မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့်ဥရောပနိုင်ငံတို့၏ဒဏ်ခတ်ပိတ်ဆို့မှုများဆိုင်းငံ့သင့်ကြောင်းဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကယနေ့နေ့ခင်းပိုင်းရန်ကုန်တွင်ရောက်စဉ်ပြောကြားလိုက်သည်။
နံနက်ခင်းပိုင်းကနေပြည်တော်တွင်သမ္မတဦးသိန်းစိန်၊ထို့နောက်ရန်ကုန်တွင်ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီတွေ့ဆုံအပြီးယင်းသို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"မြန်မာပြည်အပေါ်ချမှတ်ထားတဲ့ဒဏ်ခတ်ပိတ်ဆို့တာတွေကိုဆိုင်းငံ့ဖို့အချိန်ရောက်ပြီလို့ကျနော်ယူဆပါတယ် ... ဆိုင်းငံ့ဖို့ ပြောတာနော်၊ အဆုံးသတ်ဖို့ပြောတာ မဟုတ်ပါဘူး" ဟု ဆိုသည်။
စစ်လက်နက်ပစ္စည်း ၀ယ်ယူမှု ပိတ်ပင်ခြင်းမှ အပ ကျန် ပိတ်ဆို့မှုများအား ဆိုင်းငံ့ထားသင့်သည်ဟု ဒေးဗစ်ကင်မရွန်းက ဆိုသည်။
"လက်ရှိအချိန်နဲ့ (ဦးသိန်းစိန်အစိုးရသက်တမ်းကုန်ဆုံးမယ့်) ၂၀၁၅ ကြားထဲမှာ ခရီးဆက်ရမှာ အရှည်ကြီး ကျန်နေသေးတယ်။ ပွင့်ပွင့်လင်းလင်း ပြောပါရစေ၊ လုပ်စရာတွေ အများကြီး အများကြီး ကျန်နေပါသေးတယ်" ဟု ဒေးဗစ်ကင်မရွန်းက ပြောဆိုကြောင်း သူ၏ မြန်မာ ခရီးစဉ် အကြောင်း တိုက်ရိုက် ရေးသား တင်ဆက်လျက် ရှိသည့် The Guardian သတင်းစာ အင်တာနက်စာမျက်နှာတွင် ရေးထားသည်။
နိုင်ငံတကာကလည်း မြန်မာပြည်က ပြုပြင်ပြောင်းလဲရေးအခြေအနေများနှင့် ပတ်သက်ပြီး တုံ့ပြန်ဆောင်ရွက်ရန် အချိန်ကောင်းဖြစ်သည်ဟု သူက ဆိုသည်။
မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်မှုများကို တုန့်ဆိုင်းခြင်း မရှိဘဲ အားပေးထောက်ခံသင့်သည်ဟု မြန်မာပြည် မရောက်ခင်ကပင် ဒေးဗစ်ကင်မရွန်းက ပြောဆိုခဲ့ပြီး ဖြစ်သည်။
သူ၏ ခရီးစဉ်အတွင်းမှာပင် ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က ကြေညာချက် ထုတ်ပြန်ရာ မြန်မာအစိုးရ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အားနည်းနေတာသည်ဟု ဆိုထားသည်။ ဒဏ်ခတ်ပိတ်ဆို့မှုများအား ရုပ်သိမ်းရန် အချိန်မတန်သေးကြောင်း တိုက်တွန်း ပြောကြားထားသည်။
သူ၏ မြန်မာပြည် အပါအ၀င် အာရှ ငါးနိုင်ငံခရီးစဉ်တွင် ကုန်သွယ် စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ လိုက်ပါသွားကြောင်း သိရသည်။
ဧရာဝတီ(Blog)
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment