Tuesday, July 10, 2012
အခြေခံဥပဒေထဲက ဒုသမ္မတများ
မြန်မာပြည်မှာ ဒုသမ္မတ ၂ ယောက် ရှိရမယ်၊ သူတို့က
ပြည်ထောင်စုအစိုးရအဖွဲ့
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
ဘဏ္ဍာရေးကော်မရှင်
တို့မှာ တာဝန်ယူရမယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။
အခြေခံဥပဒေ အပိုဒ် ၅၇ မှာ "နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်" လို့ ဆိုထားသလို
၄၁၈ မှာလည်း ဒီလို ဆိုထားပါတယ်။
နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာရင် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်ရမယ်။ လွှတ်တော်တွေ ရပ်ရမယ်၊
"နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများမှအပ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာလွှတ်တော်များ၏ သဘောတူညီချက်ဖြင့် ခန့်အပ် တာဝန်ပေးထားသော အဖွဲ့အစည်းဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဝင်များအား တာဝန်မှ ရပ်စဲပြီး ဖြစ်သည်ဟု မှတ်ယူရမည်" တဲ့။
မကြာသေးခင်ကာလ အထိတော့ ခေါင်းဆောင် ၃ ဦးက အခုလို ဖြစ်ပါတယ် -
ဦးသိန်းစိန် - သမ္မတ
သီဟသူရ ဦးတင်အောင်မြင့်ဦး - ဒုသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်း - ဒုသမ္မတ
ဦးသိန်းစိန်က အကြောင်းတခုခုကြောင့် တာဝန်မထမ်းဆောင်နိုင်တော့ဘူး ဆိုရင် ဒုသမ္မတ တယောက်က ဦးသိန်းစိန်နေရာမှာ ယာယီတာဝန်ယူရပါမယ်။
ဒီအကြောင်း အပိုဒ် ၇၃ မှာ ဒီလို ဆိုထားပါတယ် - "သမ္မတရာထူးနေရာ လစ်လပ်လျှင် ဒုတိယသမ္မတနှစ်ဦးအနက် နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်စဉ်အခါက ဒုတိယဆန္ဒမဲအများဆုံး ရရှိသည့် ဒုတိယသမ္မတက ယာယီသမ္မတအဖြစ် ထမ်းဆောင်ရမည်"
ဒုတိယမဲအများဆုံး ရခဲ့တာ ဦးတင်အောင်မြင့်ဦး ပါ။ သူက လိုအပ်ရင် သမ္မတ တာဝန် ယူရမယ့်သူပါ။ အခု သူ နုတ်ထွက်ပါပြီ။
ဒါကြောင့် လိုအပ်ရင် သမ္မတ တာဝန် ယူရမယ့်သူက ဒေါက်တာစိုင်းမောက်ခမ်း ဖြစ်လာမှာပါ။
ဦးတင်အောင်မြင့်ဦး နေရာမှာ အစားဝင်လာမယ့်လို့ ယူဆရတဲ့ ဦးမြင့်ဆွေက
ဒေါက်တာစိုင်းမောက်ခမ်းနောက်ကို ရောက်သွားပါလိမ့်မယ်။
ဧရာဝတီ(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment