Friday, July 13, 2012
လက်မှတ်မရှိသော အလုပ်သမားတစ်ရာကျော် ချုံဖော်တွင် ထောင်ဒဏ် ချမှတ်ခံရ
ထိုင်းနိုင်ငံတောင်ပိုင်း၊ ချုံဖော်ဒေသရှိ ပါနန်းအရပ်တွင် တရားဝင် အလုပ်သ မား လက်မှတ်မရှိသော မြန်မာနိုင်ငံသားများကို ထိုင်းအာ ဏာပိုင်များဖမ်း ဆီးခဲ့ရာ အရွယ်ရောက်ပြီးသူ ၁၆၀ ဦးကျော် ဇူလိုင်လ ၁၀ ရက်နေ့တွင် ထောင်ဒဏ်ချမှတ်ခံရလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း စက်ရုံများသို့ဝင်ရောက်ဖမ်းဆီးရာတွင် အမျိုး သား ၅၃ ဦး၊ အမျိုးသမီး ၁၁၀ ဦးနှင့် အရွယ်မရောက်သေး သူ ကလေးအ လုပ်သမား ၃၂ ဦးတို့ အဖမ်းခံခဲ့ရသည်။
ယင်းတို့ထဲမှ အရွယ်မရောက်သေးသူများကို ပြန်လွှတ်ပေးခဲ့ပြီး အရွယ်ရောက် ပြီးသူ ၁၆၃ ဦးကို တစ်ဦးလျှင် ထောင်ဒဏ် ၄၅ ရက်စီ အပြစ်ဒဏ် ပေးလိုက် ကြောင်း ချုံဖော်-ပါနန် အခြေစိုက် ရခိုင်လူမှုရေးအသင်းမှ ကိုကျော်သန်းမောင် က ပြောသည်။
တရားဝင် အလုပ်သမားလက်မှတ် မရှိသူများကို အလုပ်စေခိုင်းသဖြင့် အလုပ်ရှင်များအား အလုပ်သမား တဦးစီအတွက် ဘတ် ၁၀ဝ၀ဝ စီ ဒဏ် တပ်ခံရကြောင်း ပါနန်းရဲများနှင့် အလုပ်ရှင်းများမှ ပြောကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“အရွယ်မရောက်သေးတဲ့ ကလေးတွေကိုတော့ ဇူလိုင်လ ၆ ရက်နေ့ကည်းက ပြန်လွှတ်ပေးလိုက် ပါတယ်။ သူတို့တွေကို ဆေးစစ်မှု သုံးကြိမ်စီ ပြုလုပ်ပြီးမှ ပြန်လွှတ်ပေးတာပါ။ အခုဖမ်းတာက ဒီကဒေသခံ ရဲတွေဖမ်းတာ မဟုတ်ပါဘူး။ လာရောက် ဖမ်းဆီးတဲ့ အဖွဲ့က ပေါ်ပေါ်တော်ချော် ဆိုတဲ့ တရားမဝင် အလုပ်သမားများ ဖမ်းဆီးရေးအဖွဲ့က စက်ရုံတွေကို ဝင်ရောက် စစ်ဆေး ဖမ်းဆီးတာ ဖြစ်ပါတယ်´ ဟု World Vision အဖွဲ့မှ မြန်မာဝန်ထမ်း မွန်အမျိုးသား မင်းစိုးခိုင်က ပြောသည်။
ချုံဖော်ဒေသရှိ ပါနန်သည် ရေလုပ်ငန်းကို အဓိကထား လုပ်ကိုင်သော အရပ်ဖြစ်သည်။ ရေလုပ်ငန်းတွင် သောင်းနှင့်ချီသော မြန်မာနိုင်ငံ သား များ အလုပ်လုပ်ကိုင်လျှက်ရှိကြသည်။
News Collection
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment