Wednesday, July 11, 2012
မန္တလေးမှာဖြစ်ပျက်နေတဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာ...
မန္တလေးတွင် ဆိုင်ကယ်စီးသူများကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - Fu-min)
ဒီရက်ပိုင်း မန္တလေးမှာမော်တော်ပီကေတွေ အတော်အလုပ်ရှုပ်ကြပါတယ်။ ကားတွေဆိုလည်း ကားတွေမို့ .. ဆိုင်ကယ်တွေဆိုလည်း ဆိုင်ကယ်တွေမို့၊ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်လိုင်စင်၊ ကားလိုင်စင်၊ ဘီးခွန် အကုန်စစ်ကြပါတယ်။ အဓိက လူသွားလူလာ များတဲ့နေရာတွေမှာ .. လျှပ်တပြက် ဖမ်းဖမ်းစစ်ပါတယ်။ ဘာပြောကောင်းမလဲ .. သောက်သောက်လဲပေါ့။
မော်တော်ပီကယ် တအုပ်တမကြီး ရှိတဲ့ထဲကို ဦးထုပ်မဆောင်းပဲ မောင်းဝင်တဲ့သူကလည်း မောင်းဝင်ပါတယ်။ အံ့ဩလို့ဖြင့် မဆုံးပေါင်။ ဒီကြားထဲ လမ်းပြောင်းပြန် မောင်းဝင်တဲ့သူကလည်း ဝင်ပါတယ်။ မဝင်ရဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ၊ မကွေ့ရဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေလည်း ရှိတယ်။ မော်တော်ပီကယ်လည်း ရှိတယ်။ ပြီးမှ မောင်းပြေးဖို့ ကြိုးစားပါတယ်။ မကြုံဖူးပေါင် ဂုဏ်ထူးဆောင်ရယ်လို့ပဲ ပြောချင်ပါတော့တယ်။
ဆက်သွယ်ရေးနဲ့ ပြန်ကြားရေးကို ပေါင်းမယ်ဆိုတာကြောင့် ဂယက်တွေ ထကုန်သလို ဆက်သွယ်ရေးဝန်ကြီးဌာနက ကုမ္ပဏီတွေကို ကုန်ကျစရိတ်တွေ မရှင်းသေးတာကြောင့် ကုမ္ပဏီအများစုဟာ လက်ထဲမှာ ငွေနည်းနေကြပါပြီ။ ဒါ့အပြင် အခုအခါမှာ အင်တာနက်နဲ့ ဖုန်းလုပ်ငန်းကို ပြင်ပ ကုမ္ပဏီတစ်ခုကို လွှဲတော့မယ်လို့ သတင်းထွက်နေတာကြောင့် အကုန်လုံး မျက်ဖြူစိုက်နေကြပါတယ်။ ထူး သို့မဟုတ် နိုင်ငံခြား ကုမ္ပဏီတစ်ခုကို လွှဲမယ်လို့ အကြမ်းဖျဉ်းသိထားရပြီး ဝန်ထမ်းတွေထဲမှာ ကုမ္ပဏီက နှစ်သက်တဲ့သူတွေကို ကုမ္ပဏီလက်ထဲ လွှဲပေးမှာဖြစ်ပြီး ကုမ္ပဏီက မလိုချင်တဲ့သူတွေကိုတော့ အကုန်ဖြုတ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အကယ်၍ အဲဒီလိုသာ လွှဲဖြစ်ခဲ့ရင် ကျန်နေတဲ့ ကြွေးကျန်တွေကို ဘယ်သူက တာဝန်ယူဖြေရှင်းပေးမယ်ဆိုတာ မသိသေးပဲ ခုအခါမှာတော့ စာရင်းတွေ စစ်ဆေးနေဆဲလို့ သိရပါတယ်။ ၈ လပိုင်း ဒါမှမဟုတ် နောက်နှစ်ဆန်းပိုင်းမှာ လွှဲဖြစ်မယ်လို့လည်း သိရပါတယ်။
မန်းလေး ၆၂လမ်းဘက်မှာ ည ၁၀ နာရီလောက်ဆိုရင် ဆိုင်ကယ်နဲ့ အုပ်စုလိုက် ဝိုင်းတိုက်ပြီး ဝိုင်းရိုက်ကြတဲ့ အဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်နေပါတယ်။ ညတိုင်းလိုလို ကံဆိုးသူ ရှာဖွေလေ့ရှိပြီး ရိုက်ပြီးသွားရင် လူမှားတယ်ဆိုပြီး ထားပစ်ခဲ့ကြပါတယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာ ပါးစပ်ကသာ အမြှုပ်ထွက်အောင် အော်နေပြီး ကျေးလက်ဒေသ မပြောနဲ့ မြို့ပြမှာတောင် ဥပဒေမဲ့ ရမ်းကားသူတွေ သောင်းကျန်းနေပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုတာလည်း အခွံပဲရှိပါတယ်။Civil နဲ့ Military ကွာခြားချက်ကို ဒီနေရာမှာ ထင်ထင်ရှားရှား မြင်နေရပါတယ်။ Civil ဆိုတာ အထက်က အမိန့်လာမှ မဟုတ်ပဲ ကိုယ်လုပ်ရမယ့်တာဝန်ကို ကိုယ့်တာဝန်နဲ့ကိုယ် တာဝန်ယူစိတ်လေးနဲ့ ဆောင်ရွက်ရမှာပါ။ ဒါပေမယ် လက်ရှိ ရဲတပ်ဖွဲ့ကတော့ စစ်ထွက်တွေရယ်၊ စစ်တပ်ပုံစံ လေ့ကျင့်ပေးလိုက်တဲ့ ငမိုက်သားတွေရယ်ကြောင့် ပျက်စီးရှာပါပြီ။ အထက်က အမိန့်ပေးမှ ဖမ်းတတ်ဆီးတတ် ပစ်တတ်ခတ်တတ်ကြပြီး မဟုတ်ရင်တော့ မျက်စိမပါသလို နားမရှိသလို နေတတ်တဲ့ အကျင့်လေးတွေ ရကုန်ကြပါပြီ။
ရဲစခန်းထဲမှာ ကင်းလှည့်မယ့် ဇယားကို တစ်ခါသား ကံအားလျော်စွာ ကြည့်ခဲ့ဖူးပါတယ်။ စက်ဘီး ကင်းလှည့်အဖွဲ့တဲ့ ... ဆိုင်ကယ်တဝီဝီနဲ့ သောင်းကျန်းနေတဲ့ ဒုစရိုက်သမားများကို စက်ဘီးလေးတွေနဲ့ ရဲတွေက ဘယ်လို လိုက်ဖမ်းမလဲဆိုတာ .. ကျွန်တော်ဖြင့် မစဉ်းစားတတ်ပါ။ ရဲကင်းဆိုပြီး ချထားပေးတဲ့ တဲလေးက .. မီးကင်းလောက်တောင် မပြည့်စုံ ခပ်ချာချာရယ်ပါ။ မြို့တော်ဝန်များအနေနဲ့ ရလာတဲ့အခွန်အကောက်တွေနဲ့ ရန်ပုံငွေတွေကို ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ မြို့ပြတည်ဆောက်ရေး လုပ်ငန်းများ၊ မြို့ပြဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများ တည်ထောင်ရေးမှာ ပြန်လည်အသုံးပြုကြဖို့ တိုက်တွန်းချင်ပါတယ်။ မဆီမဆိုင် အစိုးရအဖွဲ့ကို လှူဒါန်းရအောင် အစိုးရမှာ သူ့ရဲ့ ပြည်ထောင်စုအစိုးရက ကောက်ခံတဲ့အခွန် သီးခြားစီ ရှိပါတယ်။ မီးသတ်တို့ ရဲတို့ အစိုးရကျောင်းတို့ဆိုတာ .. မြို့တော်ဝန်လက်အောက်မှာပဲ ရှိရမှာပါ။ ခုတော့ ဝန်ကြီးဌာနတွေ ဖွဲ့ပြီး မထိရောက်တဲ့ အလုပ်တွေ၊ ငွေကုန် လူပမ်း အကျိုးမရှိတဲ့ အလုပ်တွေပဲ လုပ်နေကြပါတယ်။
ရတနာပုံ ဈေးနဲ့ ဒိုင်းမွန်းပလာဇာကြီးမှာလည်း အလစ်သုတ်သမားတွေ၊ ခါးပိုက်နှိုက်တွေ သောင်းကျန်းနေကြပါတယ်။ လာပြီး ခိုးကြဝှက်ကြ ဘတ်ကြတဲ့သူတွေက ဈေးလာဝယ်တဲ့သူတွေထက်တောင် ခန့်ညားပါသေးတယ်။ ဟန်းဖုန်းလေးခါးချိတ်ပြီး ဟိုလိုလို ဒီလိုလိုနဲ့ လာဘတ်ကြတာပါ။ တရားဥပဒေဆိုတာ နိုင်ငံရေးသမားတွေ ဖမ်းဖို့ဆီးဖို့ ရေးဆွဲထားတာမဟုတ်ပဲ သူခိုး၊ ကြမ်းပိုး၊ လူလိမ်တွေကို ဖမ်းဖို့ ဆိုတာ သတိရကြပါဦးလို့ ....
ဧရာဝတီ(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment