Monday, April 09, 2012
ဒီချုပ် ရခိုင်လက်နက်ကိုင်အဖွဲ့နှင့်တွေ့မည်
ရခိုင်ပြည်နယ်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက်ရန်ကုန်ကို ရောက်နေတဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(အေအယ်ပီ)ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လာမယ့်ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံမယ်လို့သိရပါတယ်။
ပါတီရဲ့ဒုဥက္ကဌဦးခိုင်စိုးနိုင်အောင်ဦးဆောင်တဲ့ရခိုင်ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာပြီးခဲ့တဲ့အပတ်ကတော့စစ်တွေမှာ ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီးအပစ်ခတ်ရပ်စဲရေးသဘောတူလက်မှတ်ထိုးနိုင်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့တွေ့ဆုံမှုဟာနှစ်ပေါင်း၄၀ကျော်ကြာနယ်စပ်မှာလက်နက်ကိုင်လမ်းစဉ်ကိုင်စွဲထားတဲ့ရခိုင်သူပုန်တပ်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ပထမဆုံးတွေ့ဆုံမှုဖြစ်လာဖို့ရှိပါတယ်၊
လွန်ခဲ့တဲ့နှစ်တွေကအများအားဖြင့်နေအိမ်အကျယ်ချုပ်ကျခံခဲ့ရတဲ့မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာတနင်္ဂနွေနေ့မှာလည်းကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ရန်ကုန်ကသူ့နေအိမ်မှာတွေ့ဆုံခဲ့ပါတယ်။
အလားတူဖေဖော်ဝါရီလအတွင်းကလည်းကရင်အမျိုးသားအစည်းအရုံးကနေခွဲထွက်အဖွဲ့တဖွဲ့ဖြစ်တဲ့ဗိုလ်ချုပ်ထိန်မောင်ခေါင်းဆောင်တဲ့အဖွဲ့ကိုလည်းရန်ကုန်နေအိမ်မှာပဲလက်ခံတွေ့ဆုံခဲ့ပါတယ်။
မြတ်လေးငုံ(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment