Friday, July 13, 2012
ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ ပြဿနာဖြစ်ခဲ့သော လူမျိုးနှစ်မျိုးအကြား အနာဂတ်တွင် ပြန်လည်ရင်ကြားစေ့နိုင်ရန် မျှော်မှန်းကြောင်း ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးပြောကြား
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီးတွင် ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာများအကြား အနာဂတ်တွင် ပြန်လည်ရင်ကြားစေ့နိုင်ရန် မျှော်မှန်းကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres က ဇူလိုင်လ ၁၂ ရက်နေ့တွင် ဆီဒိုးနားဟိုတယ်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်တွင် ပြောကြားသွားခဲ့သည်။
ကုလသမဂ္ဂ UN အဖွဲ့အစည်းများ၏ အကူအညီပေးမှုကို ရခိုင်တိုင်းရင်းသားများက သံသယရှိမှုကြောင့် အကူအညီများ လက်မခံဟု သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သတ်၍ Eleven Media ၏ မေးမြန်းချက်ကို "နှစ်ဘက်စလုံး စိတ်အေးအေးထားပြီး စစ်မှန်တဲ့ ပြန်လည်ရင်ကြားစေ့ရေး ပြုလုပ်နိုင်စေဖို့ မျှော်လင့်မိပါတယ်" ဟု ၄င်းက ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားမဟုတ်ပဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မဖြစ်နိုင်ကြောင်းနှင့် ၄င်းတို့နှင့် ပတ်သက်ပြီး ဖြေရှင်းနည်းမှာ UNHCR သို့ အပ်နှံပြီး ဒုက္ခသည်အဖြစ် ထားရှိရန်ဖြစ်ကြောင်း၊ UNHCR က လက်ခံကျွေးမွေး စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံလျှင် ပို့ပေးမည်ဖြစ်ကြောင်း ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ပြောကြားသွားခဲ့သည်။
"UNHCR က ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရာမှာ နှိမ့်ချခွဲခြားမှုမရှိပဲ လူမှုအသိုင်းအ၀ိုင်း နှစ်ခုစလုံးကို လူသားချင်း စာနာထောက်ထားသော အကူအညီများ ပေးအပ်သွားမှာ ဖြစ်ပါတယ်" ဟု Mr. Antonio Guterres က ပြောကြားခဲ့သည်။
၎င်းက ပဋိပက္ခဖြစ်ပွားခဲ့သော လူမျိုးနှစ်မျိုးအကြား UNHCR က ခွဲခြားမှုမရှိဘဲ ကူညီပေးသွားမည်ဖြစ်ပြီး ဤကြိုးပမ်းမှုကြောင့် လူမျိုးနှစ်မျိုးအကြား ပြန်လည်ရင်ကြားစေ့ရေးကို အထောက်အကူ ဖြစ်စေမည်ဟု ယူဆကြောင်း၊ နှစ်ဦးနှစ်ဘက် တရားဥပဒေကို လိုက်နာပြီး သင့်မြတ်စွာ အတူတကွ ပူးတွဲနေထိုင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း စာနယ်ဇင်းရှင်းလင်းပွဲ၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။
၎င်းက UN အဖွဲ့အစည်းများ၏ အပြုအမူမှာ မျှတမှုမရှိဟု ဒေသခံများက ဝေဖန်နေမှုနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို "ဒီလို အခြေအနေကို နားလည်နိုင်ပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ် မြောက်ပိုင်းကိုလည်း သွားရောက်ခဲ့ပါတယ်။ လက်ရှိမှာ နှစ်ဘက်စလုံးမှာ ပဋိပက္ခရဲ့ဒဏ်ကို ခံရသူတွေရှိနေချိန်မှာ ကျွန်တော်တို့ရဲ့ အကူအညီက နှစ်ဘက်စလုံးကို မခွဲခြားပဲ ညီညီမျှမျှ ရောက်ရှိတယ်ဆိုတာ သေချာအောင် လုပ်ချင်ပါတယ်" ဟု ဖြေကြားသွားခဲ့သည်။
လက်ရှိအချိန်တွင် ရခိုင်အရေးကိစ္စနှင့် ပတ်သတ်၍ UNHCR မှ ၀န်ထမ်း ၃ ဦး၊ WFP မှ ၀န်ထမ်း ၂ ဦးနှင့် အခြားလုပ်ဖော်ကိုင်ဖက် အန်ဂျီအိုများမှ ဝန်ထမ်းအချို့၊ စုစုပေါင်း ၁၀ ဦးခန့်ကို အစိုးရမှ ထိန်းသိမ်းထားသည်ဟု UNHCR မှ မြန်မာပြည် ဌာနေကိုယ်စားလှယ်က ပြောကြားခဲ့သည်။
"တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိရဘူးဆိုတဲ့ အဆိုကို ကျွန်တော်နားလည်ပါတယ်။ UN ၀န်ထမ်းတွေအနေနဲ့လည်း တရားဥပဒေအတိုင်း လိုက်နာကျင့်သုံးရမယ် ဆိုတာလည်း နားလည်ထားပါတယ်။ ထိန်းသိမ်းခံထားရတဲ့ သူတွေကိုလည်း တွေ့ဖို့ခွင့်တောင်းထားတာ ရှိပါတယ်" ဟု Mr. Antonio Guterres ကပြောသည်။
၎င်းသည် ရိုဟင်ဂျာများကို ကုလသမဂ္ဂက မြန်မာလူမျိုးအဖြစ် သတ်မှတ်ထားခြင်းရှိ၊ မရှိ တက်ရောက်လာသော သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
ဆုံနေကြ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment