ရန်ကုန်တိုင်း၊ တောင်ဒဂုံ စက်မှုဇုန် ၁ ရှိ
TE FEL ပီနန်အိတ် စက်ရုံမှ လုပ်သားများသည် လစာ တိုးမြှင့်ပေးမှု
နှုန်းထားများ မညီမျှမှုကို မကျေနပ်၍ အင်္ဂါနေ့ နံနက် ၁ဝ နာရီခန့်မှ စတင်
ဆန္ဒပြလျက်ရှိသည်။
အဆိုပါ စက်ရုံက ဝန်ထမ်းအသစ်များကို FEC ၁၅ ဒေါ်လာ
(ငွေကျပ် ၁၃,ဝဝဝ နီးပါး)ခန့် တိုးမြှင့်ပေးလိုက်သော်လည်း လုပ်သက်ရင့်
ဝန်ထမ်းများကိုမူ လုံးဝတိုးမပေးသည်ရှိသလို အများဆုံး FEC ၄ ဒေါ်လာ (ငွေကျပ်
၃,၅ဝဝ)ခန့်သာ တိုးမြှင့်ပေးသဖြင့် မကျေနပ်ကြခြင်း ဖြစ်သည်။ လုပ်သက်ရင့်
ဝန်ထမ်းများက ကျပ်ငွေ ၁၅,ဝဝဝ ခန့် တိုးမြှင့်ရရှိလို ကြသည်။
“ဒီလ လစာကတည်းက တိုးလိုချင်တယ်” ဟု ဆန္ဒပြ အလုပ်သမားတဦးက ပြောသည်။
ထို့ပြင်
“ကျနော်တို့ကိုတော့ လစာကို မြန်မာငွေ ထောင်ဂဏန်း လောက်ပဲ တိုးပေးတော့
ကျနော်တို့ ဒီစက်ရုံမှာ လုပ်သက်အများကြီး ရင်းထားရတာ အလကားပဲပေါ့” ဟု
လုပ်သက် ၁ဝ နှစ်နီးပါး ရှိသည့် လုပ်သားတဦးက ပြောသည်။
ဆန္ဒပြမှုကို တောင်ဒဂုံမြို့နယ် အလုပ်သမားဦးစီးဌာနမှ အရာရှိများက ဝင်ရောက် ညှိနှိုင်း ဖြန်ဖြေမှုများ ပြုလုပ်ပေး
နေသော်လည်း ညနေ ၄ နာရီ အချိန်အထိ ပြေလည်မှု မရရှိသေးပေ။
ထိုစက်ရုံမှ
အလုပ်သင် ဝန်ထမ်းတဦးသည် ပုံမှန်အားဖြင့် လစာငွေ ကျပ် ၃၂,ဝဝဝ ရရှိပြီး
လုပ်သက် ကိုးနှစ်ရှိ ဝန်ထမ်းတဦးလျှင် အချိန်ပိုလုပ်ခများနှင့် လစာရင်း
နှစ်ခုပေါင်း ငွေကျပ် ခြောက်သောင်းခန့် ရရှိသည်ဟု သိရသည်။
ဝန်ထမ်း
၎ဝဝ ကျော် ရှိသည့် အဆိုပါစက်ရုံသည် ၈ နာရီဆိုင်း သုံးဆိုင်းဖြင့် ၂၄ နာရီ
လည်ပတ်နေသည်။ လုပ်သက် အရင့်ဆုံးဝန်ထမ်းမှာ ၁၆ နှစ်ကြာလုပ်ခဲ့သူဖြစ်ပြီး
လုပ်သက် ၄ နှစ်၊ ၈ နှစ် နှင့် ၁ဝ နှစ်ရှိ ဝန်ထမ်းများလည်း ရှိသည်။
လစာများ ညီမျှစွာ တိုးမြှင့်မပေးမချင်း ဆန္ဒပြခြင်းကို ရပ်တန့်မည်မဟုတ်ဟုလည်း အလုပ်သမားများက ဆိုသည်။
ဤကဲ့သို့ စက်ရုံလုပ်သားများ ဆန္ဒပြမှုအပေါ် စက်ရုံ စီမံမန်နေဂျာ ကိုကျော်နိုင်ဦး က တစုံတရာ မှတ်ချက်မပြုလိုဟု ဆိုသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment