Tuesday, April 10, 2012

ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားအတွက် ရွေးချယ်ထားသူများကို ဒုတိယ အဆင့်လူတွေ့စစ်ဆေး

ဗိုလ်ချုပ်ဇာတ်ရုပ်အတွက်ပထမအဆင့် ရွေးချယ်ခဲ့ပြီးတဲ့၁၄ဦးအားဒုတိယအဆင့်လူတွေ့စစ်ဆေးခြင်းကိုတော့ဧပြီလ၇ရက် နေ့၊မနက်၁ဝနာရီကဓမ္မစေတီလမ်းရှိဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ရုံးခန်းမှာပြုလုပ်ခဲ့ပါတယ်။၁၄ယောက်မှာတစ်ယောက်ကလာရောက်ခြင်းမရှိလို့၁၃ ယောက်ကိုပဲဒုတိယအဆင့်လူတွေ့စစ် ဆေးခဲ့ကြပါတယ်။
ဒုတိယ အဆင့်လူတွေ့ စစ်ဆေးခြင်းကို ဦးညွန့်ဝင်း၊ ဒါရိုက်တာ ကြည်စိုးထွန်း၊ ဆရာချစ်ဦးညို၊ အောင်လွင်၊ ဇင်ဝိုင်း၊ လူမင်း၊ ဝေဠုေ ကျာ်၊ ဆွေဇင်ထိုက်၊ ဒါရိုက်တာအိအိခိုင်၊ ဒါရိုက်တာ ကြည်ဖြူသျှင် တို့က သရုပ်ဆောင်တစ်ဦးလျှင် မေးခွန်း ၃ခု စီမေးမြန်းခဲ့ကြပါတယ်။ ပထမဆုံး မေးခွန်းက တော့ မိမိရဲ့ကိုယ်ရေးရာဇဝင်ကို  ၂ မိနစ် အတွင်း ဟန်ပန်အမူအရာတွေနဲ့ စိတ်ဝင် စားဖွယ်ဖြစ်အောင်ပြောခြင်း၊ ဒုတိယ မေးခွန်း ကတော့ ဗိုလ်ချုပ်နဲ့ပတ်သက်ပြီး သူတို့ရင်ထဲ မှာရှိတဲ့ အကြောင်းအရာတစ်ခုခုကို ၂မိနစ် အတွင်းပြောခြင်း၊ တတိယမေးခွန်းကတော့ မိမိဖြတ်သန်းလာခဲ့တဲ့တစ်လျှောက်မှာကြုံ တွေ့ခဲ့ရတဲ့ ဝမ်းနည်းစရာ (သို့) ဝမ်းသာ စရာအဖြစ်အပျက်တွေကို ကိုယ်ဟန်အမူ အရာနဲ့ပြောခြင်းစသည့် အချက်တွေကို ကြည့်ပြီးအမှတ်များကို ပေးခြင်းဖြစ်ကြောင်း၊ သရုပ်ဆောင်ရွေးချယ်ရေး အဖွဲ့ မှ ဇင်ဝိုင်းက ပြောပါတယ်။ဗိုလ်ချုပ်နဲ့ ဘယ်လောက်တူသ လဲဆိုတဲ့အပေါ်မှာပဲ မူတည်ပြီးတော့ အမှတ် ပေးမှာဖြစ်ပြီး မေးခွန်း ၃ ခုစလုံးရဲ့ အမှတ် ပေါင်းကိုပဲယူမှာဖြစ်ေ ကြာင်း သိရပါတယ်။ “အဓိကကတော့ ဗိုလ်ချုပ်နေရာသရုပ် ဆောင်ရမှာဖြစ်တဲ့အတွက် ဗိုလ်ချုပ်နဲ့ ဘယ်လောက်တူသလဲဆိုတဲ့အပေါ်မှာမူတည် ပြီးပဲ အမှတ်ပေးပါတ ယ်။ နောက် သူ့ရဲ့ သရုပ်ဆောင်မှု၊ အမူအရာပိုင်းပေါ့။ သူသရုပ် ဆောင်သွားတဲ့အမူအရာပိုင်းကိုကြည့်ပြီး ကျွန်တော်တို့ကအကဲဖြတ်ပြီး အမှတ်ပေးပါ တယ်။သူ့ရဲ့ကဏ္ဍ အလိုက်ပေါ့။ ရုပ်ရည်ဆို ၁မှတ်ကနေ ၅မှတ်၊ အသံဆိုရင် ၁ မှတ်က နေ ၅မှတ်၊ ဟန်ပန်အမူအရာဆိုရင် ၁ မှတ်က နေ ၅မှတ်၊ အဲဒီလိုမျိုးပဲသွားပါတယ်။ ဒီဒုတိ ယအဆင့် လူတွေ့စစ်ဆေးမှုမှာတော့  ၁၃ ယောက်ထဲကနေ ကျွန်တော်တို့ ရသ လောက် ရွေးပါမယ်။ ရသလောက်ရွေးထားတဲ့ လူတွေထဲကနေ နောက်ဖိုင်နယ်အဆင့် ၃ဦးကို   ရွေးမှာပါ”လို့ပြောပါတယ်။ အဆိုပါ ဒုတိယအဆင့်  လူတွေ့စစ်ဆေးတဲ့ ၁၃ဦး ထဲမှာ ပါဝင်တဲ့ ပြည်ကြီးတံခွန်မြို့နယ်မှ မောင်ကျောက်ခဲကို လူတွေ့စစ်ဆေး အပြီး ဗိုလ် ချုပ်ဇာတ်ရုပ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ စိတ်လှုပ်ရှားမှုကို မေးမြန်းရာမေးခွန်းမှန် သမျှကို ကျွန်တော်ကြိုးစား ပြီးဖြေခဲ့ပါတယ်။ ပြည့်စုံချင်မှတော့ ပြည့်စုံ မယ်ပေါ့။ ဒါပေမဲ့   ဖြေတာ၊ မဖြေတာထက် ဒီအပေါ်မှာ ခံစားမှုလိုပါတယ်။ ဒီဇာတ်ကား  မှာ ဘယှ်နခအငသည ကပဲဖြစ်ဖြစ်၊ ဘယ်အပိုင်း ကပဲဖြစ်ဖြစ် ကျွန်တော့်ကိုသုံးသွားမယ်ဆို ရင် တောင် ဗိုလ်ချုပ်အတ္ထုပ္ပတ္တိဇာတ်ကားလေး အတွက် ကူညီလိုက်ရတယ်ဆိုပြီး ကျွန်တော် ကျေနပ်ပြီးပြန်သွားမှာပါ။ ဘယ်လိုအပိုင်းမှာ ပဲဖြစ်ဖြစ် ကျွန်တော် တာဝန်ေ ကျအောင်လုပ် မယ်လို့ ဆုံးဖြတ်ထားတယ်။ ဗိုလ်ချုပ်ရဲ့ အကြောင်းကို ရိုက်မယ်ဆိုကတည်းက ကျွန် တော် တအားစိတ်လှုပ်ရှားခဲ့တာပါ။ ဗိုလ်ချုပ် အတ္ထုပ္ပတ္တိကို ကိုယ့် လက်နဲ့ကိုယ်တိုင်ရေးတာ မဟုတ်ပေမယ့် ကျွန်တော့်ရဲ့ခန္ဓာကိုယ်နဲ့ ကျွန်တော်အထူးပြုပါမယ်လို့ ပြောချင်ပါ တယ်”လို့ ဆိုပါတယ်။ ဒုတိယအဆင့် လူတွေ့ စစ်ဆေးမှု မှ ရွေးချယ်ခံရတဲ့လူစာရင်းကိုတော့ မကြာမီရက်ပိုင်းအတွင်းမှာ ထုတ်ပြန်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
လင်းအက္ခရာ (ပေါ်ပြူလာဂျာနယ်)

No comments:

Post a Comment

My Blog List