လူနဲ့ တိရိစ္ဆာန်ဆိုတာ ဘာဝ ခြင်း ကွဲလွဲပေမယ့် မိဘမေတ္တာဆိုတာ ကတော့ အားလုံးသော သတ္တ၀ါတွေမှာ တူညီတယ်ဆိုတာ မကြာ မကြာ တွေ့ကြရမှာပါ။
၂၄
နာရီအတွင်း အင်တာနက်စာမျက်နှာများပေါ်က လူကြိုက်အများဆုံး ပိုစ့် တခုကတော့
ခွေးမလေးရဲ့ မိဘမေတ္တာ ကို ထင်ဟတ်တဲ့ သတင်း ဓာတ်ပုံပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့
သြဂုတ်လ ၉ ရက်နေ့က ချီလီနိုင်ငံ Santa Rosa de Temuco မှာ အိမ်တလုံး
မီးလောင်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ အခုပုံမှာမြင်တွေ့နေရတာကတော့ Amanda
လို့ခေါ်တဲ့ ဂျာမန် သိုးထိန်း ခွေးမလေးဖြစ် ပါတယ်။
ဒီခွေးမလေးက
မီးသတ်သမားတွေက အိမ်ကို မီးငြိမ်းသတ်နေစဉ်မှာ သူကတော့ မီးလောင်နေတဲ့ နေရာ
ကနေ သူရဲ့ ၁ဝ ရက် သားပဲ ရှိသေး တဲ့ သားပေါက်လေးတွေကို အသက်စွန့်ပြီး
မီးထဲက ဖြတ်ကာ မီးသတ်ကား ၃ စီး ထဲက တစီးပေါ်ကို အခု ပုံမှာ မြင်ရတဲ့အတိုင်း
ကယ်တင်နေခဲ့တာပါ။
သူ့သား၊ သမီး တကောင်ကလွဲလို့ ကျန်တဲ့ ကလေးတွေကို
သူ အကုန် ကယ်တင်နိုင်လိုက်ပါတယ်။ မီးလောင် ဒဏ်ရာ ရတဲ့ သူ့ကလေး
တကောင်ကိုတော့ သူက အကြိမ်ပေါင်း ထောင်ချီပြီး နမ်းနေခဲ့တယ်လို့ Soy Chile သတင်းစာမှာ ဆိုထားပါတယ်။
နောက်ဆုံးတော့
ကယ်ထားခဲ့တဲ့ သူရဲ့ကလေးတွေဘေး ကာကွယ်ရင် အိပ်ချလိုက်ပါတယ်။ ဒီဓာတ်ပုံကို
မှတ်တမ်း ရိုက်ခဲ့သူကတော့ မီးသတ်သမားတဦးလည်းဖြစ်ပါတယ်။ သူကလည်း ရင်သား၊
အဆုတ်၊ ဆီးကျိတ်ကင်ဆာ ရန်ပုံငွေအတွက် ကမ္ဘာပတ် စက်ဘီးစီး အလှူခံခဲ့သူ
ကင်ဆာဝေဒနာသည်ဟောင်း တယောက်လည်းဖြစ်ပါတယ်တဲ့။
အခု ဒီဓာတ်ပုံဟာ ၂၄
နာရီအတွင်းမှာ ကမ္ဘာ့အင်တာနက်စာမျက်နှာများပေါ်မှာ လူကြိုက်အများဆုံး ၃၀
စာရင်း မှာလည်း မှတ်တမ်း တင်နိုင်သွားပါတယ်။
ဒါပေမယ့် လောကကြီးဟာ
ခြွင်းချက်တရားတွေ ရှိတတ်ကြတာပါပဲ။ လူစစ်စစ်တွေက မွေးလာတဲ့ သား၊ သမီးတွေကို
စွန့်ပစ်ခဲ့တာတွေလည်း တွေ့နေမြင်နေကြရတာ ရှိနေပါတယ်။
မူရင်းသတင်းကို ဤနေရာမှာ ကြည့်ရှု့နိုင်ပါတယ်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment