ထိုင်းနိုင်ငံ
ချင်းမိုင်တက္ကသိုလ်တွင် သင်ကြားပေးမည့်ဒေသန္တရအစိုးရအဖွဲ့
ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာသင်တန်းသို့ မြန်မာနိုင်ငံကပြည်
သူ့လွှတ်တော်ကိုယ်စားလှယ်(၅)ဦးအပါအ၀င်နိုင်ငံရေးပါတီခေါင်းဆောင်များနှင့်
လူထုအခြေပြု အဖွဲ့ အစည်းများမှ တာဝန်ရှိ သူ(၁၇)ဦး တတ်ရောက်မည်ဖြစ်သည်။
အဆိုပါသင်တန်းတွင်
ဒေသန္တရအုပ်ချူပ်ရေး၊ လူထုစီမံခန့်ခွဲမှု၊ရွေးကောက်ပွဲဆိုင်ရာ
အချက်အလက်များ၊ ဘတ်ဂျတ်သုံးစွဲမှု မီဒီယာ ဆက်ဆံရေး ဘာသာရပ်များအား
ချင်းမိုင်တက္ကသိုလ်မှ ပါမောက္ခများကိုယ်တိုင်သင်ကြားပေးမည်ဖြစ်သည်။
အဆိုပါသင်တန်းမှာစက်တင်ဘာ(၁၇)မှအောက်တိုဘာ(၄)ရက်နေ့အထိ
ဗဟုဖွံ့ဖြိုးမှုအဖွဲ့ဦးဆောင်စီစဉ်မှုဖြင့် သုံးပတ်ကြာ သင်ကြား
ပေးမည်ဖြစ်သည်။ “ဒီသင်တန်းက ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်
နိုင်ငံရေးနဲ့ လူထုစီမံခန့်ခွဲရေး ဌာနမှာ သူတို့က ဦးဆောင်ပြီးတော့ သင်ကြား
ပေးမှာပါ။” အဆိုပါသင်တန်းနှင့်ပတ်သက်၍ ဗဟုဖွံ့ဖြိုးမှုအဖွဲ့ ခေါင်းဆောင်
ဦးအောင်နိုင်ဦး ကပြောသည်။
အဆိုပါ သင်တန်းတက်ရောက်သည့်အဖွဲ့မှာ
ထိုင်းနိုင်ငံလွှတ်တော်နှင့် နိုင်ငံရေးအဖွဲ့အစည်းများ၊ ဘန်ကောက်သယ်
ယူပို့ဆောင် ရေးကဏ္ဍများ ချင်းမိုင်မြို့တော်ဝန်ရုံးနှင့် အမှိုက်မှ
လျှပ်စစ်မီးထုတ်လုပ်သည့် နေရာများသို့ သွားရောက် လေ့လာမည်ဖြစ် ကြောင်း ကို
လည်း သိရှိရသည်။
တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်အသီးသီးကို
အုပ်ချုပ်သူများအတွက်အရေးပါသည့် အကြောင်းအရာများဖြစ်သည့် အတွက် ပါတီ
ခေါင်းဆောင်များအား ခေါ်ယူပို့ချပေးခြင်းဖြစ်ကြောင်းကိုလည်း ပွဲစီစဉ်သူက
ဆိုသည်။
“တိုင်းဒေသကြီးနဲ့ ပြည်နယ်အုပ်ချူပ်ရေးက အများကြီး
အောက်ခြေမှာ ဒီမိုကရေစီ တိုးတက်ဖွံ့ဖြိုးရေးအတွက် အရမ်းအရေးကြီး တယ်
ဒါကြောင့် ဒီသဘောတွေ သဘာဝတွေ နားလည်အောင်လို့ ကျွန်တော်တို့ အစတည်းကကိုပဲ
အာရုံစိုက်ခဲ့တာပေါ့နော်၊ ဟိုတုန်းကတော့ အခြေအနေ မပေးလို့ ကျွန်တော်တို့
သွားဖို့လာဖို့ကလည်း ခက်တော့ မလုပ် နိုင်ဘူးပေါ့နော် အခုကတော့
အခြေအနေလည်းပေးတယ် ဒီကိစ္စမျိုးကို ထောက်ပံ့အားပေးမဲ့လူလည်း ရှိတဲ့အတွက်
ကျွန်တော်တို့ လုပ်တာပါ။”ဟု အဆိုပါ သင်တန်းစီစဉ်သူက ပြောသည်။
ပြီးခဲ့သည့်နှစ်
သြဂုတ်လအတွင်းကလည်း နိုင်ငံရေးပါတီ ခေါင်းဆောင်(၂၂) ဦးအား
အစိုးရဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်း တစ်ကြိမ်
ပို့ချခဲ့ပြီးဖြစ်ကြောင်းနှင့် နောင်တွင်လည်း
ဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်း ဗဟုဖွံ့ဖြိုးမှုအဖွဲ့က သိရှိရသည်။
ဗဟု
ဖွံ့ဖြိုးမှုအဖွဲ့ကို ၂၀၀၅ ခုနှစ်မှာ
စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ စီးပွားရေး၊ လူမှုရေး
နိုင်ငံရေး၊ ပညာရေး၊
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်
ချင်းမိုင်တွင် ဖွဲ့စည်းခဲ့သည့် လူမှုရေး အဖွဲ့အစည်းတစ်ခုဖြစ်သည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment