တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်း အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို တင်မြှောက်ကြောင်း ယနေ့ လွှတ်တော်ကို တင်သွင်းလိုက်ပြီဟု သိရသည်။
“အခု ကျနော်တို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို ဒုတိယ သမ္မတအဖြစ် စာရင်းပေး လိုက်ပါပြီ။ အားလုံး သဘောတူညီ ချက်နဲ့ပါ။ အခု လွှတ်တော်ကို တင်လိုက်ပါပြီ” ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး တဦးက ဧရာဝတီသို့ ပြောသည်။
ဦးမြင့်ဆွေကို ဒုတိယ သမ္မတအဖြစ် ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နှင့် အညီ တင်မြှောက်ခြင်းဖြစ်ကြောင်း
တခြားသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးတဦးက ဆိုသည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝေလင်းကလည်း ဒုတိယ သမ္မတ တင်မြှောက်ရေးကိစ္စမှာ ၎င်းတို့၏ ခေါင်းဆောင်ဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်နှင့် ဆွေးနွေးတိုင်ပင်ရမည် ဖြစ်ကြောင်း ယမန်နေ့က ပြောဆိုခဲ့သည်။
“ကျနော်တို့ ခေါင်းဆောင်နဲ့ တိုင်ပင်ရဦးမယ်။ ကျနော်တို့ချင်းတော့ ညှိပြီးပါပြီ” ဟု ဗိုလ်မှူးချုပ်ဝေလင်းက ယမန်နေ့က ဆိုသည်။
ဒုတိယ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရမည့် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေသည် သဘောထား တင်းမာသူဟု လူသိများပြီး မကြာသေးခင်က လျှပ်တပြက် ဂျာနယ်ကို တရားစွဲဆိုခြင်းနှင့် မီဒီယာများကို ထောင်ချနိုင်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့သူ တဦးဖြစ်သည်။ ၎င်းသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ လူယုံတဦးဟုလည်း လူသိများသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကမူ ဒုတိယသမ္မတအဖြစ် သင့်တော်သူကို
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ရွေးချယ်ကြမည်ဖြစ်ပြီး မည်သူ့ကို ရွေးချယ်စေကာမူ ၎င်းအနေဖြင့်
ကျေနပ်ကြောင်း ဧရာဝတီသို့ ပြောဆိုသွားသည်။
ဧရာဝတီ(org)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment