Friday, August 03, 2012
အလုပ်သမားဆန္ဒပြမှု စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့အဆို လွှတ်တော်က ပယ်ချ
ရန်ကုန်တိုင်း အလုပ်သမား ဆန္ဒပြမှုတွေအတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဖို့ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးသိန်းညွှန့် တင်သွင်းထားတဲ့ အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်က ပယ်ချလိုက်ပါတယ်။
ပြည်သူ့လွှတ်တော်မှာ ဒီအဆိုကို ဆွေးနွေးကြပြီးနောက် မဲခွဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောပါတယ်။
"ဒီနေ့ ရန်ကုန်တိုင်းအလုပ်သမားရေးကိစ္စလေ၊ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ကျွန်တော်တင်တာ၊ ကျွန်တော့်အဆိုကို NLD က မကွေးလွှတ်တော်
ကိုယ်စားလှယ် ဦးမြင့်သိန်း ထောက်ခံတယ်။ နောက် NDF က အလုံလွှတ်တော် ကိုယ်စားလှယ် ကိုခိုင်မောင်ရည် ထောက်ခံတယ်။
နောက်စုံစမ်းရေး ကော်မတီ ဖွဲ့ဖို့ သဘောမတူတာက တောင်ဥက္ကလာပ ပြည်ခိုင်ဖြိုးပါတီက ဦးအောင်သိန်းလင်း၊ နောက်အဲဒီလိုပဲ ဝန်ကြီး
ကလည်း သဘောမတူဘူးပေါ့။ သဘောမတူတဲ့အတွက် လွှတ်တော်မှာ ဆွေးနွေးပြီးတော့ မဲခွဲတဲ့အခါမှာ
ကျွန်တော့် အဆိုကို ထောက်ခံတာက ၄၃ မဲ၊ ကန့်ကွက်တဲ့လူက ၂၈၈ မဲ၊ ကြားနေမဲ ၁၇ မဲနဲ့ ကျွန်တော့်အဆို အရေးနိမ့် သွားတယ်"
အလုပ်သမား ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေ အနေနဲ့ ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့
မလိုအပ်ကြောင်း ကန့်ကွက် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆွေးနွေးကြရာမှာ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေ မပါဝင်အောင် သတိပြု သုံးစွဲဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက
သတိပေး ပြောကြားကြောင်း သိရပါတယ်။
လွှတ်တော်မှာ NDF ပါတီ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က "၈၈ မျိုးဆက် ကျောင်းသား သူငယ်ချင်းများ"
လို့ သုံးနှုန်းခဲ့တဲ့ အတွက်လည်းကောင်း၊ ဦးသိန်းညွန့်က "ရှစ်လေးလုံး" လို့ သုံးနှုန်းခဲ့တာကြောင့် လည်းကောင်း အခုလို သတိပေး
ပြောကြားတာ ဖြစ်ကြောင်း သိရပါတယ်။
ဆုံနေကြ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment