အစိုးရ မဟုတ်တဲ့ NGO အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာနိုင်ငံ
ရခိုင်ပြည်နယ်က ထွက်ပြေးလာကြသူ ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် ဆက်လက် အကူအညီ
ပေးခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးရုံး (UNHCR) က မနေ့က တိုက်တွန်းလိုက်ပါတယ်။
UNHCR ပြောခွင့်ရသူက သတင်းထောက်တွေကို ပြောဆိုရာမှာ - မြန်မာ
ဘင်္ဂလားဒေ့ရှ်နယ်စပ် ကောက်စ်ဘဇားမြို့အနီး ဖွင့်လှစ်ထားတဲ့ တရားမ၀င်
ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ဆောင်ရွက် လုပ်ကိုင်နေတာတွေကို
ရပ်ဆိုင်းဖို့ NGO အဖွဲ့သုံးဖွဲ့ကို ဘင်္ဂလားဒေ့ရှ်
အာဏာပိုင်တွေက
ကြာသပတေးနေ့က အမိန့်ထုတ်ခဲ့ကြောင်း၊ အဲဒီအမိန့်ကို အကောင်အထည်
ဖော်မယ်ဆိုရင် စခန်းတွင်းက ဒုက္ခသည် လေးသောင်းလောက် အတွက် ကြီးမားတဲ့
အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်သလို စခန်းအနီးက ဒေသခံတွေ အတွက်လည်း NGO
အဖွဲ့တွေဆီက ရရှိနေတဲ့ အခြေခံ ၀န်ဆောင်မှုတွေ ထိခိုက် ဆုံးရှုံးရမှာ
ဖြစ်ကြောင်း ပြောဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက လုပ်ငန်း ရပ်ဆိုင်းမိန့် ပေးခဲ့တဲ့
အဖွဲ့သုံးဖွဲ့ကတော့ ပြင်သစ် အခြေစိုက် MSF ခေါ် နယ်စည်းမခြား
ဆရာဝန်များအဖွဲ့နဲ့ ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး အဖွဲ့၊ ဗြိတိန်
အခြေစိုက် မူဆလင် ကူညီရေး အဖွဲ့တို့ ဖြစ်ပါတယ်။
ကောက်စ် ဘဇားမြို့ထဲမှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည် စခန်းနှစ်ခုမှာတော့
တရားဝင် ဒုက္ခသည် သုံးသောင်းလောက် ရှိတယ်လို့ UNHCR က ပြောပါတယ်။ UNHCR
အနေနဲ့ ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီတွေ ပေးနေရာမှာ ပလပ်စတစ်စတွေ၊
စောင်၊ အိပ်ရာခင်း၊ ခြင်ထောင်နဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေ
ဖြန့်ဖြူးပေးနေကြောင်း၊ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ WFP လို တခြား ကုလသမဂ္ဂ
အဖွဲ့တွေကလည်း လိုအပ်တဲ့ ရိက္ခာနဲ့ တခြား လူသားချင်း စာနာရေးဆိုင်ရာ
အကူအညီတွေ ပံပိုးပေးနေကြကြောင်း ပြောဆိုပါတယ်။
RFA Burmese
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment