နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံရေးပါတီ ၁၄ ခုနှင့်တွေ့
ဆုံမည်ဖြစ်ကြောင်းကို ဇူလိုင်လ ၂၂ ရက်နေ့က စက်မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ရထား ပို့ဆောင်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့က အဆိုပါနိုင်ငံရေး ပါတီများနှင့်
တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံမှုတွင်
ဝန်ကြီးနှစ်ဦးက နိုင်ငံရေးပါတီ ၁၄
ခုနှင့် နိုင်ငံတော်သမ္မတနှင့်
တွေ့ဆုံရာတွင် နိုင်ငံရေးပါတီများမှတင်ပြမည့် အကြောင်းအရာများနှင့်
စပ်လျဉ်း၍ ဆွေးနွေးမှုများကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
“၀န်ကြီးနှစ်ဦးက ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းတွေ၊ တိုင်းပြည်
ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လုပ် ဆောင်နေတဲ့အကြောင်းအရာတွေကို
ရှင်းပြတယ်။ နောက်ပြီး နိုင်ငံရေး ပါတီတွေဘက်ကလည်း သမ္မတကြီး နဲ့တွေ့ရင်
တင်ပြမယ့် အကြောင်းအရာတွေကို ပါတီတစ်ခုချင်းစီကနေ ဆွေးနွေးကြတယ်”ဟု
အဆိုပါတွေ့ ဆုံမှုသို့ တက်ရောက်ခဲ့သူ အမျိုးသား ဒီမိုကရေစီပါတီသစ်မှ
ပြန်ကြားရေး တာဝန်ခံ ကိုသန်းထွန်းက ပြောပြခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေး ပါတီ ၁၄ ခုတွေ့ဆုံမည့်ရက်ကို အတိအကျ
မသတ်မှတ်ရသေးသော်လည်း လာမည့် ရက်သတ္တနှစ်ပတ်အတွင်း
တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရ သည်။
တွေ့ဆုံမည့်နိုင်ငံရေးပါတီ ၁၄ ခုမှာ ရှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည်
သူ့ပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ခေတ်
သစ်ပြည်သူ့ပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးတိုင်းရင်းသားများကွန်ဂရက်၊
ချင်းတိုးတက်ရေးပါတီ၊ မြန်မာ အမျိုးသားကွန်ဂရက်ပါတီ၊ မတူကွဲ ပြားခြင်းနှင့်
ငြိမ်းချမ်းရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ မြန်မာ့ လူ့ဘောင်သစ်
ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များ
အဖွဲ့ချုပ်တို့ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရာတွင် အဆိုပါနိုင်ငံရေးပါတီများမှ
နိုင်ငံတော်အစိုးရနှင့် စတုတ္ထမဏ္ဍိုင် အကြား အငြင်းပွားမှုကိစ္စများကို
လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေး အဓိကရုဏ်း
များနှင့်ပတ်သက်၍ အားနည်းချက် များကိုလည်းကောင်း၊ မအောင်မြင်သော
အကျိုးတူပူးပေါင်းလယ်ယာ စနစ်ကိုလည်းကောင်း စသည့်အ ကြောင်းအရာများကို
တင်ပြဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။
“နိုင်ငံတော်အစိုးရနဲ့ စတုတ္ထ မဏ္ဍိုင်အကြားမှာ အငြင်းပွားမှု
ဖြစ်ပေါ်နေတဲ့ကိစ္စမှာ အစိုးရဘက်မှာ ကော စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေမှာပါ
အကျိုးမရှိပါဘူး။ စတုတ္ထမဏ္ဍိုင်ဟာ ၂၀၁၀ ရွေးကောက်ပွဲကာ လအတွင်းမှာ
ပြည်သူလူထုကို ရွေးကောက်ပွဲ မျက်စိဖွင့်ပေးခဲ့တဲ့တာဝန် ကျေတဲ့မီဒီယာတွေပါ။
အစိုးရနဲ့မီဒီယာကြားမှာ လက်ရှိဖြစ်နေတဲ့အမှုတွေကို ရုပ်သိမ်းပေးပါလို့
တောင်းဆိုချင်ပါတယ်။ ဒါဟာ ရှေ့နေတစ်ယောက်အနေနဲ့ တောင်းဆိုခြင်းမျိုး
မဟုတ်ဘဲ နိုင်ငံရေးသမားတစ်ယောက် အနေနဲ့ တောင်းဆိုခြင်းသာ ဖြစ်ပါတယ်”ဟု
အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောပါသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment