မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နေပြည်တော်အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ကြီးဌာနအသီးသီးရှိ နိုင်ငံ့ဝန်ထမ်းများအနက်မှ အရစ်ကျစနစ်ဖြင့် မိုဘိုင်းလ်တယ်လီဖုန်း ကိုင်ဆောင်သုံးစွဲလိုသည့် ဝန်ထမ်းများအား ကျပ်နှစ်သိန်းတန် GSM မိုဘိုင်းလ် တယ်လီဖုန်းကို တစ်လလျှင် ကျပ်လေးသောင်းနှုန်းဖြင့် (၅)ရစ်ပေးချေသည့် စနစ်ဖြင့် လည်းကောင်း၊ နှစ်သိန်းခွဲတန် WCDMA မိုဘိုင်းလ်တယ်လီဖုန်းကို တစ်လလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် (၅)ရစ် ပေးချေသည့်စနစ်ဖြင့် လည်းကောင်း ၂၀၁၂ ခုနှစ် ဇွန်လနှင့် ဇူလိုင်လတို့တွင် (၂)ကြိမ် သုံးစွဲခွင့်ပြုပြီး ဖြစ်ပါသည်။ မိုဘိုင်းလ်တယ်လီဖုန်းများကို အရစ်ကျပေး ငွေချေစနစ်ဖြင့် သုံးစွဲနေသည့် နိုင်ငံ့ဝန်ထမ်းများတွင် အချို့ဝန်ထမ်းများမှာ ပထမအရစ်ကိုလည်းကောင်း၊ အချို့ဝန်ထမ်းများမှာ ပထမအရစ်နှင့် ဒုတိယအရစ် (၂)ရစ်ကို လည်းကောင်း ပေးသွင်းကြပြီး ဖြစ်ပါသည်။ ဝန်ထမ်းများအနေဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်နှင့် ပိုမိုအဆင်ပြေစွာဖြင့် အရစ်ကျပေးသွင်းနိုင်ရေးအတွက် GSM/WCDMA မိုဘိုင်းလ်တယ်လီဖုန်းများအတွက် ဆက်လက်ပေးသွင်းရန် ကျန်ငွေများကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၁ ရက်မှစ၍ မူရင်းလစာ ကျပ်တစ်သိန်းနှင့်အောက် ဝန်ထမ်းများအနေဖြင့် လစဉ် ၁၀၀၀၀ ကျပ် (ကျပ်တစ်သောင်းတိတိ) နှုန်းဖြင့်လည်းကောင်း၊ မူရင်းလစာ ကျပ်တစ်သိန်းအထက် ဝန်ထမ်းများအနေဖြင့် လစဉ် ၁၅၀၀၀ ကျပ် (ကျပ်တစ်သောင်းငါးထောင်တိတိ) နှုန်းဖြင့်လည်းကောင်း ဆက်လက်ပေးချေ သုံးစွဲသွားနိုင်ပါကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အသိပေးတင်ပြအပ်သည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
Sunday, August 05, 2012
အရစ်ကျစနစ်ဖြင့် GSM/ WCDMA မိုဘိုင်းလ်တယ်လီဖုန်း သုံးစွဲသော နိုင်ငံ့ဝန်ထမ်းများသို့ အသိပေးတင်ပြချက်

Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment