Tuesday, April 10, 2012
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တည်ထောင်မည်
ဒေါ်အောင်ဆန်းစုကြည်ကသူမ၏မိခင်အမည်ဖြစ်သောဒေါ်ခင်ကြည်အမည်နှင့်ဖောင်ဒေးရှင်းတစ်ခုကိုဧပြီ၁၆ရက်တွင်ကျရောက်မည့် ဒေါ်ခင်ကြည်နှစ်(၁၀၀)ပြည့်၌တည်ထောင်ကာလူထုအကျိုးပြုလုပ်ငန်းများလုပ်ဆောင်သွားမည်ဟုအင်န်အယ်လ်ဒီမှပြောခွင့်ရှိသူဦးဉာဏ်ဝင်းကပြောသည်။
အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲပြုလုပ်သောဧပြီ၇ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ခင်ကြည်အမည်နှင့် ဖောင်ဒေးရှင်းထူထောင်မည်ဟု ပြောကြောင်း အဆိုပါအစည်းအဝေးသို့တက်ရောက်ခဲ့သူ ဇဗ္ဗူသီရိမဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူ ဒေါ်စန္ဒာမင်းက ပြောသည်။
“အခုတောင် ကျပ်သိန်းတစ်ရာနဲ့စနေပြီ” ဟုမင်္ဂလာတောင်ညွှန့်မြို့နယ်တွင် အနိုင်ရရှိခဲ့သော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကဆိုသည်။ ကူညီရေးအစီအစဉ်များကို ကော့မှူးမြို့နယ်မှ စတင်မည် ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအထိ လတ်တလောလိုအပ်ချက်များအား တတ်နိုင်သမျှကူညီသွားမည်ဟု လှည်းကူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးမင်းသိန်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏မိခင် ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ၁၉၄၂ ခုနှစ်စက်တင်ဘာ ၆ ရက်တွင် လက်ထပ်ခဲ့ပြီး ၁၉၆၀ တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရကာ ၁၉၈၈ ဒီဇင်ဘာ ၂၇ရက်တွင် ကွယ်လွန်ခဲ့သည်။
မြတ်လေးငုံ(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment