Saturday, August 11, 2012
ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပမည့် OIC အစည်းအဝေးတွင် ရခိုင်ဒေသ ကိစ္စကို ရှင်းလင်းတင်ပြမည်ဟု တူရကီ နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
သမ္မတ ဦးသိန်းစိန်သည် တူရကီ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး
H.E.Mr.Ahmet Davutoglu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား သြဂုတ်လ ၉ ရက်နေ့ နံနက်
၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး H.E.Mr.Ahmet
Davutoglu က ရခိုင်ဒေသကိစ္စနှင့်စပ်လျဉ်း၍ ပြောကြားရာတွင်- မိမိသည် မြန်မာနိုင်ငံ၏ သမိုင်းကြောင်း၊
ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာများကို လေ့လာထားသူတစ်ဦးဖြစ်၍ မြန်မာ နိုင်ငံသည် ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်မှု
စံပြနိုင်ငံ တစ်နိုင်ငံဖြစ်သည်ဟု သိရှိထားပြီးဖြစ်ပါကြောင်း၊ ဗုဒ္ဓဘာသာသည် တစ်ဦးနှင့်
တစ်ဦး အပြန်အလှန်လေးစားခြင်း၊ သည်းခံခြင်းတရား လက်ကိုင်ထားသော ဘာသာဖြစ်ပြီး အစ္စလာမ်
ဘာသာသည် ငြိမ်းချမ်းရေးကို ကိုယ်စားပြုသော ဘာသာဖြစ်ပါကြောင်း၊ ဘာသာကြီးနှစ်ခု၏ ဘာသာဝင်များသည်
ရှေးယ ခင်ကပင် အတူတကွ လက်တွဲနေထိုင်လာခဲ့ကြပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသည် အချိန်တိုကာလအတွင်း
ပြုပြင် ပြောင်းလဲမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်သော နိုင်ငံဖြစ်သည်ဟု နိုင်ငံတကာက
အသိအမှတ်ပြု လေးစားကြပါကြောင်း၊ ရခိုင်ဒေသ အရေးကိစ္စကြောင့် မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော
ပုံရိပ်ကို မထိခိုက်စေလိုပါကြောင်း၊ မိမိ၏ ယခု ခရီးစဉ်တွင် သမ္မတကြီးက ရခိုင်ပြည်နယ်သို့
သွားရောက်ခွင့်ပြု၍ ကျေးဇူးတင်ရှိပါကြောင်း၊ ယင်းဒေသ၏ ပကတိ အခြေအနေကို သိရှိရလျှင်
အခြားနိုင်ငံများသို့ တင်ပြရှင်းလင်းနိုင်မည့် အခွင့်အရေး ရရှိမည်ဖြစ်ပါကြောင်း၊ လာမည့်
သီ တင်းပတ်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပမည့် OIC အစည်းအဝေးတွင် ရခိုင်ဒေသအရေးကိစ္စကို
ရှင်းလင်း တင်ပြပေးမည်ဖြစ်ပါကြောင်း။ နိုင်ငံတိုင်းတွင် လူမျိုးစုများ၊ ဘာသာကွဲများ
တစ်ခါတစ်ရံ ပဋိပက္ခဖြစ်လေ့ရှိပါကြောင်း၊ မိမိတို့ သည် လက်ရှိဖြစ်စဉ်အား လူသားချင်း စာနာထောက်ထားမှုဖြင့်
ရှုမြင်ပါကြောင်း၊ အစ္စလာမ်ဘာသာဝင်များ၊ ဗုဒ္ဒဘာ သာဝင်များ အားလုံးကို ကူညီထောက်ပံ့ရမည်ဖြစ်ကြောင်း၊
TICA၊ လခြမ်းနီအဖွဲ့အပြင် NGO အလှူရှင်များက ဒုက္ခရောက်နေသူများအားလုံးကို ကူညီထောက်ပံ့လိုပါကြောင်း၊
လောလောဆယ်တွင် ရခိုင်ဒေသကိစ္စအတွက် တူရ ကီနိုင်ငံရှိ အလှူရှင်များထံမှ အလှူငွေ အမေရိကန်ဒေါ်လာ
သန်း(၅၀) ရရှိခဲ့ရာ မြန်မာနိုင်ငံမှ စားသောက်ကုန်များ၊ ဆေးဝါး များ ၀ယ်ယူ၍ ဒုက္ခသည်များအား
ဖြန့်ဝေပေးလိုပါကြောင်း၊ ရွက်ဖျင်တဲများ၊ အဆောက်အအုံများလည်း လှူဒါန်း လိုပါကြောင်း၊
ထပ်မံလှူဒါန်းလိုသူ အများအပြား ရှိနေပါကြောင်း၊ မြန်မာနိုင်ငံ အစိုးရက ရခိုင်ဒေသရှိ
ဒုက္ခသည်များအား အစွမ်းကုန် ကူညီထောက်ပံ့နေမှုများကို အသိအမှတ်ပြုပါကြောင်း။ ယခုကဲ့သို့
အရေးကြီးကာလတွင် တလွဲအသုံးချခံရမှုကို ဟန့်တားသွားရန် အရေးကြီးပါကြောင်း၊ နိုင်ငံတကာမှ
အဖွဲ့အစည်းများကို ဖြစ်စဉ်ဒေသများသို့ လေ့လာခွင့်ပြုခြင်းဖြင့် တလွဲအသုံးချလှုံ့ဆော်မှုများကို
ကာကွယ်နိုင်မှာဖြစ်ပါကြောင်း၊ မိမိသည် တူရကီနိုင်ငံက မြန်မာနိုင်ငံအပေါ် တလွဲမြင် နေမှုများအား
ကာကွယ်ပြောကြားခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘာသာပေါင်းစုံ သဟဇာတဖြစ်စွာ နေထိုင်နိုင်သော
နိုင်ငံ ဖြစ်၍ အစ္စလာမ်သာမက အခြားဘာသာဝင်များပါ ချစ်ခင်ရင်းနှီးစွာ နေထိုင်နိုင်သော
နိုင်ငံဖြစ်ကြောင်းကို ပြသနိုင်သော နိုင်ငံဖြစ်သည်ဟု မိမိယူဆပါကြောင်း၊ လူသားချင်း
စာနာထောက်ထားမှု အကူအညီပေးအပ်ရန် ခွင့်ပြုခြင်းအားဖြင့် OIC နိုင်ငံများက အထင်အမြင်လွဲမှားမှုကို
ကာကွယ်နိုင်မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင်
အဆွေတော်၏ အကြံဉာဏ်နှင့် ကူညီလိုမှုများကို ကြားသိရ၍ ကျေးဇူးတင်ရှိပါကြောင်း၊ ရခိုင်
ပြည်နယ်တွင် ကြုံတွေ့နေရသော ဒုက္ခသည်များအား ပေးအပ်ရန် ထောက်ပံ့ရေးပစ္စည်းများယူလာ၍ ကျေးဇူးတင်
ရှိပါကြောင်း၊ ယင်းထောက်ပံ့ရေး ပစ္စည်းများကို ဒုက္ခသည်များထံ စနစ်တကျ ဝေငှပေးအပ်သွားမည်
ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံသည် ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသော
နိုင်ငံဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စသည် ဘာသာရေး၊ လူမျိုးရေးကြောင့် ဖြစ်ပွားခြင်းမဟုတ်ပါကြောင်း၊
ယင်းပြဿနာသည် မိန်းကလေးတစ်ဦးကို အနိုင်အထက် ပြုကျင့် သတ်ဖြတ်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါကြောင်း၊
ပြဿနာ၏အစသည် တရားမဲ့ ပြုကျင့်မှုကြောင့် စတင်ဖြစ် ပွားခဲ့ခြင်းဖြစ်ပါကြောင်း၊ အုပ်စုတစ်စုနှင့်တစ်စု
ကလဲ့စားချေမှုများ ဖြစ်ပွားခဲ့၍ နှစ်ဖက်စလုံး ဆုံးရှုံးမှုများရှိခဲ့ပါကြောင်း၊ မိမိတို့အစိုးရက
အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပြီး ထပ်မံမဖြစ်ပွားစေရေးကိုလည်း ထိန်းသိမ်းစောင့်ရှောက်နေပါကြောင်း။
အိုးမဲ့ အိမ်မဲ့ ဖြစ်သွားသော ဒုက္ခသည် (၆၀၀၀၀) ကျော်၏ စားဝတ်နေရေး၊ ကျန်းမာရေးတို့အတွက်
ဆေးဝါးများ အမှန်တကယ် လိုအပ်ပါကြောင်း၊ ယခုအချိန်တွင် ကုလသမဂ္ဂ အေဂျင်စီများနှင့်
NGO အဖွဲ့ စုစုပေါင်း (၉)ဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက် နေပါကြောင်း၊ ယခုအခါ ပြည်တွင်း၊
ပြည်ပမှ စေတနာရှင်များ၏ ကူညီပံ့ပိုးမှုများဖြင့် ဆောင်ရွက်နေပါကြောင်း၊ OIC အတွင်းရေးမှူးကိုလည်း
မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားထားပြီး ဖြစ်စဉ်အခြေအနေမှန်ကို လက်တွေ့ပြသရန်
စီစဉ် ဆောင်ရွက်ထားပါကြောင်း၊ ၄င်းကိုလည်း လက်တွေ့မျက်မြင် တွေ့ရှိသွားစေလိုပါကြောင်း။
အဆွေတော် လာရောက် လည်ပတ်ခြင်းကြောင့် ဖြစ်စဉ်အမှန်ကို သိရှိနားလည်ပြီး အဆွေတော်မှတစ်ဆင့်
ထပ်မံဆင့်ပွား ရှင်းလင်းပေးနိုင်မည်ဟု ယူဆပါကြောင်း၊ မကြာမီကျင်းပမည့် OIC အစည်းအဝေးတွင်
အခြေအနေပေးပါက ဖြစ်ရပ်မှန်များကို မြန်မာနိုင်ငံဘက်က ရပ်တည်၍ ရှင်းလင်းတင်ပြပေးစေလိုပါကြောင်းဖြင့်
ပြောကြားဆွေးနွေးခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ် ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment