Sunday, July 29, 2012

ချင်းပြည်နယ် ဟားခါးမြို့ကို ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိ ငလျင်လှုပ်ခတ်

ချင်းပြည်နယ် ဟားခါးမြို့ကို ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိ ငလျင်လှုပ်ခတ်
မန္တလေး၊ဇူလိုင်-၂၉
ယနေ့ မြန်မာစံတော်ချိန် ၈နာရီ ၅၁မိနစ် ၃၀
စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက်
၁၃၅မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ဟားခါးမြို့၏
အရှေ့တောင်ဘက် ၁၄မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ချတာစကေး ၅.၈
အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခုလှူပ်ရှားသွားကြောင်

း
တိုင်းတာရရှိသည်ဟု မန္တလေးမြို့ရှိ မိုးလေ၀သမှတ်တမ်းနှင့် မြေငလျင်ဌာနမှ
သတင်းထုတ်ပြန်သည်။
ယင်းငလျင်လှုပ်ခတ်မှုအား မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ
လည်း ခံစားသိရှိလိုက်ကြသည်ဟု သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း တစ်မြို့လုံး လှုပ်ခတ်မှုရှိခဲ့
ကြောင်းနှင့် လှုပ်ခတ်ချိန်မှာ အနည်းငယ်သာကြာမြင့်သည်ဟု ဟားခါးမြို့မှ
ဒေသခံတစ်ဦးကပြောသည်။
“ခေါင်းမူးတယ်ထင်နေတာ. နှစ်ချက်လောက်လှူပ်သွားတယ်။
မုံရွာမှာလည်း လှူပ်တယ်ကြားတယ်။”ဟု မန္တလေးမြို့မှ အမျိုးသမီးတစ်ဦးက
ပြောသည်။

No comments:

Post a Comment

My Blog List