Friday, August 03, 2012
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် အတည်ပြု
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းတွင် အမျိုးသားလွှတ်တော် ကိုယ်စားများဆွေးနွေးသည့် အကြောင်းအရာများအား ဖြည့်စွက်ပြီး အမျိုးသားလွှတ်တော်က သြဂုတ်လ ၁ ရက်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းခဲ့ရာ အောက်ပါအတိုင်း သဘောတူညီခဲ့ကြပါသည်။
ဦးခင်မောင်ရီ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ မှ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍
၁။ ဤ ဥပဒေကြမ်း ပုဒ်မ ၂ ပုဒ်မခွဲ (က)တွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ရာ၌ အခွင့်အရေး တစ်စုံတရာ ရထိုက်သော ပုဂ္ဂိုလ်အား ထိုသို့ မရရှိအောင် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ပိတ်ပင်ဟန့်တားခြင်းလည်း အကျုံးဝင်စေရန်အတွက် ဥပဒေနှင့်မညီသော အခွင့်အရေးပေးရန်သော် လည်းကောင်း၊ ဥပဒေနှင်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်(သို့)ကြန့်ကြာရန် သော်လည်းကောင်း၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်ခြင်းကိုဆိုသည်ဟု ထပ်မံဖြည့်စွက်ရန် သဘောတူညီခဲ့ကြပါသည်။
၂။ ဤဥပဒေကြမ်း၏ ပုဒ်မ ၂ပုဒ်မ ခွဲ (ဂ) လာဘ်ပေးလာဘ်ယူမှုကြောင့် ကြွယ်ဝချမ်းသာလာမှုဆိုသည့် အဓိပ္ပာယ်ဖော်ပြချက်တွင် ကြွယ်ဝချမ်းသာလာခြင်းကို မူလအခြေအနေ တင်ပြထားသော ပိုင်ဆိုင်မှုထက် ပိုမိုများပြားလာခြင်းကို ထင်ရှားစေရန် ကြွယ်ဝချမ်းသာလာခြင်းဆိုသည့် စကားရပ်၏ရှေ့တွင် မူလအခြေအနေထက်ပို၍ ဆိုသည့်စာသားကို ဖြည့်စွက်ရန် ညှိနှိုင်းသဘောတူညီခဲ့ကြသည်။
၃။ ဤဥပဒေကြမ်း ပုဒ်မ ၂။ ပုဒ်မ ခွဲ (ဋ)ဘဏ်လုပ်ငန်းဆိုင်ရာ စာအုပ်စာတမ်းဆိုသည့် အဓိပ္ပာယ်ဖော်ပြချက်တွင် ခေတ်မီဘဏ်လုပ်ငန်းစနစ်တွင် ကွန်ပြူထာထိန်းချုပ်သော (Online Banking) စနစ်ပါဝင်ရေး ခြုံငုံမိစေရန် ကွန်ပျူတာ စာရင်းမှတ်တမ်းများ ပါဝင်သည်ဆိုသည့် စကားရပ်အား ထပ်မံဖြည့်စွက်ရန် သဘာတူညီခဲ့ပြီး ပုဒ်မ ၂ ပုဒ်မခွဲ (ဌ) ငွေကြေးဆိုသည့် အဓိပ္ပာယ်ဖော်ပြချက်တွင် ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့များက အသုံးပြုသော ငွေကြေးကဲ့သို့ သုံးစွဲနိုင်သော တန်ဖိုးသတ်မှတ်ထားသည့်ကတ်များ၊ ချက်လက်မှတ်များ အကျုံးဝင်စေရန်၊ မူလစာသား စာချုပ် စာတမ်း တစ်မျိုးမျိုး(သို့) လက်မှတ်များ၏နောက်တွင် အကြွေးဝယ်ကတ်ပြား၊ အလားတူကတ်ပြားနှင့် လက် ဆောင်ချက်လက်မှတ်များကို ဆိုသည်ဟု ထပ်မံဖြည့်စွက်ရန် သဘောတူညီခဲ့ကြပါသည်။
၎။ ဤဥပဒေကြမ်း ပုဒ်မ ၃ ပုဒ်မခွဲ ဃ)တွင် နိုင်ငံတော်ပိုင် ပစ္စည်းသာမက ဘဏ္ဍာတော်ငွေကိုပါ လာဘ်ပေးလာဘ်ယူမှုမှ အကာအကွယ်ပေးနိုင်ရန်အတွက် လာဘ်ပေးလာဘ်ယူမှုကြောင့် နိုင်ငံတော်ပိုင် ပစ္စည်းများစာသား၏နောက်တွင် နိုင်ငံတော်ဘဏ္ဍာနှင့် အခွန်အရပ်ရပ်ဟု ဖြည့်စွက်ရန် သဘောတူညီခဲ့ပြီး၊ ပုဒ်မ ၇ ပုဒ်မခွဲ (က)တွင် ကော်မရှင်နှင့်ကော်မရှင်၏ သက်တမ်းဆိုသည့် စကားရပ်အစား အဓိပ္ပာယ် တိကျမှန်ကန်စေရန်အတွက် ကော်မရှင်နှင့် ကော်မရှင် အဖွဲ့ဝင်များ၏ သက်တမ်းဟု ပြင်ဆင်ဖြည့်စွက်ရန် သဘောတူညီခဲ့ကြသည်။
၅။ ဤဥပဒေကြမ်း ပုဒ်မ ၇ ပုဒ်မ ခွဲ (ခ)တွင် ကော်မရှင်အဖွဲ့သည် ကော်မရှင်အဖွဲ့သစ်ကို ဖွဲ့စည်းခန့်အပ် တာဝန်ပေးပြီးသည့်အချိန်အထိဆိုသည့် စကားရပ်အစား ကော်မရှင်ဟုသာ အဓိပ္ပာယ်ဖွင့်ဆိုချက်ရှိသဖြင့် ကော်မရှင်သည် ကော် မရှင်အသစ်တစ်ရပ်ကို ဖွဲ့စည်းခန့်အပ် တာဝန်ပေးပြီးသည့်အချိန်အထိ ဟုပြင်ဆင်သတ်မှတ်ရန် သဘောတူညီခဲ့ကြပါသည်။
၆။ ဤဥပဒေကြမ်း ပုဒ်မ ၂၈ တွင် ဖော်ပြထားချက်အစား စွပ်စွဲခံပုဂ္ဂိုလ်၏ လုပ်ငန်းတာဝန်ရပ်ဆဲနိုင်ရန် ဌာနအဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်အတွက် ကော်မရှင်သည် စွပ်စွဲခံရသူအပေါ် တရားစွဲဆို အရေးယူရန် အကြောင်းပေါ်ပေါက်သည့် ကိစ္စရပ်၌လည်းကောင်း၊ လာဘ်ပေး လာဘ်ယူမှုကြောင့် ကြွယ်ဝချမ်းသာလာမှု ဖြစ်နိုင်ဖွယ်ရာရှိသည်ဟု ယုံကြည်၍ ပဏာမ စစ်ဆေးရေးအဖွဲ့နှင့် စိစစ်ရန် ဆုံးဖြတ်သည့် ကိစ္စရပ်၌လည်းကောင်း၊ စွပ်စွဲခံရသူမှာ လုပ်ပိုင်ခွင့် အာဏာရှိသူဖြစ်လျှင် ထိုသို့ဆုံးဖြတ်သည့်နေ့ရက်မှစ၍ ထိုစွပ်စွဲခံရသူအား ယင်း၏ လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်စေခြင်း မပြုရဟု ပြင်ဆင်ရေးသားရန် သဘောတူညီခဲ့ပါသည်။
ဦးလှဆွေ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)က ဆွေးနွေးသည့် ဥပဒေကြမ်း ပုဒ်မ ၂ ပုဒ်မခွဲ က တွင်ဖော်ပြခဲ့သည့် ပြဋ္ဌာန်းချက်များနှင့် အကျုံးဝင်ပါ၍ ပြင်ဆင်ချက်များကို သဘောတူခဲ့ပြီး ဦးဂျေယောဝူ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)ကလည်း ယင်းအနေဖြင့် ဥပဒေကြမ်းတစ်ရပ်လုံးကို ခြုံငုံဆွေးနွေးခြင်းသာဖြစ်ပြီး ပြင်ဆင်ချက်များကို သဘောတူညီခဲ့ကြောင်း သိရသည်။
ကော်မတီက လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီသည် မူလအစီရင်ခံစာတွင် တင်ပြခဲ့သည့် အခန်း(၁၀) ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်းတွင် ပြစ်ဒဏ်များအများ အနည်းအလိုက် အစီအစဉ် ကျနစေရန် ပြောင်းလဲသတ်မှတ်ခြင်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်သုံးဦး၏ ညှိနှိုင်းချက်များအား ဖြည့်စွက်ပြင်ဆင်ခြင်းများကို လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။
ဆုံနေကြ
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment