ယနေ့(၁၁.၄.၂၀၁၂)ရက်နေ့ မြန်မာစံတော်ချိန်ညနေ(၃)နာရီ(၈)မီနစ်အချိန်ကအင်ဒိုနီးရှားနိုင်ငံ၊မြောက်ဆူမတြာကျွန်းရဲ့အနောက်တောင်ဖက်(၂၆၈)မိုင်အကွာပင်လယ်ပြင်အောက်ခံမြေပြင်ပေါ်တွင်အင်အားရစ်ခ်ျတာစကေး(၈.၇)ရှိအင်အားအလွန်ပြင်းထန်သောရေအောက်ငလျင်တစ်ခုလှုပ်သွားခဲ့ပါတယ်။
ဒါကြောင့် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ထားခဲ့ပါတယ်။
ယခင်(၂၆.၁၂.၂၀၀၄)ရက်နေ့နံနက်(၇)နာရီခွဲအချိန်တွင်အင်အား(၉.၀)ရှိသောရေအောက်မြေငလျင်လှုပ်ရှားသွားခဲ့ရာဆူနီမီရေလှိုင်းများဖြစ်ပေါ်မှုကြောင့်နိုင်ငံပေါင်း(၉)နိုင်ငံကိုထိခိုက်ခဲ့ရာလူ(၃)သိန်းကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်။မြန်မာနိုင်ငံမှာလည်းဆူနာမီရေလှို်းအမြင့်(၃.၅)မီတာ(၁၁ ပေ)ခန့်ရှိသောရေလှိုင်းများတက်ရောက်မှုကြောင့်လူ(၆၁)ဦးသေဆုံးခဲ့ရပါတယ်။အဲဒီအချိန်တုံးကကော့သောင်း၊မြစ်ဝကျွန်းပေါ်နှင့်ရခိုင်ကမ်းရိုးတန်းဒေသများကိုထိခိုက်ခဲ့ရပါတယ်။ ပထမဆုံးရေလှိုင်းကိုနံနက်(၁၁)နာရီခန့်တွင်ရောက်ရှိခဲ့သဖြင့်လှိုင်းရောက်ရန်ကြာချိန်(၃)နာရီခွဲခန့်ကြာမြင့်ခဲ့ပါတယ်။
လက်ရှိဆူနာမီအမြင့်ကို (၆)မီတာရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကမ်းခြေတလျှောက်တွင်နေထိုင်သူများအနေဖြင့်မိမိနေထိုင်ရာသို့ဆူနာမီရေလှို်းများလာရောက်ပါကကြိုတင်သိနိုင်သောအချက်များမှာ(၁)ပင်လယ်ရေများကျဆင်းသွားခြင်း၊(၂)ထိုကနောက် ရေလှိုင်းတက်သံများအော်မည်လာလေ့ရှိပါတယ်။အဆိုပါအချက်များတွေ့ရျိပါကအနည်းဆုံးအမြင့်(၁၀)မိတာ(၃၃ ပေ)ခန့်မြင့်သောနေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန်နှင့်ထိုနေရာတွင်အနည်းဆုံး(၃)နာရီခန့် ကြာအောင်နေထိုင်ကြရန်အကြံပြုပါတယ်။
ဒေါက်တာထွန်းလွင်
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment