Saturday, August 11, 2012
မန်တုံမြို့ ရဲ စခန်း နှင့် တယ်လီဖုန်းရုံးတိုက်ခိုက်ခံရ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား
သျှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်ရှိ မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့ ရဲစခန်းအား လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာ အနီးရှိတယ်လီဖုန်းရုံးပါ တိုက်ခိုက်ခံရ ကြောင်းဒေသခံများက ပြောပါသည်။
“၇ ရက်နေ့ မနက် ၄ နာရီလောက်က ရဲစခန်းကိုလာတိုက်တာ။ ကျနော်တို့ ကြားရတာက မိုးမိတ် ဘက်လှုပ် ရှားတဲ့ ကချင်တပ်ဖွဲ့ တပ်ရင်း ၃၄ က လို့ပြောတယ်။ ရဲ စခန်းကကော ကချင်ဘက်ကကော သေကျေဒဏ်ရာ ရတယ်လို့မ ကြားမိဘူး၊ တယ်လီဖုန်းရုံးတော့ လက်ပစ်ဗုံး၊ လက် နက်ကြီးကျည်ထိလို့ တော်တော် ပျက်စီးသွား တယ်” - ဟု မန်တုံမြို့ခံတ ဦးက ပြောပါသည်။ဩဂတ်စ် ၇ ရက် ည ၈ နာရီ၌ မန်တုံရှိ ခလရ ၁၃၀ က ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) ရှိသည် ထင်သည့် ဘက် အား လိုက် လံ၍ လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ သေကျေဒဏ်ရာရ စာရင်းမသိရ သော်လည်း ဩဂတ်စ် ၈ နံနက် ၈ နာရီ အချိန် နမ့် ဟိုင်းကျေးရွာအုပ်စုဈေး၌ အစိုးရ၏ ခမရ ၃၂၄ အား ထပ်မံ တိုက်ပွဲဖြစ်ရာ အစိုးရဘက် ၂ ယောက်သေ တစ်ယောက်ဒဏ်ရာ ရရှိကြောင်း၊ ထို့အတူ ကချင်လွတ်မြောက်ရေး တပ်ဘက်ကလည်း တယောက်သေဆုံးကြောင်း နမ့်ဟိုင်း ဒေသခံတဦးများက ပြောပါ သည်။
“ကျနော်တို့ ဒေဘက်ကနေလို့မကောင်းတော့ဘူး၊ လက်နက်ကိုင်တပ်ဖွဲ့တွေကများတော့ မြန်မာ တပ်က တော နင်းလိုက်ရှာတယ်။ တိုက်ပွဲမ ကြာခဏ ဖြစ်တယ်။ ကချင်ကော သျှမ်းကော ပလောင် (တအာင်း) ကော ရှိတယ်။ တခြားမ သိတဲ့ ဘာသာစကားတောင် ပြောသေးတယ်၊ အသံက ဝ စကားလိုလိုဘဲ၊ တခါတလေ တရုတ်လိုလဲ ပြောသံကြားတယ်” - ဟု မိုးမိတ်၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူဒေသဘက် သွားလာသည့်ူဒေသခံတဦးကပြောပါ သည်။
ထို့အတူ ပြီးခဲ့သည့် အပတ်တွင်းကလည်း လားရှိုးမြို့အထွက် ဟိုပိတ် ကျေးရွာအုပ်စုအလွန် သိန္နီမြို့ဘက်ဦး တည်သွားသည့် မြန်မာအ စိုးရ တပ် ခမရ ၅၀၆ ယာဉ်တန်းအား ကချင်လွတ်မြောက်ရေးတပ်နှင့် တခြား ပူးပေါင်း လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ပူးပေါင်းတိုက်ခိုက် ခဲ့သော ကြောင့် မြန်မာစစ်တပ်ဘက် စစ်ဗိုလ်တဦး အပါအဝင် သုံးဦးသေဆုံးသွားသည်ဟု လားရှိုးမြို့ပေါ်ရောက် ဒေသခံ တဦးက ပြောပါ သည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment