Tuesday, July 10, 2012
HREIB နှင့် မြန်မာလူ့အခွင့်အရေး ကော်မရှင် ရန်ကုန်တွင်တွေ့မည်
ပြည်ပ အခြေစိုက် လူ့အခွင့်အရေးပညာပေးဌာန မြန်မာနိုင်ငံ (HREIB) က အစိုးရသစ်က ဖွဲ့စည်းပေး ထားသော မြန်မာ လူ့အခွင့်အရေး ကော်မရှင်နှင့် လူ့အခွင့်အရေး တိုးမြှင့်ဆောင် ရွက်နိုင်ရေးတို့ကို ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
အစိုးရ လူ့အခွင့်အရေးကော်မရှင်အဖွဲ့၊ ပြည်တွင်း အခြေစိုက် ကလေးအခွင့်အရေး၊ ကလေးစစ်သားနှင့် အခြား လူ့အခွင့်အရေး လုပ်ဆောင်သူများနှင့် တွေ့ဆုံရန် HREIB ၏ ဒါရိုတ်တာ ဦးအောင်မျိုးမင်း က ယနေ့မွန်းလွဲပိုင်း Thai Airway လေကြောင်း လိုင်းဖြင့် မြန်မာနိုင်ငံ ခရီးစဉ်ကိုစတင်တော့မည်ဖြစ်သည်။ ယင်းခရီးစဉ်သည် ၁၉၉၈ ခုနှစ်နောက်ပိုင်း သူ၏ ပထမဆုံး ဖြစ်ကြောင်း သိရသည်။
HREIB ကို ၂၀၀၀ ခုနှစ်က တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း အမျိုးမျိုးကွဲပြားလျက်ရှိသော လူမှုအဖွဲ့ အစည်းများအတွင်း လူ့အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ပြီး လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ ကလေးအခွင့်အရေး သင်တန်းများနှင့် လူ့အခွင့်အရေးပညာပေးနည်းပြ သင်တန်းများ အပြင် ခေါင်းဆောင်မှု၊ အခြားလူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် အတတ်ပညာသင်တန်းများကိုပို့ချပေး လျက်ရှိသည်။ထိုင်းမြန်မာနယ်စပ်တွင်အခြေစိုက် လှုပ်ရှားလျက်ရှိပြီး အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် များနှင့် မြန်မာနိုင်ငံပြည်တွင်းရှိ ထိစပ်နိုင်သောဒေသများတွင် လူ့အခွင့်အရေး ပညာပေး လုပ်ငန်းများကို လုပ်ဆောင် လျက်ရှိသည်။
ဧရာဝတီ(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment