photo..Ko htike
အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ပိုင်ဆိုင်မှု ကြေညာပေးရန် အဆို ရှုံးနိမ့်
နေပြည်တော်၊ သြဂုတ် ၈
ယနေ့ ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေး ၂၂ ရက် မြောက်နေ့တွင် ပုသိမ်
မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် အဆို တင်သွင်းထားသော
‘ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်နှင့် သန့်ရှင်းသော အစိုးရ’ ဖြစ်ပေါ်စေရေး
အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ
အဖွဲ့ဝင်များ အဖြစ် တာဝန်ပေးအပ်ခြင်း ခံရသူများ၏ ပြောင်းရွှေ့ နိုင်သော
ပစ္စည်းများ၊ မပြောင်း ရွှေ့  နိုင်သော ပစ္စည်းများ စာရင်းနှင့် ၎င်းတို့၏ အကျိုး
စီးပွားများ စာရင်းကို ထုတ်ဖော် ကြေညာ၍ မှတ်တမ်းတင် ထားရန် အဆိုကို မဲခွဲ
ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၆၈ မဲသာ ရရှိပြီး ကန့်ကွက်မဲ ၂၁၇ မဲ ရှိသဖြင့်
ရှုံးနိမ့်ခဲ့ ရသည်။ဦးဝင်းမြင့်၏ အဆိုကို အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် အပါအ၀င်
နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ် ၇ ဦး ၊ တပ်မတော်သား လွှတ်တော်
ကိုယ်စားလှယ် ၂ ဦးနှင့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ် ၃ ဦး အပါအဝင်
ရှေ့ နေချုပ် ဒေါက်တာ ထွန်းရှိန် တို့ကပါ ဝင်ရောက် ဆွေးနွေး ခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးကျော်မင်းက အသွင် ကူးပြောင်းရေး ကာလတွင် နိုင်ငံတော်
သမ္မတကြီးဦးဆောင်သော အစိုးရ အဖွဲ့၏ ဆောင်ရွက်ချက်များကို ပြည်သူများ
ယုံကြည်မှု တိုးမြှင့်လာစေရန် အတွက် အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို
ထုတ်ဖော်ကြေငြာပေးရန် အထူးပင် လိုအပ်လျက် ရှိကြောင်း ဆွေးနွေးခဲ့ပြီး
မင်္ဂလာတောင်ညွန့် ဒေါ်ဖြူဖြူသင်းက မူ အစိုးရ အဖွဲ့ဝင်များကို သာမက တပ်မတော်
ထိပ်တန်းခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုကို ပါ ထုတ်ဖော်ကြေငြာပေးရန်
လိုအပ်လျက်ရှိကြောင်း ဆွေးနွေးခဲ့သည်။
ဒုတိယ ရှေ့ နေချုပ်၏ ဆွေးနွေးမှုတွင် ထူးခြားမှု အဖြစ် အဆိုပါ အဆိုအား
အတည်ပြုပါက အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၏ ပိုင်ဆိုင်မှု စာရင်း သာမက
လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ များ၏ ပိုင်ဆိုင်မှု စာရင်းကိုပါ ထုတ်ဖော်
ကြေညာ သင့်ကြောင်း၊ အစိုးရ အဖွဲ့ဝင် ဥပဒေ အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း
ဝင်များ၏ ပိုင်ဆိုင်မှု စာရင်းကို နိုင်ငံတော် သမ္မတ ထံသို့ တင်ပြထားပြီ
ဖြစ်ကြောင်း ဆွေးနွေး ခဲ့သည်။
ဇူလိုင်လ ပထမပတ်က ပြုလုပ်ခဲ့သော ပြည်ထောင်စု အဖွဲ့ဝင် ဝန်ကြီးသုံးဦးနှင့်
သတင်းမီဒီယာများ တွေ့ဆုံပွဲတွင် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦး အနေဖြင့်
ပိုင်ဆိုင်မှုကို ထုတ်ဖော် ကြေညာပေးရန် အသင့်ရှိပါကြောင်း၊ ပြည်သူ
လူထုအကျိုးကို ဆောင်ရွက်ပေးလိုသော စိတ်ဓာတ်သာ ပိုမို အရေးကြီးပါကြောင်း
စက်မှု ဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲလက်ထက်တွင် အစိုးရ အဖွဲ့ဝင်များ၏
ပိုင်ဆိုင်မှု ထုတ်ဖော်ပေးရန် ကြေငြာပေးရန် အဆို ရှုံးနိမ့်ခဲ့ ရခြင်း၊
စတုတ္ထ မဏ္ဍိုင် ဖြစ်သော သတင်းမီဒီယာများ ကို ထုတ်ဝေခွင့် ဆိုင်းငံ့ခြင်းနှင့်
တရားစွဲဆိုခြင်းမှာ ဖြစ်ပေါ်နေခြင်းများကြောင့် ပြုပြင် ပြောင်းလဲရေး
လုပ်ငန်းစဉ်များ အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။
(The Voiceweekly)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment