ပါပြီး နိုင်ငံ တကာအာကာသစခန်းရှိ အာကာသယာဉ်မှူးသုံးဦးနှင့်အတူ သုတေသနလုပ်ငန်းများ ပြုလုပ်သွားရန် စီစဉ်လျက်ရှိသည်။ ဆိုယုဇ်ဒုံးပျံထိပ်ဖူးသည် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၅၃ မိနစ်တွင် ကာဇက်စတန်မြေသို့ ဆင်းသက်နိုင်ခဲ့ကြောင်း၊ အာကာသယာဉ်မှူးသုံးဦးစလုံး ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်း သက်နိုင်ကြောင်း အမေရိကန်အာကာသအေဂျင်စီ နာဆာက တွစ်တာဝက်ဘ်ဆိုက်မှတစ်ဆင့် ပြောကြားသည်။ ''ဒါဟာ ကျွန်တော့်အတွက်တော့ ကြီးမားတဲ့ခံစားမှုပါပဲ'' ဟု မစ္စတာ ပက်ဒယ်ကာက ကြိုဆိုရေးပရိသတ်ကြီးအား ပြော ကြားခဲ့ကြောင်း ရိုက်တာသတင်းအေဂျင်စီက သတင်းထုတ်ပြန် ခဲ့သည်။ ဆိုယုဇ်အာကာသယာဉ်သည် ပြီးခဲ့ သည့်နှစ်က အမေရိ ကန်လွန်းပြန်ယာဉ်အုပ်စု အနားယူခဲ့ပြီးနောက် နိုင်ငံတကာ အာကာသစခန်းသို့ သွားရောက်ခဲ့သည့် တစ်ခုတည်းသော အာကာသယာဉ်ဖြစ်သည်။ (ရိုက်တာ)

**ကမ္ဘာ့ဆဋ္ဌမမြောက် အကြီးဆုံးကားဈေးကွက် အာဆီယံဒေသဖြစ်လာနိုင်**
 
(ဂျကာတာ စက်တင်ဘာ ၁၇) အာဆီယံဒေသတွင် ၂ဝ၁၁ ခုနှစ်က မော်တော်ကားရောင်းချခဲ့ရမှုသည် အစီးရေ ၂ ဒသမ ၄ သန်းရှိခဲ့ရာ ထိုနှစ်ကနှင့်နှိုင်းစာလျှင် ယခုအခါ ၄ ဒသမ ၇ သန်းရှိခဲ့သဖြင့် နှစ်ဆနီးပါး တိုးတက် လာကြောင်း၊ ၂ဝ၁၈ခုနှစ်အရောက်တွင် ကမ္ဘာ့ဆဋ္ဌမမြောက် အကြီးဆုံးကားဈေးကွက်ကြီးဖြစ် လာနိုင်ကြောင်း မကြာမီကအင်တာနက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။အာဆီယံနိုင်ငံများသည် ကမ္ဘာ့ထိပ်တန်းကားဈေးကွက် ၁ဝ ခုအနက် တစ်ခုဖြစ်လာနိုင်ပြီး ယခုအခါကားရောင်းချမှု တစ်နေ့တခြား တိုးတက်များပြား လာနေပြီဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၂ဝ၁ဝ ခုနှစ်က ချမှတ်ခဲ့ သည့် အာဆီယံ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်ကို လွန်ခဲ့သည့်နှစ်များက အရှိန်အဟုန်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်ကြရန်လိုကြောင်း ဖရော့စ်နှင့် ဆူလ်ဗန်ကုမ္ပဏီမှ အာရှနှင့်ပစိဖိတ်ဒေသမော်တော်ကားဈေးကွက်သုတေသနဌာန ဈေးကွက်မန်နေဂျာ ဗီဂျာယန်ဒရာရောက ပြောကြားသည်။ အာဆီယံကားဈေးကွက်သည် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ နှစ်စဉ် ၁ဝ ရာခိုင်နှုန်းကျော် တိုးတက်လာနေကြောင်း၊အထူးသဖြင့် ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံများ၏ ကားရောင်းချရမှုသည် လျင်မြန်စွာတိုးတက်လျက်ရှိကြောင်း ဖရော့စ်နှင့် ဆူလ်ဗန်ကုမ္ပဏီတို့က လေ့လာသုံးသပ်ထားသည်။ ထိုင်းနှင့် အင်ဒိုနီးရှား ကားဈေး ကွက်သည် ကားဝယ်လိုအား ကောင်းလာခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ တိုးလာခြင်း တို့ ကြောင့် ၂ဝ၁၃ ခုနှစ်အရောက်တွင်တစ်နှစ်ကားဝယ်ယူမှုနှုန်းစီးရေ တစ်သန်း အထိ ရှိလာနိုင်သည်ဟု ဆိုသည်။ အိန္ဒိယနှင့် တရုတ် ကားထုတ်လုပ်ရောင်းချရေး ကုမ္ပဏီကြီးများသည် အာဆီယံ ကားဈေးကွက်ကိုချဲ့ထွင်ရန် အပြိုင်အဆိုင်ကြိုးစား လျက်ရှိသည်။ အာဆီယံဒေသသည်မော်တော်ကား ယှ ဉ်ပြိုင်ထုတ်လုပ် ရောင်းချရာ ဈေးကွက်ကြီးတစ်ခု ဖြစ်လာပြီး အိန္ဒိယနှင့်တရုတ်တို့က အာဆီယံ ဒေသ၏ ကားတင်ပို့ရောင်းချသည့် နိုင်ငံများဖြစ် လာကြောင်း အဆိုပါကုမ္ပဏီ၏ ကြေညာချက် တွ င် ဖော်ပြထားသည်။အင်ဒိုနီးရှားနိုင်ငံ၏ ကားထုတ်လုပ်မှုသည် ဒေသတွင်း ကားဝယ်လိုအားကောင်းလာခြင်းကြောင့် ဈေးကွက်ကျယ်ပြန့် လာလျက် ရှိသည်။ အင်ဒိုနီးရှားနိုင်ငံ၌ မော်တော်ဆိုင်ကယ်ပိုင်ဆိုင်သူများအဖြစ်မှ မော်တော် ကားပိုင်ဆိုင်သူများအဖြစ် ပြောင်းလဲလာကြသည်။ စွယ်စုံသုံးယာဉ်များနှင့် အိမ်စီး အလှကားများဝယ်ယူမှု အင်ဒိုနီးရှားနိုင်ငံတွင် များပြားလာလျက်ရှိသည်။ အာဆီယံ ဒေသ၏ ခရီးသည်တင်ဘတ်စ်ကားများဝယ်ယူမှုမှာလည်း၂ဝ၁၁ ခုနှစ်က၁ ဒသမ ၅ သန်းဝယ် ယူခဲ့ ရာမှ ၂ဝ၁၈ ခုနှ စ်အရောက်တွင် နှစ်စဉ်ဝယ်ယူမှု ၃ ဒသမ ၁ သန်းအထိ တိုးလာနိုင်ကြောင်း ဖရော့စ်နှင့် ဆူလ်ဗန်ကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ က ပြောကြားသည်။ စီးပွားရေးလုပ်ငန်းသုံး ကားထုတ်လုပ်ရောင်းချမှုမှာလည်း ၂ဝ၁၁ခုနှစ်က စီးရေ ၇၈ဝဝဝဝ သာရှိခဲ့ ရာ မှ ၂ဝ၁၈ ခုနှစ်အရောက်တွင် ၉ ရာခိုင်နှုန်းကျော်တိုးကာ စီးရေ ၁ ဒသမ၆ သန်းအထိ ရောင်းချရနိုင်သည်ဟု ဆို သည်။ ထိုင်းနိုင်ငံတွင် ပစ်ကပ်ထရပ်ကားများ ဝယ်ယူမှု ရေပန်းစားနေခြင်းကြောင့် ၂ဝ၁၁ခုနှစ်ကထက် နှေးကွေးလိမ့်မည်ဟုယူဆရသော်လည်း ဝယ်ယူမှု ဆက်လက် အားကောင်းနိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။ ထိုင်းလူငယ်များသည် ကားငယ် လေးများကို ပိုမိုနှစ်ခြိုက်စွာ ဝယ်ယူလာကြသည်။ သူတို့ သည် စတိုင် ကျမှု နှင့် ဇိမ်ကျမှုကားများကိုလည်း ပိုမိုနှစ်ခြိုက်စွာဝယ်ယူလာကြသည်။ တိုယိုကာမော်တော် ထိုင်း၊ ဟွန်ဒါအော်တိုမို ဘိုင်းထို င်းနှင့်နစ်ဆန်းမော်တော် ထိုင်းအစရှိသော ကားကုမ္ပဏီများက ထိုင်းနိုင်ငံတွင် ခရီးသည်တင်ဘတ်စ်ကားများ တိုးမြှင့်ထုတ် လုပ်ရောင်းချသွားရန် စီစဉ်လျက်ရှိကြသည်။ အာရှနှင့် အရှေ့အလယ်ပိုင်း၊ သမုဒ္ဒရာဒေသနိုင်ငံများကလည်း ထိုင်းကားဈေးကွက်သို့ ကားများတင်ပို့ရောင်း ချမှုနှင့်ကားထုတ်လုပ်မှုကို ပစ်မှတ်ထားလာကြသည်။ ထိုင်းနိုင်ငံ၌ ၂ဝ၁၈ ခုနှစ် အရောက်တွင် နှစ်စဉ်ကား ရောင်းချမှု၂ ဒသမ ၂၆ သန်းအထိ တိုးလာနိုင် ကြောင်းလည်း ခန့်မှ န်းထားသည်။အာဆီယံဒေသတွင် ကားတင်သွင်းမှုများ မြင့်တက်လျက်ရှိရာ အခြားသောအာဆီယံနိုင်ငံများလည်း ကားဝယ်ယူတင်သွင်း မှုများ တိုးမြှင့်ပြုလုပ်လာကြသည်။ (အင်တာနက်)

**အာဆီယံ နိုင်ငံများပါလီမန်အချင်းချင်းညီလာခံအင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပ**
(ဖနောင်ပင် စက်တင်ဘာ ၁၇) ၂ဝ၁၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန် ဆင်သည် စက်တင်ဘာ ၁၆ ရက်မှ ၂၃ရက်အထိ ကျင်းပသည့် (၃၃) ကြိမ် မြောက် အာဆီယံပါလီမန်အချင်းချင်းညီလာခံသို့ တက်ရောက်ရန် စက်တင် ဘာ ၁၇ ရက် နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားသည်။ ဝန်ကြီးချုပ်ဟွန်ဆင်အသည် ၂ဝ၁၂ခုနှစ် အာဆီယံ ပါလီမန်အချင်းချင်း ညီလာခံသဘာပတိအဖြစ် ဆောင်ရွက်မည့် အင်ဒိုနီးရှားအောက်လွှတ်တော် အမတ် မာဇူကီအလီ၏ ဖိတ်ကြားချက်အရသွားရောက်ခြင်းဖြစ်သည်။ အာဆီယံ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဟွန်ဆင်အနေဖြင့်အဆိုပါ ညီလာခံတွင် အဖွင့်မိန့်ခွန်း ပြော ကြားမည်ဖြစ်ကြောင်း သိရသည်။ ယင်းပါလီမန်သို့ အဖွဲ့ဝင်အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များအပြင် သြစတြေးလျ၊ဘီလာရုစ်၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန် ၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ပါပူဝါနယူးဂီနီ၊ ရုရှားနှင့် ဥရောပပါလီမန် တို့မှကိုယ်စားလှယ်အမတ်လည်း တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရ သည်။ (ဆင်ဟွာ)

**ဆန်ဘာတိုင်ဖွန်းမုန်တိုင်း တောင်ကိုရီးယာသို့ ဝင်ရောက်တိုက်ခတ်**
(ဆိုးလ် စက်တင်ဘာ ၁၇) ဆန်ဘာတိုင်ဖွန်းမုန်တိုင်းသည် စက်တင်ဘာ ၁၇ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ ဝင်ရောက် တိုက်ခတ်မှုကြောင့် မိုးများသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့ကြောင်း၊ နေအိမ်ထောင် ပေါင်းများစွာ လျှပ်စစ်ဓာတ်အားများပြတ်တောက်ပြီး လေကြောင်းခရီးစဉ်များနှင့် ကူးတို့ရေယာဉ် လုပ်ငန်းများဖျက်သိမ်းခဲ့ရကြောင်း အင်တာနက်သတင်းတွင် ဖော်ပြပါရှိသည်။ အဆိုပါဆန်ဘာမုန်တိုင်းသည် ယင်းနေ့နံနက်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း ကမ်းခြေဒေသသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် တစ်နာရီလျှင် ၂၂ ကီလိုမီတာနှုန်းဖြင့် မြောက်ဘက်သို့ဆက်လက်ဦးတည်ရွေ့လျားလျက်ရှိကြောင်း တောင်ကိုရီးယား မိုးလေဝသထိန်းချုပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ယင်းမုန်တိုင်းသည် စက်တင်ဘာ ၁၇ ရက်နှောင်းပိုင်းတွင် တောင်ကိုရီးယားကျွန်းဆွယ် အရှေ့ ဘက်ကမ်းခြေသို့ ဝင်ရောက်တိုက်ခတ်နိုင်သည်ဟု မိုးလေဝသပညာရှင်များက ကြိုတင်ခန့်မှန်းထားသည်။ ၄င်းမုန်တိုင်းကြောင့်  စက်တင်ဘာ ၁၆ ရက်ကတည်းက လေကြောင်းခရီးစဉ် ၂ဝဝ ကျော်နှင့် ကူးတို့ရေယာဉ်လုပ်ငန်းများဖျက်သိမ်းခဲ့ရကြောင်း၊ အဆိုပါဒေသရှိ ဒေသများကိုလည်း ကယ်ဆယ်ရေး များဆောင်ရွက်ပေးခဲ့ရကြောင်း၊ တောင်ပိုင်းဒေသများရှိ စာသင်ကျောင်းပေါင်း တစ်ထောင်ခန့်ကိုလည်း ပိတ်ထားလိုက်ရကြောင်း မိုးလေဝသတာဝန်ရှိသူများက ပြောကြားသည်။
 (အင်တာနက်)


**အယ်လ်ခိုင်ဒါထိပ်တန်းခေါင်းဆောင်တစ်ဦးအီရတ်လုံခြုံရေးတပ်ဖွဲ့ဖမ်းမိ**
(ဘဂ္ဂဒက် စက်တင်ဘာ ၁၇) အီရတ်နိုင်ငံမြောက်ပိုင်း ဒီယာလာပြည်နယ်မှ ထိပ်တန်းအယ်လ်ခိုင်ဒါ ခေါင်းဆောင်တစ်ဦးကို အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း အင်တာနက်သတင်းတွင် ဖော်ပြပါရှိသည်။ အဆိုပါ အယ်လ်ခိုင်ဒါခေါင်းဆောင် မည်သည့်နေရာတွင် ရောက်ရှိနေသည်ဆို သော သတင်းများကို ရဲတပ်ဖွဲ့အာဏာပိုင်များက ရရှိပြီးနောက် ဘဂ္ဂဒက်မြို့တော် မြောက်ဘက် ၃၇ မိုင်အကွာ ဘာကူဘာမြို့၌ ¤င်းကို စက်တင် ဘာ၁၆ ရက်က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့သတင်းရပ်ကွက်က ပြောကြားသည်။ ဒီယာလာပြည်နယ်အတွင်း အသေအပျောက်များသည့်  အကြမ်းဖက်မှုများနှင့် ဆက်စပ်ပြီး ¤င်းကို အလိုရှိသည်မှာ ကြာပြီဖြစ်သည်။ အီရတ်နိုင်ငံအတွင်း အမေရိ ကန်ဦးဆောင်တပ်များ ၂ဝဝ၃ ခုနှစ် မတ်လက ဝင်ရောက်ပြီးကတည်းက အယ်လ်ခိုင် ဒါအဖွဲ့မှာ အကြမ်းဖက်တို က်ခိုက်မှုများနှင့်ပတ်သက်၍ အဓိကလက်သည် အဖြစ် သတ်မှတ်ခံခဲ့ရသည်။ (အင်တာနက်)

**တရုတ်၌ ငလျင်ကြောင့် ပျက်စီးသည့်အဆောက်အအုံများ လာမည့်နှစ်တွင် ပြန်လည်တည်ဆောက်ပေးမည်**

(ယူနန် စက်တင်ဘာ ၁၇) တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် စက်တင်ဘာ ၇ ရက်က မြေငလျင်အကြိမ်ကြိမ် လှုပ်မှုကြောင့် ပြိုကျပျက်စီးသွားသည့် လူနေအိမ်အားလုံးကို လာမည့်နှစ်တွင် ပြန်လည် တည်ဆောက်ပေးမည်ဖြစ်ကြောင်း ကယ်ဆယ်ရေးအာဏာပိုင်များက စက်တင်ဘာ ၁၆ ရက်က ပြောကြားသည်။ပြန်လည်တည်ဆောက်ပေးမည့် အဆောက်အအုံများအနက် လူနေအိမ်များကိုလာမည့်နှစ်တွင် ပထမဦးစားပေး တည်ဆောက်ပေးမည်ဖြစ်သည်။ ယင်းနောက်ယဉ်ကျေးမှု၊ ပညာရေးနှင့်ကျန်းမာရေး အဆောက်အအုံများကို ပြန်လည် တည်ဆောက်ပေးမည်ဖြစ်ပြီး နောက်ဆုံးမှ အစိုးရအဆောက်အအုံများကို ပြန်ဆောက်မည်ဖြစ်ကြောင်း ကယ်ဆယ်ရေးဌာနက ပြောကြားသည်။ စုစုပေါင်း လူဦးရေ ၂ဝ၁ဝဝဝတို့အား ကျောက်တုန်မြို့၌ ပြန်လည်နေရာချထားပေးထားကြောင်း ကယ်ဆယ်ရေး ဌာနက ပြောကြားလိုက်သည်။ (အင်တာနက်)

No comments:

Post a Comment

My Blog List