ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ပြတိုက်ကို
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော် မြို့သစ်၊ ရန်ကုန်- ပုသိမ် လမ်းမကြီးဘေးရှိ
ပေ (၄ဝx ၁၂ဝ) မြေကွက်ပေါ်တွင် ဆောက်လုပ်သွားမည် ဖြစ်ပြီး စုစုပေါင်း
ငွေကျပ် သိန်း (၂၀၀၀) မျှ ကုန်ကျမည်ဟု ခန့်မှန်း ထားကြောင်း ဦးသန့်
ပြတိုက်နှင့် ရုပ်တု တည်ဆောက်ရေး အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော်
ပြောကြားခဲ့သည်။ ယခုအခါတွင် ဦးသန့်ပြတိုက် မြေနေရာကို သတ်မှတ်
လှူဒါန်းထားပြီး ဖြစ်ကြောင်းနှင့် ယခင် ဦးသန့် နေထိုင်ခဲ့သော
နေအိမ်နေရာတွင် ဆောက်လုပ်နိုင်ရေးအတွက် ဆွေးနွေးဆဲ ဖြစ်ကြောင်းလည်း သိရသည်။
ယင်းသို့ ဦးသန့်၏ ပြတိုက်ကို တည်ဆောက်နိုင်ရေး ကိစ္စနှင့် စပ်လျဉ်း၍
ဦးသန့်၏ သမီးနှင့် မြေးဖြစ်သူများ ထံသို့လည်း ဦးသန့်ပြတိုက် တည်ဆောက်ရေး
အဖွဲ့က ဆက်သွယ် အကြောင်းကြားမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဦးသန့် ပြတိုက်နှင့် ရုပ်တု တည်ဆောက်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ပြတိုက် တည်ဆောက်ရေးအတွက် လက်ရှိ
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန် ထမ်းဆောင်နေသူ မစ္စတာဘန်ကီမွန်းနှင့်
အမေရိကန်နိုင်ငံ သမ္မတ ဘာရက်အိုဘားမားတို့ ထံသို့လည်း ဆက်သွယ်သွားမည်
ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိ ကုလမဂ္ဂ အတွင်းရေးမှူးချုပ်
မစ္စတာဘန်ကီမွန်းနှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့က ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ပြတိုက် တည်ဆောက်ရေးတွင် ပံ့ပိုးမှုများ
ပေးလာပါက လက်ခံ သွားမည်ဟုလည်း ဦးသန့်ပြတိုက် တည်ဆောက်ရေး အဖွဲ့မှ
တာဝန်ရှိသူက ဆက်လက် ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း
ဦးသန့်သည် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ် အထိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
တာဝန်ကို သက်တမ်း နှစ်ဆက် ထမ်းဆောင်ခဲ့ပြီး၊ ၁၉၇၄ ခုနှစ်တွင်
ကွယ်လွန်ခဲ့ကြောင်း သိရသည်။ လတ်တလောတွင် ဦးသန့်ပြတိုက် တည်ဆောက်ရေးအတွက်
ပန်းတနော် မြို့နယ်၊ အသင်း (ရန်ကုန်) နှင့် ပန်းတနော် မြို့နယ်တို့တွင်
အလှူငွေများ လက်ခံလျက် ရှိပြီး၊ လာမည့် ၂၀၁၂ ခုနှစ် အတွင်း
ဦးသန့်ပြတိုက်ကို အပြီး တည်ဆောက် သွားရန် ရည်မှန်း ထားကြောင်းလည်း သိရသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment