Thursday, August 09, 2012
မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်းရွာကို မွတ်ဆလင်များ ရန်စ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်း ရခိုင် ကျေးရွာအား မွတ်ဆလင်များက တိုက်ခိုက် မည့်လိုလို ရန်စမူများ ပြုလုပ်လာသဖြင့် စစ်တပ်က အချိန်မှီ လာရောက်ပြီး အခြေအနေကို ထိန်းသိမ်း လိုက်ရသည်ဟု သတင်း ရရှိသည်။ ရန်စသည့် အပြုအမူများကို ပြုလုပ်သူ မွတ်ဆလင် ကျေးရွာသားများမှာ ပုရိန် (မွတ်ဆလင်) ရွာမှ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ “ ကျွန်တော်တို့ ရွာအနီးမှာ ပုရိန် ကုလားရွာဆိုတာ ရှိပါတယ်။ အိမ်ခြေ ၄၀၀ ကျော်လောက်ရှိပါမယ်။ ကျွန်တော်တို့ရွာက အိမ်ခြေ ၅၀ ကျော်လောက်ဘဲ ရှိပါတယ်။ အဲဒီရွာက မွတ်ဆလင် ဘင်္ဂလီ ၂၀ – ၃၀ ခန့်က ကျွန်တော်တို့ ရွာဘုန်းကြီးကျောင်းကို လာဝိုင်းသလိုလို ဟိုနားက တစ်ယောက် ဒီနားကတစ်ယောက် လူရောင်ပြပြီး တက်လာပါတယ်။ ဆရာတော်က ချက်ချင်း မြောက်ဦးမြို့ကို ဖုံးဆက်ပြီး အကြောင်းကြားလိုက်တော့ အဲဒီက ရခိုင်တွေ ဆင်းလိုက်လာတော့ ရွာထဲကို ပြန်ပြေးသွားကြပါတယ်” ဟု ပြောသည်။ ကျောက်တွင်းကုန်းနားတွင် ပရိန်ကုန်းဆိုပြီး ရခိုင်ကျေးရွာ တစ်ရွာရှိပြီး အဆိုပါ ကျေးရွာ(၂) ခုစလုံးမှာ ရွာငယ်များ ဖြစ်ကြကြောင်း သိရသည်။ ၎င်းသတင်း ဖြစ်ပေါ်ပြီးနောက် မြောက်ဦး အခြေစိုက် တပ်ရင်းများမှ စစ်သားများ လိုက်ပါပြီး အခြေအနေကို ၀င်ထိန်းသိမ်းခဲ့ရကြောင်း သူက ဆက်ပြောသည်။ “ အခုက အဲဒီ မွတ်ဆလင်ရွာကို စစ်သားတွေက လုံခြုံရေး ယူပေးထားပါတယ်။ သူတို့က အလိုလိုနေရင်း ရန်စနေတော့ ကျွန်တော်တို့ကလည်း သိပ်သည်းမခံချင်တာနဲ့ ပြဿနာက နောက်တက်လာနိုင်ပါတယ်။
ကျွန်တော်တို့ ရွာသားတွေကို ခြောက်သလိုလို လှန့်သလိုလို လုပ်နေပါတယ်။ ဒီနယ်က ရခိုင်တွေ အများကြီး နေရာ ဖြစ်ပါတယ်။ သွားလုပ်ရင် ကျွန်တော်တို့ကိုဘဲ မကောင်း ပြောကြလိမ့်မယ်။ ရန်စတာက အဲဒီမွတ်ဆလင် ဘင်္ဂလီတွေ ဖြစ်ကြပါတယ်” ဟု သူက ဆက်ပြောသည်။ စစ်တပ်က ရောက်ရှိလာသဖြင့် အခြေအနေမှာ ယခု အခါ တည်ငြိမ်နေသော်လည်း စစ်တပ် မရှိပါက ပြဿနာ ပေါ်ပေါက်နိုင်သည်ဟု အဆိုပါ ဒေသခံက ပြောသည်။ အဖြစ်အပျက်မှာ ယမန်နေ့ နေ့လည် ၃ နာရီခန့်တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ကျေးရွာသားက ပြောကြားသည်။ ယခုကဲ့သို့ ဖြစ်ပျက်ခဲ့ခြင်းမှာ မှန်ကန်ကြောင်း မြောက်ဦးမြို့ပေါ်မှ နိုင်ငံရေး သမားများကလည်း အတည်ပြု ပြောကြားသည်
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment