တရားမဝင် နိုင်ငံခိုးဝင်မှု၊ သစ်တောမှုဖြင့်
ထောင်ဒဏ် ချမှတ်ခံထားရသည့် ထိုင်းနိုင်ငံသား ၉၂ ဦးအနက် အချို့ကို
အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် လက်နက်မှု၊ မူးယစ်ဆေးဝါးမှုများဖြင့်
တနင်္သာရီတိုင်း၊
ကော့သောင်းခရိုင် တရားရုံးတွင် ထပ်မံရုံးထုတ် စစ်ဆေးခဲ့ကြောင်း တရားရုံးသို့ ကိုယ်တိုင်သွားရောက် နားထောင်ခဲ့ သူများက ပြောသည်။
အင်္ဂါနေ့တွင်
အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး တဦးကို လက်နက်မှုဖြင့်လည်းကောင်း၊
ဗုဒ္ဓဟူးနေ့တွင် အမျိုးသား ကိုးဦးနှင့် အမျိုးသမီး တဦးကို
မူးယစ်ဆေးဝါးမှုဖြင့် လည်းကောင်း အသီးသီး ရုံးထုတ်ခဲ့ပြီး ပြစ်ဒဏ်များကိုမူ
ချမှတ်ခြင်း မရှိသေးကြောင်း သိရသည်။
“စစ်တပ်ကို၊ မြန်မာနိုင်ငံကို
တော်လှန်ဖို့ သုံးစွဲတဲ့ လက်နက် မဟုတ်ဘူးပေါ့။ သူတို့ရဲ့ လုံခြုံရေးအတွက်
သူတို့ကိုယ်ကို ကာကွယ်ဖို့လောက်ပဲ ကိုင်တာ ဖြစ်တယ်ပေါ့။ အဲဒီလို ဝန်ခံတယ်”
ဟု လက်နက်မှု စစ်ဆေးရာတွင် တရားရုံးသို့ သွားရောက်နာကြားခဲ့သည့်
ကိုသန်းထွန်းက ပြောသည်။
တရားစွဲဆိုခံရသူများတွင် ကိုယ်စားလှယ်တဦး
ရှိပြီး ရှေ့နေ ငှားရမ်းထားခြင်း မရှိဘဲ မြန်မာ စကားပြန် နှစ်ဦး၏
အကူအညီဖြင့် စစ်ဆေးမေးမြန်းခြင်း ဖြစ်သည်ဟု ကိုသန်းထွန်းက ပြောသည်။
“သူတို့ဘက်က ပြန်ချေပတာ မရှိဘူး။ သူတို့ဘက်က ဝန်ခံတယ်။ သက်သေ
အထောက်အထားတွေလည်း ရှိတာကိုး” ဟု မူးယစ်ဆေးဝါးမှု ရုံးထုတ် စစ်ဆေးရာတွင်
သွားရောက် နာကြားသူ တဦးက ပြောသည်။
နှစ်နိုင်ငံမှ သံတမန်များ
ညှိနှိုင်းနေဆဲ ဖြစ်သည့်အတွက် ပြစ်ဒဏ် ချမှတ်ရန် အချိန်ဆွဲထားခြင်း
ဖြစ်နိုင်ကြောင်းနှင့် လာမည့်သီတင်းပတ် နှစ်ပတ်ခန့်တွင် ပြစ်ဒဏ်
ချမှတ်ဖွယ်ရှိကြောင်း ခန့်မှန်းကြသည်။
တနင်္လာနေ့တွင် ထိုင်းနိုင်ငံမှ
သံတမန်များ ကော့သောင်းမြို့သို့ ရောက်ရှိလာပြီး ထိုင်း-မြန်မာ
နယ်ခြားကော်မတီ တာဝန်ရှိသူတဦးဖြစ်သည့် ဦးဝီရဖြိုး မှတဆင့်
အမှုရင်ဆိုင်နေရသည့် ထိုင်းနိုင်ငံသားများအတွက် အကူအညီပေးရန်
စီစဉ်ထားခဲ့ကြောင်း သိရသည်။
ကော့သောင်းခရိုင်၊
ခမောက်ကြီးမြို့နယ်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက် နေထိုင်သည့် အထက်ပါ
ထိုင်းနိုင်ငံ သား ၉၂ ဦးကို ဇူလိုင်လ ၂၂ ရက်နေ့တွင် ကော့သောင်းခရိုင်
တရားရုံးက တရားမဝင် နိုင်ငံ ခိုးဝင်မှု၊ သစ်တောမှုတို့ဖြင့်
ထောင်ဒဏ် ၃ နှစ်ခွဲစီ အမိန့်ချမှတ်ခဲ့သည်။
၎င်းတို့ကို ကော့သောင်းမြို့အနီး ၉ မိုင် အကျဉ်းထောင်တွင် ဖမ်းဆီး ချုပ်နှောင်ထားဆဲ ဖြစ်သည်။
ရာဘာနှင့်
မူးယစ်ဆေးဝါး စိုက်ပျိုး လုပ်ကိုင်နေသည့် အထက်ပါ ထိုင်းနိုင်ငံသားများကို
ဇူလိုင်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် ကော့သောင်း အခြေစိုက် ခမရ ၄၃၁
တပ်ရင်းက လက်နက်နှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံအနေဖြင့်
မြန်မာတရားစီရင်မှု လုပ်ငန်းစဉ်တွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာသာနီ က
ပြောကြားထားသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment